ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ဘေထုပ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ခြောက်သိန်းကိုးသောင်း ဖမ်းဆီးရမိ

image (internet)
အောင်မင်္ဂလာ အဝေးပြေးအတွင်း၌ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပို့ဆောင်မည့် ဘေထုပ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းကိုးသောင်းအား အောက်တိုဘာ ၁ဝ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ဆေးပြားများ၏ တန်းဖိုးမှာ ကျပ်သိန်း ၃၄၅ဝဝ ရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက်သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ ဒုရဲမှူးမြင့်ဝင်း (မူးယစ်တပ်ဖွဲ့စု-၄၂) နှင့် အဖွဲ့သည် သတင်းအရ အောင်မင်္ဂလာအဝေးပြေးဝင်း၊ စစ်တွေလမ်း၊ အမှတ် ဏ/A2 နှင့် A3 ရှိ ကြံတိုင်းအောင်ကားဂိတ် ကုန်စည်ဂိုဒေါင်အတွင်း ဒေါ်သန်းတင်အမည်ဖြင့် ရန်ကုန်မှစစ်တွေသို့ ပို့ဆောင်မည့် အဝတ်ဘေထုပ်များအား ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘေထုပ်များကို ယခင်က ပစ္စည်းလာရောက်ပို့နေသူ ကိုဇော်ဇော် ဝ၉-၄၃ဝ.... ကိုင်ဆောင်သူသည် စစ်တွေမြို့သို့ ပို့ဆောင်ပေးရန် ဒေါ်သန်းတင်အမည်ဖြင့် အောက်တိုဘာ ၁ဝ ရက် နံနက် ၃ နာရီနှင့် ၄ နာရီတွင် ကြံတိုင်းအောင်ကားဂိတ်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း . . . . .
ယင်းသို့ စစ်ဆေးမှုအရ ဒေါ်သန်းတင် (STW) ဟု ရေးသားထားသော ဘေထုပ်များအတွင်း အဝတ်အစားများနှင့် ရောနှောထားသည့် ပီနံအိတ်ခြောက်ထုပ်အတွင်းမှ တစ်ထုပ်လျှင် WY တံဆပ်နှင့် R တံဆိပ်ရောထားသည့် လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ ပြားစီပါ အထုပ် ၁ဝ ထုပ်အား တွေ့ရှိရပြီး ပီနံအိတ်ခြောက်ထုပ်အတွင်းမှ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝဝဝ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ဒေါ်သန်းတင် (STW) 999 ဟုရေးသားထားသည့် ဘေထုပ်အတွင်းမှ တစ်ထုပ်လျှင် WY တံဆပ်နှင့် R တံဆိပ်ရောထားသည့် လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ စီပါ အထုပ်ကိုးထုပ်တွင် ဆေးပြားပေါင်း ၉ဝဝဝဝ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်သန်းတင် (STW) နှင့် ဒေါ်သန်းတင် (STW) 999 ဟုရေးသားထားသော ဘေထုပ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ခြောက်သိန်းကိုးသောင်း (အလေးချိန် ၆၉ဝဝ ဂရမ်) ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဘေထုပ်များကို ယခင်က ပစ္စည်းလာရောက်ပို့နေသူ ကိုဇော်ဇော် ဝ၉-၄၃ဝ.... ကိုင်ဆောင်သူသည် စစ်တွေမြို့သို့ ပို့ဆောင်ပေးရန် ဒေါ်သန်းတင်အမည်ဖြင့် အောက်တိုဘာ ၁ဝ ရက် နံနက် ၃ နာရီနှင့် ၄ နာရီတွင် ကြံတိုင်းအောင်ကားဂိတ်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအား မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် မယ(ပ)၁၆/၂ဝ၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂ဝ(က)/၂၁ ဖြင့် အမှုဖွင့်ထားပြီး တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ကြည်နိုင်
EMG



