လုပ်ငန်းရှင်များအား မျှတသည့်ကာကွယ်မှုပေးရန် အရည်အသွေးနှင့် လုံခြုံမှုဆိုင်ရာ ဥပဒေများရေးဆွဲနေ

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား မျှတသည့်ကာကွယ်မှုပေးနိုင်ရန် အရည်အသွေးမမီသည့် ကုန် ပစ္စည်းများအား ပိတ်ပင်တားမြစ်သည့် ဥပဒေ (Anti- dumping Law) နှင့် ကုန်ပစ္စည်း လုံခြုံစိတ်ချရမှုဆိုင် ရာဥပဒေ (Safe-Guard Law) တို့ ရေးဆွဲနေသည်ဟု စီးပွားရေးကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဦးဝင်းမြင့်က ပြောသည်။
ထို့အပြင် ပို့ကုန်ဖွံ့ဖြိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပို့ကုန်ထွန်းကားလာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် ပို့ကုန်ဥပဒေကိုလည်း ရေးဆွဲနေသည်ဟု ၎င်းက နေပြည်တော်ရှိ စီး/ကူး ၀န်ကြီးဌာန၌ ယခုလ ၂၅ ရက်က ၀န်ထမ်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာ မောင်မောင်စိုးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန၏ အထက်ပါဥပဒေများ ရေးဆွဲခြင်းသည် ကောင်းမွန်သော်လည်း မိမိနိုင်ငံရှိ ကုန်ပစ္စည်းများ၏ အရည် အသွေးကိုလည်း ကောင်းမွန်စေရန် ပြုလုပ်သင့်သည်ဟု အကြံပြု ထောက်ပြပြောဆိုခဲ့သည်။
သို့သော် ပြည်ပနိုင်ငံများမှ အန္တရာယ်ရှိသည့် အစားအသောက်များ၊ ဆေးဝါးများစသည်တို့ကို အမှန်တကယ် ပိတ်ပင်နိုင်ပါက အကျိုးရှိမည်ဟုလည်း ဆက်လက်ပြောကြားသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကံဦး ရပ်ကွက်ရှိ ကလေးနှစ်ဦးဖခင်က တရုတ်နိုင်ငံမှ ၀င်ရောက်လာ သည့် ရက်လွန်မုန့် ပဲသရေစာများ၊ အချိုရည်များသည် များစွာဝင်ရောက်နေသဖြင့် သား၊ သမီးများအား မစားမိစေရန် များစွာ ဂရုပြုနေရသည်ဟု ဆိုသည်။
“တရုတ်မုန့်တွေက ဈေးသက်သာတယ်။ အပြင်အဆင် လှတော့ ကလေးတွေက မက်မော ကြတယ်။ ဒါ ပေမဲ့လည်း ဆေးဝါးရက်လွန်တွေကိုတော့ တားမြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ပြည်တွင်းလုပ်ငန်းရှင်တွေက ထုတ်လုပ်တဲ့ မုန့်တွေထဲမှာလည်း အရည်အသွေး ညံ့တဲ့ ဆီတွေနဲ့ လုပ်ထားတဲ့ မုန့် တွေအများကြီးပဲ” ဟု အထက်ပါ ကလေးနှစ်ဦးဖခင်က မှတ်ချက်ပြုသည်။
ထို့ပြင် Safe-Guard Law ရေးဆွဲခြင်းသည် ကောင်းမွန်ပြီး စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကဲ့ သို့သော ဥပဒေများလည်း ရေးဆွဲသင့်သည်ဟု ၎င်းက အကြံပြုသည်။
ဝင်းကိုကိုလတ်
Mizzima News
Category: bcjpnoa, bcjpnob, News, winnaingoo