ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးတည်ဆောက်မည့် ကုမ္ပဏီများကို ဖိတ်ခေါ်

hnm | 木曜日, 2月 13, 2014 |



ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ရင်းနှီးတည်ထောင်သူအဖြစ်ဆောင်ရွက် လိုသည့် ကုမ္ပဏီများကို ဖေဖော်ဝါရီလမှစတင်၍ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ တာဝန်ရှိသူက ဖေဖော်ဝါရီ ၁၀ ရက်တွင် မဇ္ဈိမကိုပြောသည်။
“ရေးဆွဲထားတဲ့အချိန်ဇယားအရ ဒီလအတွင်းမှာ ရင်းနှီးတည်ဆောက်မဲ့ကုမ္ပဏီကိုခေါ်ပြီး အောက်တို ဘာလမှာ ဘယ်သူတင်ဒါအောင်တယ်ဆိုတာ ကြေညာမှာပါ” ဟု တင်ဒါစိစစ်ရွေးချယ်မည့်အဖွဲ့အား အ ကြံပေးနိုင်ရန် ဖွဲ့စည်းထားသည့် အထူးစီးပွားရေးဇုန်အကြံပေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးအောင် ကျော်သန်းက ပြောသည်။
ထိုသို့ခေါ်ယူရာတွင် အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့က ရင်းနှီးတည်ဆောက်သူအဖြစ် လျှောက်ထား လာသောကုမ္ပဏီများ၏ စွမ်းဆောင်နိုင်မှုကို လေ့လာခြင်း၊ လျှောက်ထားသည့်ကုမ္ပဏီများ၏ စိတ်ဝင်စား မှုအပိုင်းကိုဖော်ပြရာတွင်ပါရှိရမည့် စံများသတ်မှတ်ခြင်း စသည်တို့ကို ဖေဖော်ဝါရီလမှ မေလအထိ ဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လမှစ၍ တင်ဒါရွေးချယ်ခြင်းကို စတင်ဆောင်ရွက်မည်ဖြစ်သည်။
“ဒီအထူးစီးပွားရေးဇုန်က ရခိုင်ပြည်သူလူထုအတွက် အဓိကလုပ်ဆောင်တာပါ၊ ဒါကို ရခိုင်လူထုအနေနဲ့ အမှန်မြင်ဖို့ လိုပါတယ်”ဟု ဦးအောင်ကျော်သန်းက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့နှင့် သုံးမိုင်ကျော်အကွာတွင်တည်ရှိပြီး၊ အထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရာတွင် မြေဧက ၁,၉၀၀ ကျော်ကို အသုံးပြုမည်ဖြစ်သည်။
ယင်းဧရိယာတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တွေနှင့် စည်မော်ကျေးရွာ နှစ်ရွာပါဝင်ပြီး အိမ်ထောင်စု ၃၉၀ ရှိသည်။
စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်နှင့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် မည်ဖြစ်သည်။
“စီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့လိုပါတယ်။ အဓိကကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က ကန့်ကွက်ရမှာပဲ” ဟု ကျောက်ဖြူ လူမှု ကွန်ရက်မှ ဦးထွန်းထွန်းနိုင်က မဇ္ဈိမကိုပြောသည်။
အထူးစီးပွားရေးဇုန်သည် ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် အထူးစီးပွားရေးဇုန်ကို ဒေသခံ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ လွတ်လပ်စွာလေ့လာစောင့်ကြည့်ခွင့်ရရန်လိုသည်ဟု ဒေသခံများက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အစိုးရ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီနှင့် ရခိုင်တိုင်းရင်းသား အများပိုင်ကုမ္ပဏီ အစုအဖွဲ့တို့က ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစ၍ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကေဇူး
Mizzima News

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ