စီးပွားရေးလုပ်ငန်းများမှ လူမှုရေးအကျိုးသက်ရောက်နိုင်မှုများကို သုတေသနပြုမည်

hnm | 月曜日, 3月 17, 2014 |



မန္တလေးမြို့ရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများမှ လူမှုရေးအကျိုးသက်ရောက်မှုနှင့် သာယာဝပြောမှုများကို မည်သို့ အထောက်အကူပြုနိုင်မည် ဆိုသည်ကို သုတေသနပြုစုသွားမည်ဖြစ် ကြောင်း အင်္ဂလန်နိုင်ငံအခြေစိုက်Overseas Development Institute (ODI) မှ တာဝန်ရှိသူတစ်ဦးဖြစ် သော Mr.William Smith က ပြောသည်။
မတ်လ ၁၄ ရက်က မန္တလေး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့မှ ကျောက်မျက်ရတနာ၊ ဆောက်လုပ်ရေး၊ အစားအစာနှင့် ဖျော်ရည်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်း စသည့်နယ်ပယ်များမှ လုပ်ငန်းရှင်ပေါင်း ၅၀ ကျော် တက်ရောက် ဆွေးနွေးကာ ၎င်းတို့ဆွေးနွေးသည်များမှ အချက်အလက်များကို စုဆောင်း၍ သုတေသနပြုသွားမည်ဖြစ် သည်။
ယင်းသုတေသနတွေ့ရှိချက်များအရ စီးပွားရေးလုပ်ငန်းများမှ လူမှုရေးအကျိုးသက်ရောက်မှုများ၊ သာ ယာဝပြောမှုကို အထောက်အကူပြုနိုင်မည့် အချက်အလက်များကို လုပ်ဆောင်ပေးသွားရန် အစီအစဉ်ရှိ ကြောင်း ၎င်းက ဆိုသည်။
၎င်းတို့အဖွဲ့အစည်းက သုတေသနတွေ့ရှိချက်များအရ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်ချက်များကို ထောက်ပံ့ကူညီပေးရန် အင်္ဂလန်နိုင်ငံမှ အလှူရှင်များထံ တင်ပြပေးသွား မည်ဟု ၎င်းတို့အဖွဲ့မှ Mr. Jared Bissinger က ပြောသည်။
“ODI က အလှူရှင်အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။ အလှူရှင်တွေနဲ့ လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေကို ချိတ်ဆက်ပေးမယ့် ပေါင်းကူးအဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့အဖွဲ့အစည်းသည်Business Exchange Project အမည်ရှိ ယခုအစီအစဉ်ကို မြန်မာ၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက် လျက်ရှိသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်း များလာခြင်း၊ ကျွမ်းကျင်လုပ် သားလိုအပ်ချက် များလာခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် အလုပ်အကိုင် များလာခြင်း တို့ကို လက်တွေ့သိမြင်ရမည်ဖြစ်သည်။
မန္တလေးစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) ၏ ညီနောင်အသင်း၂၂ သင်းခန့်ရှိရာ ၎င်းအသင်းများနှင့်လည်း တွေ့ဆုံဆွေးနွေးကာ သတင်းအချက်အလက်များ စုဆောင်းသွားမည်ဖြစ်သည်။

Mizzima News

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ