ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်မှ တိုင်းဒေသကြီးများတွင် ကျင့်သုံးရန်သင့်တော်မည့် စံနစ်အား လွှတ်တော်တွင် ရှင်းလင်းတင်သွင်း

hnm | 火曜日, 10月 21, 2014 |



ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေးကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
မဲအများဆုံးရသူ အနိုင်ယူတဲ့စနစ် FPTP ၊ အချိုးကျ ကိုယ်စားပြုစနစ် PR နဲ့ အဲဒီစနစ်နှစ်မျိုးကို ရာခိုင်နှုန်း အမျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ ရွေကောက်ပွဲစနစ်တွေ အပါအဝင် စုစုပေါင်းရွေးကောက်ပွဲစနစ် ရှစ်မျိုး ကို ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင် က တင်သွင်းခဲ့တာပါ။
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲ စနစ်တွေကို ရွေးချယ်တင်ပြခဲ့တာဖြစ်ကြောင်း၊ အခုရွေးချယ်ထားတဲ့ စနစ်အားလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိနေပေမယ့် အဲဒီစနစ်တွေကို ကျင့်သုံးဖို့ မကျင့်သုံးဖို့ဆိုတာ ကော်မရှင်နဲ့မဆိုင်ပဲ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦး က ပြောပါတယ်။
"နှစ်ပေါင်း ၆ဝ နီးပါး ယနေ့စနစ်ကို ကျင့်သုံးပါတယ်၊ ယနေ့စနစ် မကောင်းဘူးလားမေးရင် ကောင်းပါတယ်၊ ဒီစနစ်ကို ကျင့်သုံးခြင်း မကျင်းသုံးက လွှတ်တော်နဲ့ ပြည်သူ့ရဲ့တာဝန်ပဲ၊ ဘာကြောင့်လဲဆို စနစ်တိုင်း စနစ်တိုင်းမှာ အားနည်းချက်တွေ အားသာချက်တွေရှိကြတယ်၊ ဖွဲ့စည်းပုံပြင်ရမှာတွေလည်းရှိတယ်၊ မပြင်ရမှာလည်းရှိတယ်၊ ဘယ်နေ့မှာကျင့်သုံးပြီးတော့ ဖွဲ့စည်းပုံပြင်ပါလို့ ကော်မရှင်လည်း တာဝန်မရှိပါဘူး၊ ကော်မရှင်က အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို ရှာပြီးတင်ပြတာဖြစ်တယ်"
ဒီနေ့တင်သွင်းတဲ့ ရွေးကောက်ပွဲစနစ် ရှစ်မျိုးကို တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးဖို့အတွက် တင်ပြတာဖြစ် ပြီး၊ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ ဒီစနစ်တွေကို ကျင့်သုံးမှာ မဟုတ်ဘူးလို့လည်း ဆို ပါတယ်။ အဲဒီ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအ၀င် စုစုပေါင်း ၁၂၆ မြို့နယ်မှာ အရင်ရွေးကောက်ပွဲစနစ်ဖြစ်တဲ့ FPTP ခေါ် နိုင်သူအကုန်ယူစနစ်ကိုသာ ကျင့်သုံးမှာဖြစ်ကြောင်းသိရပါတယ်။

RFA

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ