တာချီလိတ်ခရိုင် ရွှေတူးဖေါ်ရေးရပ်ဆိုင်းရန် ဒေသခံများ သတ္တုတွင်းဝန်ကြီး နှင့် တွေ့ဆုံ

သျှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး စိုင်းအိုက်ပေါင်း

ဝန်ကြီး နှင့်သွားရောက်တွေ့ဆုံသည့် လယ်သမားများ

သျှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီးထံ လယ်သမားများ အစီရင်ခံစာပေးအပ်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေး စီမံကိန်းကြောင့် ထိခိုက်နစ်နာရ သော ရွာသားများအား ထိုက်တန်သော လျော်ကြေးပေးရန်နှင့် လယ်ယာမြေ မြစ်ချောင်းအင်းအိုင် များပြန်လည် ပြုပြင်ပေးရန် ကုမ္ပဏီများအား သျှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး က ပြောဆိုညွှန်ကြား လိုက်ပါသည်။
ဂျူလိုင်လ ၁၈ ရက် က တောင်ကြီးရောက် သျှမ်းပြည်အရှေ့ပိုင်း နားဟိုင်းလုံ အုပ်စုမှ နစ်နာရသည့် တောင်သူလယ် သမားများက သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး စိုင်းအိုက်ပေါင်း နှင့်တွေ့ဆုံကာ ရွှေတူးဖော်ရေး စီမံကိန်း ကြောင့် ရွာသားများထိခိုက်နစ်နာမှုများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။
“ မိုင်းလင်းလယ်သမားတွေ ကျားဖြူပါတီဥက္ကဌ လဲဖြစ်၊ သစ်တော၊ သတ္တု ၀န်ကြီးလဲဖြစ်တဲ့ စိုင်းအိုက် ပေါင်း နဲ့ တွေ့ဆုံတယ်။ ဆိုင်ရာကုမ္ပဏီတွေကို ၀န်ကြီးက လယ်ယာတဧက ကျပ် ၆ သိန်းပေးလျော်ဖို့ ပြောလိုက်တယ်။ နောက်ပြီး အဆိပ်ရည် ဓါတုရည် တွေဝင်လို့ ပျက်စီးသွားတဲ့ လယ်ယာတွေ မြစ် ချောင်းတွေကိုလည်း အမြန်ဆုံးပြုပြင်ပေးဖို့ ပြောတယ်။ လည်ပတ်နေတဲ့လုပ်ငန်း ရပ်ဆိုင်း ထားဖို့ တောင် ပြောလိုက်တယ်။ အခုလို လူထုဘက်ရပ်တည်ပေးတဲ့ ဝန်ကြီးစိုင်းအိုက်ပေါင်းကို ကျေးဇူး တင်တယ်ဗျာ” - ဟု တွေ့ဆုံပွဲဝင် လယ်သမား လုံးစိုင်းက ပြောသည်။
တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲအရှေ့ဘက် မိုင်းလင်းအနောက်အုပ်စု နားဟိုင်းလုံရွာ လွယ်ခမ်း တောင်ကြောတွင် ကုမ္ပဏီပေါင်း ၁၀ ကျော်က ရွှေတူးဖော်လျှက်ရှိသဖြင့် ဒေသခံလူထု အများအပြားက အခက်အခဲပေါင်း မြောက်များ စွာရင်ဆိုင်နေခဲ့ရသည်။ အဆိုပါ နစ်နာမှုများအား သက်ဆိုင်ရာ အာဏာ ပိုင်များ နှင့်အစိုးရထံအကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ကုမ္ပဏီ ၁၀ ကျော် က စီမံကိန်းမရပ်တန့် သဖြင့် ဒေသတွင်း လယ်သမား ၃၀ ခန့် သျှမ်းပြည် မြို့တော်တောင်ကြီးသို့ တက်ရောက်ကာ သတ္တုတွင်းဝန်ကြီး နှင့် တိုက်ရိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
စိုင်းဖှ
သျှမ်းသံတော်ဆင့်
Category: bcjpnoa, bcjpnob, News, winnaingoo



