ပြည်ပ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၂၁ ဘီလီယံကျော် ရှိလာ

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၂၁ ဘီလီယံ ကျော်ရှိလာပြီဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းဇယားများကို ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လိုက်သည်။
ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၁ ဘီလီယံရှိလာခြင်းသည် တစ်ပတ်အတွင်း ကန်ဒေါ်လာ ၄၆၁ သန်းကျော် တိုးတက်လာခြင်းကြောင့်
ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်အထိ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၂၀,၄၀၄ ဒသမ ၇၉၂ သန်းကျော် ရှိခဲ့ရာမှ ဇန်န၀ါရီ ၉ ရက်အထိ ကန်ဒေါ်လာ ၂၁,၃၅၆ ဒသမ ၄၃၄ သန်းအထိ ကုန်သွယ်ထားနိုင်ခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း တိုးတက်လာခဲ့သည့် ကုန်သွယ်မှုများတွင် ပို့ကုန်ပမာဏသည် ကန်ဒေါ်လာ ၁၄၂ သန်း နီးပါးရှိခဲ့ပြီး သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ သန်း ၃၂၀ နီးပါးရှိခဲ့ခြင်း ဖြစ်သည်။ တစ်ပတ်အတွင်း ကုန်သွယ်မှု လိုငွေသည် ကန်ဒေါ်လာ ၁၇၈ သန်းကျော်ရှိနေပြီး ဘဏ္ဍာနှစ် ကိုးလကျော် ကုန်သွယ်မှုလိုငွေ ပမာဏသည် ကန်ဒေါ်လာ ၃,၈၀၅ သန်းကျော်ရှိနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ပို့ကုန်အားနည်းနေသဖြင့် ကုန်သွယ်မှုလိုငွေပြမှု များနေခြင်းဖြစ်ရာ ၎င်းအခြေအနေကို ကာကွယ်နိုင်ရန် အမျိုးသားပို့ကုန် မဟာဗျူဟာ တစ်ရပ်ကိုရေးဆွဲ၍ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေရခြင်း ဖြစ်သည်။
အမျိုးသား ပို့ကုန်မဟာဗျူဟာတွင် ဆန်ပို့ကုန်ကဏ္ဍ၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံကဏ္ဍ၊ ရေထွက်ပစ္စည်းပို့ ကုန်ကဏ္ဍ၊ အထည်အလိပ်နှင့် အ၀တ်အထည်ပို့ကုန်ကဏ္ဍ၊ သစ်အချောထည် ပို့ကုန်ကဏ္ဍနှင့် ရော်ဘာ ပို့ကုန်ကဏ္ဍများ၏ ပို့ကုန်မြှင့်တင်လာရေးအတွက် အဓိက ရေးဆွဲထားခြင်း ဖြစ်သည်။
ကုန်သွယ်မှုကဏ္ဍအနက် ပို့ကုန်ပမာဏ လျော့ကျနေရာတွင် လယ်ယာထွက်ကုန် ပစ္စည်းကဏ္ဍသည် ပြီးခဲ့ သည့်ဘဏ္ဍာနှစ်အောက် ကန်ဒေါ်လာ ၆၃ သန်းကျော်၊ ရေထွက်ပစ္စည်းပို့ကုန်ကဏ္ဍ ၉၂ သန်းကျော်နှင့် သစ်တောထွက်ပစ္စည်း ပို့ကုန်ကဏ္ဍတွင် ၅၇၈ သန်းကျော် အသီးသီး ကျဆင်းနေလျက် ရှိသည်။
သွင်းကုန်ပမာဏများအနက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုသည် ကန် ဒေါ်လာ ၅,၄၁၆ သန်းကျော် တင်သွင်းထားသည်။ ထို့အတူ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို ကန်ဒေါ်လာ သန်း ၄,၃၁၀ ကျော်တင် သွင်းထားပြီး လူသုံးကုန်ပစ္စည်းများကို ကန်ဒေါ်လာ ၂,၈၅၄ သန်းကျော်ဖိုး တင်သွင်းထားခြင်း ဖြစ်သည်။
ထင်လင်းအောင်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ



