လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၊ စော်ဘွားရပ်ကွက်နေ မင်းမင်း(ခ)မင်းမင်းသူ(၄၀)နှစ်ထံတွင် တရားမ၀င်လက်နက် ခဲယမ်းများရှိ နေကြောင်း သတင်းအရ တမူးခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ တမူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ မင်းမင်း(ခ) မင်းမင်းသူ၏နေအိမ်နှင့် မြို့အရှေ့တောင်ဘက်(၇)မိုင်ခန့်အကွာရှိ ၎င်း၏ယာတဲသို့ အဖွဲ့(၂)ဖွဲ့ခွဲ၍ သွားရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ မင်းမင်း(ခ)မင်းမင်းသူအား နေအိမ်တွင်တွေ့ရှိရပြီး ၎င်း၏ တောင်ယာတဲရှိ သော့ပိတ်ထားသောအခန်းအတွင်းမှ တစ်ထောင့်ထိုး ပြောင်းရှည်သေနတ်(၁)လက်၊ အမျိုးအစားစိစစ်ဆဲ ကျည် ၆ တောင့်(ကျည်အိမ်တွဲလျက်)၊ အီနာဂါ ဗုံးသီးပို့ကျည် ၈ တောင့်၊ ၉ မမ ကျည် ၂၂ တောင့်၊ ၉ မမ ပစ္စတိုကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၂၉ တောင့်၊ ၇.၆၂ ကျည် ၉၆ တောင့်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ LOG-211/2340 MG-1 အစိမ်းရောင်လက်ပစ်ဗုံး ၁ လုံးနှင့် အမျိုးအစား (စိစစ်ဆဲ)ကျည် ၄၀ တောင့် တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် မင်းမင်း(ခ)မင်းမင်းသူအား တမူးမြို့မ ရဲစခန်း(ပ)၆၂/၂၀၁၄၊ လက်နက်(ယာယီ)ပြင်ဆင်ချက်အက်ဥပဒေပုဒ်မ ၁၉-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
သစ်ထူးလွင်
Category: bcjpnoa, bcjpnob, News, winnaingoo



