Traders Hotel Yangon ကို Sule Shangri-La Yangon အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်

hnm | 火曜日, 4月 29, 2014 |



Traders Hotel Yangon ကို Sule Shangri-La Yangon အဖြစ်သို့ ဧပြီလ ၂၈ ရက်တွင် အသွင်သစ် ကူးပြောင်းခဲ့ပြီဖြစ်သည်ဟု ဟောင်ကောင်ရှိ Shangri-La Hotels & Resorts မှ တရားဝင်ကြေညာသည်။
Shangri-La Hotels & Resorts မှ ပိုင်ဆိုင်သည့် ဆူးလေဘုရားလမ်းပေါ်ရှိ Traders Hotel Yangon ကို နှစ်နှစ်ခန့် အချိန်ယူကာ အကြီးစား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ဆူးလေ ရှန်ဂရီလာ အဖြစ်သို့ အသွင်သစ်ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။
ဆူးလေရှန်ဂရီလာ၏ Area Manager ဖြစ်သူ Mr. Phillip Couvaras က “ကျွန်တော်တို့ရဲ့ ဧည့်သည် တွေကို ထူးခြားတဲ့ ၀န်ဆောင်မှုအသစ်တွေ၊ အတွေ့အကြုံ သစ်တွေပေးရင်း မြန်မာ့ယဉ်ကျေးမှုကို ဧည့်သည်တွေကို ထိုးဖောက် မိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ဆူးလေရှန်ဂရီလာတို့ အသွင်သစ်ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်၊ ၃၁ ရက်အထိ အခန်းခများကို တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၁၅ (အခွန်နှင့် ၀န်ဆောင်မှုထပ်ပေါင်းရန်) ဖြင့် အထူးနှုန်း သတ်မှတ်ပြီး အခန်းသစ်များဖြင့်လည်း မိတ်ဆက်ပေးမည် ဖြစ်သည်။
Deluxe Room အခန်းအမျိုးအစားတွင် နှစ်ည အနည်းဆုံးတည်းခိုရမည့် ယင်းဝန်ဆောင်မှုတွင် လေဆိပ် အကြို့ (သို့) အပို့ (သို့) ဟိုတယ်အစားအသောက်ခန်းမ (သို့) အ၀တ်လျှော်ခန်းမ (သို့) အကြောဖြေခန်း (သို့) အလှခန်းမ စသည်နေရာများတွင် အမေရိကန်ဒေါ်လာ ၄၀ ဖိုး သုံးစွဲခွင့်ပါဝင်မည် ဖြစ်သည်။
အခန်း ၄၈၄ခန်းပါဝင်သည့် ဆူးလေရှန်ဂရီလာသည် ၁၉၉၆ခုနှစ်၊ နိုဝင်ဘာလတွင် Traders Hotel အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာ ဟိုတယ်အုပ်စုသည် ကမ္ဘာတစ်ဝန်းတွင် ဟိုတယ်အလုံးပေါင်း ၈၀ ကျော်၊ အခန်းပေါင်း ၃၄,၀၀၀ ခန်းကို ရှန်ဂရီလာအမည်ဖြင့် ဖွင့်လှစ်ထားရှိပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုလီး ယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကာတာ၊ သီရိလင်္ကာနှင့် ယူကေနိုင်ငံများတွင် တည်ဆောက်ဆဲ စီမံကိန်းများ လည်း ဆောင်ရွက်နေသည်ဟု Shangri-La Hotels & Resorts က ထုတ်ပြန်ထားသည်။

 သီဟကိုကို
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ