စင်ကာပူ၌ ထိုးသတ်ခဲ့သော လက်ဝှေ့ စိန်ခေါ်ပွဲ များတွင် မြန်မာ လက်ဝှေ့ သမားနှစ်ဦး အနိုင်ရ၊ သုံးဦး သရေကျ

hnm | 月曜日, 9月 01, 2014 |



စင်ကာပူနိုင်ငံ Woodlands Sports Hall တွင် ယနေ့ဒေသစံ တော်ချိန် ၁ နာရီ၌ စတင်ထိုးသတ် ခဲ့သော လက်ဝှေ့ စိန်ခေါ်ပွဲ များတွင် မြန်မာ လက်ဝှေ့သမား ငါးဦးထိုးသတ် ခဲ့ရာ နှစ်ဦး အနိုင်ရကာ သုံးဦးသရေ ကျခဲ့သည်ဟု သိရသည်။ အနိုင်ရရှိ ခဲ့သော လက်ဝှေ့သမားများမှာ ထွန်းထွန်းမင်းနှင့် ထက်အောင်ဦး တို့ဖြစ်ပြီး ထိုင်းနှင့် ဖိလစ်ပိုင်လက် ဝှေ့သမားများကို အနိုင်ရခဲ့ခြင်းဖြစ် သည်။

သရေကျခဲ့သော လက်ဝှေ့သမား များမှာ ရဲတံခွန်၊ ကြယ်စင်ဖြိုးနှင့် စောဖြိုးဝေတို့ဖြစ်ပြီး ရဲတံခွန်နှင့် ကြယ်စင်ဖြိုးတို့သည် ပြိုင်ဘက် ထိုင်းလက်ဝှေ့သမားများကို အသာ စီးဖြင့် ဦးဆောင်ထိုးသတ်ပြီး အစီး သရေရရှိအောင် ထိုးသတ်နိုင်ခဲ့ သည်ဟုသိရသည်။

ဆုလဲ့ဝင့်
The Union Daily

သစ်ထူးလွင်

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ