မွတ်စလင်အစွန်းရောက်များက လုပ်ကြံခြင်းဖြစ်ဟု ရခိုင်ပါတီခေါင်းဆောင် ပြော

hnm | 金曜日, 2月 07, 2014 |



မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရခိုင်ခေါင်းဆောင်တွေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ လုပ်ကြံမှုဟာ ပြည်ပရောက် မွတ်စလင်အစွန်းရောက်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်တဦးက ရှင်းလင်းပြောဆိုလိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က သူတို့ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း သေနတ်ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံမှာ ဒီနေ့မနက်ပိုင်း သတင်စားရှင်းလင်းပွဲ ခေါ်ယူပြောဆိုလိုက်တာပါ။
ရခိုင်အမျိုးသားခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံမှာရှိတဲ့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ (ARRC) ရဲ့ ဖိတ်ကြားမှုနဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ရောက်ရှိပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ လိုက်လံပစ်ခတ်ခံရတာပါ။
မလေးရှားနိုင်ငံက ထောက်လှမ်းရေးတွေနဲ့ သူတို့ကိုလုံခြုံရေးပေးသူတွေ ပြောဆိုချက်အရ အခုလိုပြောနိုင်တာလို့ ဦးအေးသာအောင်က ပြောပါတယ်။
“မလေး ထောက်လှမ်းရေးတွေရဲ့ ပြောပြချက်အရ ဒီလုပ်ကြံမှုဟာ မပြေးသော် ကံရာရှိ ကျနော်တို့ မြန်မာနိုင်ငံကသွားတဲ့ အစ္စလာမ် ကိုးကွယ်တဲ့ အစွန်းရောက် ပုဂ္ဂိုလ်များရဲ့ လုပ်ကြံမှုလို့ အတိအကျ မပြောရင်တောင် အခုအချက်အရ ပြောနိုင်တယ်လို့ ကျနော်ပြောလိုပါတယ်။”
အဲ့ဒီခရီးစဉ်မှာ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပါအ၀င် ပါတီခေါင်းဆောင်တချို့ စီးနင်းလာတဲ့ မောင်တောကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီး တဦးတယောက်မှ ထိခိုက်ခြင်း မရှိပါဘူး။
ဒါဟာ မြန်မာပြည်က နိုင်ငံရေးပါတီခေါင်းဆောင်တွေ ပြည်ပမှာ ရောက်ရှိခိုက် တိုက်ခိုက်ခံရတာဖြစ်သလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ၇၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေခိုက်ဖြစ်ပါတယ်။
ဒီရက်ပိုင်း ရခိုင်ပြည်နယ်စစ်တွေမှာ ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်ထည်ဖော်ဖို့ လူထောင်ချီပါဝင်တဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြသလို HRW အဖွဲ့က ခေါင်းဆောင်ကလည်း ရိုဟင်ဂျာကို နိုင်ငံသားပေးဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။
ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ အမှုဖွင့်ထားပြီး မြန်မာရဲတွေကလည်း ပူးပေါင်းဆောင်ရွက်မှုရှိမယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
“အင်တာပိုဆိုတာ ရှိတယ်။ အင်တာပိုက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး လုပ်ပါလိမ့်မယ်။ မြန်မာရဲတပ်ဖွဲ့ကို ဟိုကလည်း မေးပါလိမ့်မယ်။ ဒီကလည်း လိုအပ်တာ စုံစမ်းလို့ရရင် မလေးရှား ရဲတပ်ဖွဲ့ကို သတင်းပေးပါလိမ့်မယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမယ်လို့ ကျနော် ယုံကြည်တယ်။ နောက် ဒေါက်တာအေးမောင်တို့ ဦးအေးသာအောင်တို့ မသွားခင် အီးမေးလ်တွေနဲ့ ခြိမ်းခြောက်ထားတဲ့ စာတွေရှိတယ်။ အဲဒီ စာတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုပ်ပါလိမ့်မယ်။ ဖြစ်တဲ့အနေအထားက မြန်မာပြည်ထဲမှာ မဖြစ်ပဲနဲ့ မလေးရှားမှာဖြစ်တဲ့အတွက် အမှုက မလေးရှားမှာပဲ ဖွင့်လို့ရတယ်။ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်သွားတာ။ ကိုယ့်ကံနဲ့ ကိုယ်သွားတာ။ ကံဆိုတာ အလုပ်ပဲ။ ကိုယ့်အလုပ်နဲ့ ကိုယ်သွားတာ။ ဘယ်ခြိမ်းခြောက်မှုမှလည်း မကြောက်ဘူး။ ဒီလိုမျိုး လုပ်ကြံခံရလို့လည်း ကျနော်မကြောက်ဘူး။”
နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ပြည်ပမှာ လုပ်ကြံမှုနဲ့ပတ်သက်လို့ ရဲတပ်ရင်များ ကွပ်ကဲရေးဌာန ရဲမှူးကြီး သက်လွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါ ဒီတရားခံတွေကို ဖော်ထုတ်ဖို့ တဖက်နိုင်ငံမှာ တာဝန်ရှိတယ်လို့ ပြောဆိုပါတယ်။
“အစိုးရ အဆင့်အရ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်။ ကန့်ကွက်ပြီးရင် ဒီလုပ်သွားတဲ့ တရားခံတွေကို ဖော်ထုတ်ဖို့ တောင်းဆိုရမယ်။ နိုင်ငံသားတယောက်ကို ကာကွယ်တယ်ဆိုတာ ဒီလိုတွေ လုပ်ရမယ်။ ကျနော်တို့ ပြည်တွင်းဥပဒေနဲ့ အဲဒီ ပြစ်မှု ကျူးလွန်တဲ့ သူတွေကို သွားပြီး ဖော်ထုတ်ဖမ်းဆီး အရေးယူလို့ မရဘူး။ သူတို့နိုင်ငံရဲ့ တည်ဆဲ ဥပဒေနဲ့ပဲ ဆိုင်မှာပေါ့။ နိုင်ငံတကာမှာလည်း ဥပဒေနဲ့ အကာအကွယ်ပေးရမယ်။ မလေးသံရုံးက တာဝန်ရှိတဲ့ သူတယောက်ကို ခေါ်ပြီး ဒါကို ကန့်ကွက်ရမယ်၊ ဖော်ထုတ်ရမယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဖော်ထုတ်အရေးယူပေးဖို့ ပြောရမယ်။ အမျိုးသားရေး အမြင်နဲ့ဆိုရင် နိုင်ငံသား တယောက်က ဘယ်နေရာပဲဖြစ်ဖြစ် ဥပဒေရဲ့ အကာအကွယ်အောက်မှာ ရှိရမယ်လေ။”
DVB


ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်လယ်က ရခိုင်အမျိုးသမီးငယ်မသီတာထွေး မုဒိန်းကျင့်ဓါးထိုးသတ်ဖြတ်ခံရခြင်းကနေစတင်ကာ   ရခိုင်လူမျိုးတွေရဲ့  နှစ်ပေါင်းများစွာထိမ်းချုပ်လာခဲ့ရတဲ့ ခံပြင်းမှု့များပေါက်ကွဲခဲ့ရပါတယ်။မြန်မာနိုင်ငံသားတိုင်းရင်းသားများမှ အစ္စလမ်ဘာသာဝင်များမြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ ကျူးကျော်ဘင်္ဂါလီများအား တတိယနိုင်ငံသို့ပို့ပေးရန်၊ လက်ရှိလွှတ်တော်အတွင်းရှိကျက်သရေမဲ့ မွတ်ဆလင်လောက်ကောင်များနှင့် ၄င်းတို့အားထောက်ခံအားပေးနေသူများကို အမျိုးသားလုံခြုံရေးနှင့် အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် အမြန်ဆုံးထုတ်ပယ်ပေးရန် လိုလားနေကြပါတယ်။
BCJP


Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ