သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဘူးသီးတောင်မောင်တောရှိ ဘင်္ဂါလီများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့် တွေ့ဆုံ

hnm | 火曜日, 4月 29, 2014 |



ဘင်္ဂါလီများအား သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့် ဧပြီ ၂၇ ရက်က ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်ကို ကွက်လပ်ထား၍ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း ဘင်္ဂါလီများအား ဆွေးနွေးပြောကြားခဲ့သည်။ မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် ဘင်္ဂါလီများက ၎င်းတို့ထည့်လိုသည့် လူမျိုးအမည်အား ထည့်သွင်းကောက်ခံခြင်းမရှိ၍ သန်းခေါင်စာရင်းမေးခွန်းများအား ဖြေကြားရန် ငြင်းဆန်ခဲ့ခြင်းကြောင့် နည်းပညာနှောင့်နှေးမှုဟုဆိုကာ နောက်ထပ်ရှစ်ပတ် စောင့်ဆိုင်းကောက်ယူနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘင်္ဂါလီများအနေဖြင့် သန်းခေါင်စာရင်းတွင် လူမျိုးအမည်ကို ချန်လှပ်ကာ ကောက်ခံခြင်းများရှိနေကြောင်းနှင့် လူဦးရေ ၆၀၀၀ ခန့် ကောက်ယူရရှိပြီဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဘင်္ဂါလီအများစုရှိနေသည့် မောင်တောခရိုင်အတွင်း ဆက်လက်ပြီး သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂါလီလူမျိုး ၅၀ ဦးနှင့် မောင်တောမြို့နယ်၊ ရပ်ကွက်ငါးခုမှ ဘင်္ဂါလီလူမျိုး ၅၀ ဦးအား လ၀ကဒုဝန်ကြီးက တွေ့ဆုံရှင်းလင်းခဲ့ကာ ဘင်္ဂါလီများအား ကုဒ်နံပါတ် ၉၁၄ ဘေးတွင် ကွက်လပ်ထားကာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး မေ ၅ ရက် နောက်ဆုံးထား အဖြေပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မတ် ၃၀ ရက်မှ စတင်၍ ၁၂ ရက်ကြာ ဆောင်ရွက်ခဲ့ရပြီး ၁၀ ရက် ညနေ ၆ နာရီအထိ အိမ်ထောင်စု ၁၀၇၁၉၈၈၇ စု ကောက်ယူပြီးစီးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် အိမ်ထောင်စု ၄၅၉၂၁၇ စု ကောက်ယူရရှိခဲ့ကြောင်း သိရသည်။

EMG

Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ