တစညပါတီ၏ ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို သင်္ကြန်အပြီးနောက်ပိုင်းမှသာ ပြုလုပ်သွားမည်

တစညပါတီ စတင်ထူထောင်ချိန်ကတည်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးထွန်းရီသည် ဧပြီ ၄ ရက်က ကွယ်လွန်သွားခဲ့သောကြောင့် ဥက္ကဋ္ဌသစ်ရွေးချယ်ခြင်းကို ပါတီစည်းမျဉ်းများနှင့်အညီ ပြုလုပ်သွားမည်ဟု ဦးဟန်ရွှေက ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများရှိသည့်အတွက် ဥက္ကဋ္ဌသစ်ရွေးချယ်မှုကို အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်သော်လည်း ဗဟိုကော်မတီဝင်များမှာ နိုင်ငံအနှံ့ရောက်ရှိနေသည့်အတွက် စုစည်းရမည်ဖြစ်သောကြောင့် သင်္ကြန်ပြီးမှသာ အစည်းအဝေးခေါ်နိုင်မည်ဟု ဦးဟန်ရွှေကဆိုသည်။
"ဥက္ကဋ္ဌသစ်ရွေးချယ်ဖို့က ကျွန်တော်တို့မှာ ပါတီဖွဲ့စည်းပုံစည်းမျဉ်းရှိတယ်။ အဲဒီစည်းမျဉ်းအရဆိုရင် ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး ရွေးချယ်ရမယ်။ ဒါပေမဲ့ ဗဟိုကော်မတီ ၂၀၀ ရှိတဲ့အထဲမှာ ၁၂၀ က ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ပြန့်နေတယ်။ ၈၀ လောက်ပဲ ရန်ကုန်မှာရှိတာ။ အဲဒီတော့ သူတို့ကိုပြန်စုစည်းမယ်။ ဗဟိုအလုပ်အမှုဆောင်တွေကလည်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပြန့်နေတော့ သင်္ကြန်ပြီးမှပဲ အစည်းအဝေးခေါ်နိုင်မယ်" ဟု ဦးဟန်ရွှေကဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ၉၉၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ငါးနေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄၅ နေရာ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ၆၄ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
EMG
Category: bcjpnoa, bcjpnob, News, winnaingoo



