ကျောက်ဖြူ အထူးစီးပွာရေးဇုန်အတွက် စင်ကာပူအကြံပေး ကုမ္ပဏီကို ငှားရမ်း

hnm | 火曜日, 3月 04, 2014 |



ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် အကြံပေးကုမ္ပဏီ (Consulting Firm) အဖြစ် စင်ကာပူအခြေစိုက် ကုမ္ပဏီ CPG (Creative Professional Groups) အား ကန်ဒေါ်လာ၂ ဒသ မ ၄ သန်းဖြင့် ငှားရမ်းလိုက်ပြီ ဖြစ်သည်ဟု ကျောက်ဖြူ စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ၏ တွဲဖက်အတွင်း ရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။
မတ်လ ၃ ရက်တွင် ပြုလုပ်သည့် အကြံပေးကုမ္ပဏီ ခေါ်ယူပြီးစီးမှု သတင်းစာရှင်းလင်းပွဲတွင် ယင်းကပြောကြားခဲ့ခြင်းဖြစ်ကာ အရန်အကြံပေးကုမ္ပဏီအဖြစ် စင်ကာပူကုမ္ပဏီ တစ်ခုဖြစ်သည့် KPMG ကုမ္ပဏီအား ရွေးချယ်ထားသည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် တည်ဆောင်ရန်အတွက် နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူ (Developer) တင်ဒါ ခေါ်ယူရေးလုပ်ငန်းများတွင် အကြံပေး ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အကြံပေး ကုမ်္ပဏီအုပ်စု၁၇စုအနက်မှ ဃဏွ ကုမ်္ပဏီ အား ရွေးချယ်ထားခြင်း ဖြစ်သည်။
ကျောက်ဖြူ စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ၏ အတွင်းရေးမှူး ဦးမြင့်သိန်းက “ နိုင်ငံတကာစံညွှန်းနဲ့အညီ အကြံပေးကုမ္ပဏီ အုပ်စုတွေထဲက CPG အုပ်စုကို ရွေးချယ်ထားတယ်။ အကြံ ပေးကုမ္ပဏီကို Developer ရွေးချယ်စိစစ်တဲ့အထိပဲ ငှားရမ်း ထားပါတယ်” ဟုပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အစီအစဉ်မှာ ကန်ဒေါ်လာ သန်း ၂၂၇ ခန့်မှန်း ကုန်ကျမည်ဖြစ်သော ကြောင့် နိုင်ငံတကာစံညွှန်းအရ ခန့်မှန်းစရိတ်၏ ငါးရာခိုင်နှုန်းကို အကြံပေးကုမ္ပဏီအနေဖြင့် ခံစားခွင့် ရှိသည်ဟု ယင်းက ဆိုသည်။
CPG ကုမ္ပဏီအုပ်စုသည် ကုမ္ပဏီ လေးခု စုပေါင်းပါဝင်ထားပြီး မြေယာကဏ္ဍ၊ ရေနက်ဆိပ်ကမ်း တည် ဆောက်ရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍများအတွက် ရင်းနှီးတည်ဆောက်မည့်သူ (Developer) တင် ဒါ ရွေးချယ်ရာတွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အား အဆင့် လေးဆင့်ဖြင့် အစီအစဉ်ရေးဆွဲကာ အကောက်အထည်ဖော် ရာတွင် ပထမအဆင့်ဖြစ်သည့် စိတ်ကူးအစီအစဉ် (Con-ceptual Plan) ကိုပြည်တွင်း၊ ပြည်ပ စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ဒေသခံများ၏ အကြံပြုချက် လုပ်ငန်းများဖြင့် ၂၀၁၂ မှ ၂၀၁၃ နှစ်လယ်ပိုင်း အထိ ဆောင်ရွက်ခဲ့သည်။ ဒုတိယအဆင့်အနေဖြင့် အကြံပေးကုမ္ပဏီကို အိတ်ဖွင့်တင်ဒါဖြင့် ခေါ်ယူရွေး ချယ်ခဲ့ပြီးဖြစ်ကာ နောက်တစ်ဆင့်အဖြစ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော်တည် ဆောက်ရန်အတွက် နိုင်ငံတကာ ရင်းနှီးတည်ဆောက်သူ (Developer) တင်ဒါခေါ်ယူမည် ဖြစ်သည်။
နောက်ဆုံး အဆင့်အနေဖြင့် နှစ်ကုန်ပိုင်းခန့်တွင် စီမံကိန်းများစတင်နိုင်မည်ဖြစ်သည်ဟု တင်ဒါခေါ်ယူရေး နှင့် စိစစ်ရွေးချယ်ရေးကော်မတီ၏ တာဝန်ရှိသူများကပြောသည်။ ကျောက်ဖြူ စီးပွားရေးဇုန်သည် ဈေးကွက် ကြီးသုံးခုဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဒေသတွင်းအာဆီယံနိုင်ငံများ အလယ်တွင် မဟာဗျူဟာကျလျက်ရှိပြီး မြန်မာ့စီးပွားရေးသာမက ဒေသတွင်း နိုင်ငံများအတွက်ပါ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အကောင်းဆုံး စီမံကိန်းတစ်ခု ဖြစ်သည်ဟု ကျောက်ဖြူစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ပထမအဆင့်အနေဖြင့် ဒေါ်လာသန်း ၂၂၇ သန်းဖြင့် မြေဧကတစ် ထောင်ကျော်တွင် စတင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ အစိုးရ၊ တင်ဒါအောင်မြင်သည့် ရင်းနှီး တည်ဆောက် သည့် (Developer)နှင့် အများပိုင်ကုမ္ပဏီများ ပါဝင်သည့်စုအဖွဲ့တို့ဖြင့် အထူးစီးပွားရေးဇုန်ကို အကောင် အထည် ဖော်မည် ဖြစ်သည်။

 သီဟကိုကို
Mizzima News

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ