ရခိုင်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဘို့ကြိုးစားတာဟာ မြန်မာခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဘို့ကြိုးစားတာနဲ့အတူတူဘဲ။




ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒေါက်တာ အေးမောင် တို့နှင့် အဖွဲ့ဝင်ခြောက်ဦးပါရှိသော အဖွဲ့သည် မလေးရှားရောက် ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဖိတ်ကြားချက်ဖြင့် ဇန်န၀ါရီလ ၂၈ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အဖွဲ့အား ဖေဖော်ဝါရီလ ၅ရက် မလေးရှားစံတော်ချိန် ည ၁၁နာရီ ၂၀မိနစ်က သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရခြင်းလည်းဖြစ်သည်။



