UNသည် အပစ်မဲ့သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအပေါ် ရေငုံနှုတ်ပိတ်၍ မြန်မာပြည်အားကာကွယ်နေသူများအား အရေးယူရန် မြန်မာအစိုးရအား တိုက်တွန်း

အမုန်းစကား ဟောပြော သူများနှင့် အကြမ်းဖက်လှုပ်ရှား သူများကို မြန်မာအစိုးရအနေ ဖြင့် ပြတ်ပြတ်သားသား အရေးယူ ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ ရုံးတွင် ပြုလုပ်သော မြန်မာ့အ ရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့ (Partnership Group on Myan-mar) ၏ ပထမအကြိမ် အစည်းအဝေးအပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
ထို့အပြင် မြန်မာအစိုးရလုပ် ဆောင်နေသော ဒီမိုကရေစီအ သွင်ကူးပြောင်းရေး (Democra-tization)၊ စီးပွားရေးပြုပြင်ပြောင်း လဲမှုနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေး ဆောင်ရွက်နေမှုများ ကို မြန်မာ့အရေးလုပ်ဖော်ကိုင် ဖက်များအဖွဲ့အနေဖြင့် ဆက် လက်ထောက်ပံ့ပေးသွားမည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။
ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ်ကိုယ်တိုင်တက် ရောက်သော မြန်မာ့အရေးလုပ် ဖော်ကိုင်ဖက်များအဖွဲ့ ပထမဆုံး အကြိမ်အစည်းအဝေးကို ဧပြီ ၂၅ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ကျင်းပခဲ့သည်။
ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်တို့ မတ်လ ၃၀ ရက်က ဖုန်းနှင့်စကားပြောစဉ် ယခုပြုလုပ်သော အစည်းအဝေး သို့ မြန်မာအစိုးရအဆင့်မြင့်အ ရာရှိတစ်ဦးစေလွှတ်မည်ဟု က တိပေးခဲ့ကြောင်း မစ္စတာဘန်ကီ မွန်းက အဖွင့်မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့သည်။
အောင်သူရ
7DNJ