မြန်မာ့စီးပွားရေး အခွင့်အလမ်းပေါ်ထွန်းချိန် ရောက်ရှိဟု သုတေသီများဆို

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် မြန်မာနိုင်ငံ၏ အခြေအနေများ ပြောင်းလဲလာခဲ့ပြီး စီးပွားရေး ဖြေလျှော့မှုများကိုပါ ဆောင်ရွက်ပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ မြင့်မားလာသည်ဟု ဘန် ကောက်ပို့စ် သတင်းစာကို ဧပြီလ ၂၆ ရက်တွင် ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI အတွက် ပင်မဆွဲအားမှာ ခိုင်မာသည့်စီးပွားရေး အခွင့်အလမ်းများကို ဖြစ်ထွန်းနေပြီးဖြစ်သည်ဟုလည်း နိုင်ငံတကာဆန်းစစ်သူများက ပြောသည်ဟုလည်း ဘန်ကာက်ပို့စ်သတင်းက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်မှုသည် ယခင် ၂၅ နှစ်တာကာလစုစုပေါင်း ပမာဏနှင့် ညီမျှနေသည်ဟု ရန်ကုန်အခြေစိုက် မြန်မာဖွံ့ဖြိုးမှု အရင်းအမြစ်အဖွဲ့အစည်းမှ သုတေသန ဥက္ကဋ္ဌ ဦးဇော်ဦးက ပြောသည်ဟုလည်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
အလုပ် လုပ်ကိုင်နိုင်သည့် လူငယ်လူရွယ်ဦးရေ များပြားခြင်းနှင့် အာရှစီးပွားရေး အင်အားကြီး အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံကြား တည်ရှိနေခြင်းတို့က မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်သည် ဟု ၄င်းကပြောသည်။
၎င်းပြင် သဘာဝအရင်းမြစ်မှ ခွာဖွယ်၍ FDI ကို အသုံးချရမည်မှာ စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်ဟုလည်း ဦးဇော်ဦးက ပြောသည်။
“ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်ပေးသွားရမှာ ဖြစ်တယ်။ အဲဒီလုပ်ငန်းနယ် ပယ်တွေက ပိုပြီး အကျိုးဖြစ်ထွန်းစေနိုင်မှာမို့ပါပဲ” ဟု ဦးဇော်ဦးက ဆိုသည်။
စီးပွားရေး ဖြေလျှော့မှုပေးပြီးနောက် မြန်မာစွမ်းအင်ကဏ္ဍမှာ အစပျိုးအဆင့်မှာရှိနေကြောင်း DNV-GL ရေနံ နှင့် သဘာဝဓာတ်ငွေ့မှ အရှေ့တောင်အာရှဆိုင်ရာဒေသ မန်နေဂျာနှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ Ernt Meyer က ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။
“အချိန်တော့ ယူရဦးမှာပါ။ ဒါပေမဲ့ အလားအလာ ကောင်းတယ်လို့တော့ ယူဆပါတယ်”ဟုMeyer က ဆိုခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
Mizzima News
Category: bcjpnoa, bcjpnob, News, winnaingoo