ဆူဇူကီး အုပ်စု ပွဲစဉ်များတွင် မြန်မာ ပရိသတ်များ လာရောက် အားပေးနိုင်ရန် အဖွဲ့ချုပ် စီစဉ်ပေးမည်

hnm | 木曜日, 10月 23, 2014 |



ပုံစာ - ဆူဇူကီးဖလား ခြေစစ်ပွဲကို အုပ်စုဗိုလ်အဖြစ် အောင်မြင်ခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်း။ ဓာတ်ပုံ - MFF Facebook

စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၄ ဆူဇူကီးဖလား အုပ်စု(က) ပွဲစဉ်များကို စင်ကာပူနိုင်ငံရှိ မြန်မာဘောလုံးပရိသတ်များ ကွင်းအတွင်း လာရောက်အားပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဟု အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က မဇ္ဈိမ သို့ပြောသည်။


မြန်မာအသင်းမှာ ဆူဇူကီးအုပ်စုပွဲစဉ်အဖြစ် အိမ်ရှင်စင်ကာပူ၊ ထိုင်း၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။"စင်ကာပူကကျွန်တော်တို့ မြန်မာ ပရိသတ်တွေ အသင်းကိုလာအားပေးရတာ လွယ်ဖို့အတွက် လိုအပ်တဲ့ အကူအညီအချို့ကို အဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်ပေးသွားဖို့ရှိနေပါတယ်။ ပွဲမတိုင်ခင်မှာ လည်း စည်းရုံးလှုံ့ဆော်မှုတွေလုပ်မှာပါ။ နောက်ဆုံး ကွင်းထဲမှာ အမှတ်တရ ပစ္စည်းအရောင်းဆိုင် ဖွင့်ဖို့အထိ ရည်ရွယ်ထားပါတယ်"ဟု ဦးဇော်ဇော်ကဆိုသည်။
စင်ကာပူနိုင်ငံတွင် မြန်မာဘောလုံးအသင်းများ သွားရောက်ကစားတိုင်း စင်ကာပူရောက် မြန်မာပရိသတ်များ တစ်ခဲနက် လာရောက်အားပေးလေ့ရှိပြီး ၂၀၀၄ တိုက်ဂါးဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာပရိသတ် တစ်သောင်းခွဲခန့်လာရောက်အားပေးခဲ့ဖူးသည်။ မြန်မာအသင်းမှာ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲအဖြစ်   နိုဝင်ဘာ ၂၃ ရက်တွင် မလေးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

ရဲရင့်ဌေး
Mizzima News

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ