SMEs ဥပဒေ အတည်ပြုနိုင်ရန် အမြင်ကွဲလွဲမှုများကို ညှိနှိုင်းနေ

hnm | 月曜日, 3月 17, 2014 |



အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ SMEs ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ဖြည့်စွက်ချက် များအပေါ် အမြင်ကွဲလွဲမှုများရှိနေသောကြောင့် ယခုရက်သတ္တပတ်အတွင်း လုပ်ငန်းရှင်များနှင့် ဆွေးနွေး သွားမည်ဟု အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာန၏ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက မဇ္ဈိမကို ပြောသည်။
ယခုကျင်းပလျက်ရှိသည့် န၀မအကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအား အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိ ပြီး ဥပဒေတွင်ပြဋ္ဌာန်းမည့် အချက်အလက်အချို့အပေါ် အမြင်ကွဲလွဲချက်များကို လုပ်ငန်းရှင်များနှင့် အစိုး ရမှတာဝန်ရှိသူများ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ပြီး အမြန်ဆုံးအတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု ဒေါ်အေးအေးဝင်းက ပြောသည်။
ဒေါ်အေးအေးဝင်းက ဥပဒေကြမ်းကို တရားဝင်ထုတ်ပြန်ပြီနောက်မှာ အဓိပ္ပာယ်ဖော်ပြရှင်းလက်ချက်မှာ နည်းနည်း ထပ်ဖြည့်ထားလို့ ပြောင်းလဲမှုတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ အမြင်ကွဲလွဲမှု အနည်းငယ်ရှိပါ တယ်။ အမြင်ကွဲလွဲတဲ့အပေါ်မှာ ပြန်လည်ဖြေရှင်း ဆောင်ရွက်နေပါတယ်ဟု ပြောသည်။
ဒေါ်အေးအေးဝင်းက SMEs ဥပဒေကို နိုင်ငံတကာမှာကျင့်သုံးနေတဲ့ လမ်းကြောင်းအတိုင်းပဲ ရေးဆွဲထား ပါတယ်။ ထူးခြားတာတစ်ခုမှ မပါပါဘူး။ ဒီတစ်ပတ်အတွင်း ဥပဒေအပေါ် ဆွေးနွေးမှုတွေကို ပြီးပြတ်သွား တယ်ဆိုရင်တော့ အခုကျင်းပတဲ့လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်မယ်။ မပြီးပြတ်သေးရင်တော့ မမီနိုင်သေးဘူး ပေါ့ဟု ပြောသည်။
ဥပဒေကြမ်းပါ အကျိုးခံစားခွင့်များကို ရရှိနိုင်ရန်အတွက် အသေးစားနှင့် အလတ်စား ဗဟိုဌာနတွင် မှတ် ပုံတင်စေခြင်းမှာ အချိန်နှင့် ငွေကြေးကို ပိုမိုကုန်ကျစေမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်း များအားလုံးသည် စည်ပင်သာယာမှ လိုင်စင်ယူထားသည်ဖြစ်စေ၊ ၀န်ကြီးဌာနတစ်ခုခုမှ လိုင်စင်ယူသည် ဖြစ်စေ ဥပဒေပါအကျိုးခံစားခွင့်များကို ရရှိသင့်သည်ဟု အကြုံပြုထားကြောင်း မြန်မာ့ဖွံဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၊ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖြစ်သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ သိရသည်။

သီဟကိုကို
Mizzima News

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ