ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ပြိုင်ပွဲဝင်ပို များရန် မျှော်လင့်ထား




လာမည့် ဇန်န၀ါရီလ တွင်ကျင်းပမည့် တတိယအကြိမ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင် ပွဲတွင်ပြိုင်ပွဲ ၀င်ဦးရေကို ယခင်နှစ်က ထက်ပို၍များပြား လာနိုင်ခြေရှိသည်ဟု Yoma Strategic မှ ဥက္ကဋ္ဌ ဦး သိမ်းဝေက ပြောသည်။
ယခင်နှစ်က ပြိုင်ပွဲဝင်ဦးရေ ၃,၀၀၀ နီးပါးရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် ၄,၀၀၀ အထိ ၀င်ရောက်ယှဉ်ပြိုင်ရန်မျှော် မှန်းထားသည်ဟုဆိုသည်။ ရိုးမ-ရန်ကုန်အပြည်ပြည် ဆိုင်ရာမာရသွန် အပြေးပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။
“ပြိုင်ပွဲဝင်ကြေးတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ကလေးများရဲ့ပညာရေး၊ ကျန်းမာရေးအတွက် ထောက်ပံ့ဖို့ ရည် ရွယ်ထားပါတယ်” ဟု သြဂုတ် ၁၅ ရက်တွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင်Yoma Strategic မှ အမှုဆောင်အရာရှိချုပ် အန်ဒရူးရက်ကက်က ပြောကြားခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်ကျင်းပမည့် မာရသွန်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးနှစ်ဆု ပေးသွားမည် ဖြစ်ပြီး ၄၂ ကီလို မီတာ၊ ၂၁ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် အပျော်တမ်းငါးကီလိုမီတာနှင့် သုံးကီလိုမီတာ ပြိုင်ပွဲများ ပါဝင် သည်။
နန်းမြင့်
Mizzima News
Category: bcjpnoa, bcjpnob, News, winnaingoo



