Hacker များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အတွက် အကြမ်းဖက် သမားများကို စစ်ကြေငြာ

hnm | 月曜日, 1月 12, 2015 |



ပြင်သစ် သရော်စာ မဂ္ဂဇင်း ကို အကြမ်းဖက် တိုက်ခိုက်မှုဟာ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးလာခြင်း အပေါ် ဟက်ကာတွေက အစ္စလာမစ် အစွန်းရောက် အကြမ်းဖက် သမားများကို သောကြာနေ့က စစ်ကြေငြာ လိုက်ပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာ ဟက်ကာ၊ ပရိုဂရမ်မာ၊ နည်းပညာကျွမ်းကျင်သူ၊ နယ်ပယ်စုံက လှုပ်ရှား တက်ကြွသူတွေ ပါဝင်ပတ်သက်နေတဲ့ Anonymous  ဟက်ကာအုပ်စုဟာ ယူကျု့ဗီဒီယိုတခု ဇန်န၀ါရီ ၉ ရက်နေ့က တင်ပြီး အင်တာနက်တခွင်မှာရှိတဲ့ အစွန်းရောက် အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ ၀ပ်ဆိုဒ်တွေ၊ ဆိုရှယ်နက်ဝေါ့တွေကို ရှာဖွေထောက်လှမ်း ဖျက်သိမ်း သွားမယ်လို့ ထုတ်ပြန် ကြေငြာ ထားပါတယ်။

ဟက်ကာတွေရဲ့ ဗီဒိယိုမတ်ဆေ့ထဲမှာ အယ်(လ)ကိုင်ဒါ ၊ သယ် အစ္စလမ်မစ် စတိတ် နဲ့ တခြား အကြမ်းဖက် အဖွဲ့တွေအနေနဲ့ ပြင်သစ်မဂ္ဂဇင်းတိုက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေသားခွင့်ကို နှောင့်ယှက်ထိပါးတဲ့ လုပ်ရပ်မျိုးဟာ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိသလို အင်တာနက်ပေါ်မှာ အကြမ်းဖက်သမား လှုပ်ရှားမှုတွေ၊ ဆိုရှယ်မီဒီယာ အကောင့်တွေကို ပစ်မှတ်ထား တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

Anonymous group ဟာ အစိုးရတွေ၊ အဆင့်မြင့်ဌာန ဆိုင်ရာတွေ၊ စီးပွားရေး ကုမ္မဏီ ကော်ပိုရေးရှင်းတွေ၊ အဖွဲ့အစည်းတွေရဲ့ အင်တာနက် စာမျက်နှာတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိတဲ့ ဟက်ကာအုပ်စု ဖြစ်ပြီး နိုင်ငံတကာမှာ လှုပ်ခတ်ခဲ့တဲ့ ရှပ်(ပ်)အော်ကယူပိုင်း‪‬ လှုပ်ရှားမှုတွေကို ဖော်ဆောင်ခဲ့ပါတယ်။

DVB

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ