အမေရိကန်တွင် အစွန်းရောက် ဗလီဆရာ တဦးကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်

hnm | 月曜日, 1月 12, 2015 |





ဗလီဆရာ အဘူဟမ်ဇာ အယ်လ် မာစရီ (Photo- John Stillwell/PA Archiv)




အမေရိကန်နို်င်ငံ နယူးယောက်မြို့က အစွန်းရောက် အီမန်ရှေ့ဆောင် ဗလီဆရာ အဘူဟမ်ဇာ အယ်လ် မာစရီကို ပြည်ထောင်စု အကြမ်းဖက်မှု စွဲချက်နဲ့ တရားစွဲ ခဲ့ပြီးနောက် ၈လအကြာ မနေ့က ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

မျက်လုံးတဖက်နဲ့ လက်တဖက်သာရှိသူ အဘူဟမ်ဇာကို ၁၉၉၈ က အနောက်နိုင်ငံသား ခရီးသည်တွေကို ပြန်ပေးဆွဲတဲ့ ယီမင်စစ်သွေးကြွတွေကို င်္ဂြိုဟ်တုဖုန်းနဲ့ အကြံပေးမှု အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာပါ။

စစ်သွေးကြွသင်တန်းစခန်း တည်ထောင်ဖို့ အိုရီဂွန်ပြည်နယ်ကို သူ့နောက်လိုက် ၂ ယောက်ကို လွှတ်ခဲ့တယ်လို့လည်း  စီရင်ချက်ချခံရပါတယ်။

ဒါ့အပြင် အမေရိကန်ကို ဆန့်ကျင်တဲ့ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်တွေကို ကူညီဖို့ အာဖဂန်နစ်စတန်ကို လုပ်ဖော်ကိုင်ဖက်တွေကို စေလွှတ်ခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ် အဘူဟမ်ဇာဟာ ဖင်စ်ဘာရီပါ့ခ် ဗလီမှာ လူထုဆူပူအုံကြွအောင်လှုံ့ဆော်တဲ့ မိန့်ခွန်းပြောမှုအတွက် လန်ဒန်မှာ နာမည်ဆိုးနဲ့ကျော်ကြား ခဲ့တာပါ။ မရှိတဲ့ ညာဘက်လက်အတွက် ချိတ်ကောက်တခု တပ်ဆင်သုံးစွဲနေသူလဲ ဖြစ်ပါတယ်။

DVB


Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ