ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ အစီရင်ခံစာ မျှတစေရေး ရခိုင်တွင် ဆန္ဒထုတ်ဖော်

hnm | 月曜日, 1月 12, 2015 |






၂၀၁၄ခုနှစ် ဇူလိုင် ၂၆ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီအား တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)








 ရခိုင်ပြည်နယ် သို့ ဒုတိယ အကြိမ်ရောက် ရှိလာသော ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီကို ရခိုင်ပြည် နယ်နှင့်ပတ် သက်သော အစီရင်ခံစာ ပြန်လည် တင်သွင်း ရာတွင် မျှတစေရေး အတွက် ရခိုင်ဒေသခံ လေးရာကျော်က စစ်တွေလေဆိပ်ရှေ့တွင် ဇန်နဝါရီ ၈ ရက် ညနေက ဆန္ဒထုတ်ဖော်ကြိုဆိုခဲ့သည်။ ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံ သုံးရာကျော်နှင့် သံဃာ အပါးတစ် ရာကျော် ပါဝင်သည် ဟုဆိုသည်။


ဇန်နဝါရီ ၇ ရက်မှ ၁၆ ရက်အထိ ဆယ်ရက်ကြာ ခရီးစဉ်၏ အစီရင်ခံစာကို ၂၀၁၅ ခုနှစ် ဧပြီ လတွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်ရေးကော်စီတွင် တင်ပြ မည်ဖြစ်သည်။ ထိုတင်ပြ ချက်များ မျှတမှု ရှိရန် သတိပေး ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်သည် ဟုဦးဆောင် ဆန္ဒထုတ်ဖော်သူ ဒေါ်ညိုအေး ကပြောသည်။
“သူတို့က တစ်ဖက်သတ်အမြင်နဲ့ ကောက်ချချပြီး အစီရင်ခံစာတင်သွင်းခဲ့တယ်။ ဘင်္ဂလီ လူမျိုးတွေရဲ့ အခွင့်အရေးကိုပဲ ဇောင်းပေးပြီး၊ ရခိုင်တိုင်းရင်း သားတွေ ရဲ့ နစ်နာမှုကို ထည့်တွက်တာမရှိဘူး၊ ဒီလို ဆိုရင် ရခိုင်ဒေသကို သူတို့မလာတာ ကောင်းပါတယ်” ဟုဒေါ်ညိုအေးက ပြောသည်။
မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ရောက် ရှိခဲ့သော မစ္စယန် ဟီလီသည် ၆၉ ကြိမ်မြောက်ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေးအစီရင်ခံစာတွင် တင်သွင်းခဲ့ပြီးဖြစ်သည်။
ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူ ဦးအေးဝင်းက “ဒါကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ခွင့်ရှိတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ခရီးစဉ် အနှောက်အယှက်ဖြစ်စရာမရှိပါဘူး”ဟု ဆိုသည်။
မစ္စယန် ဟီလီသည် ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေနှင့် မြေပုံ ဒုက္ခသည် စခန်းများသို့ သွားရောက်ရန် လျာထားပြီး ပြည်နယ် အစိုးရ၊ ရခိုင်ပြည် နယ်ဒေသ ခံနှင့် အသေးစိတ်ဆွေးနွေးရန် အစီအစဉ် များပါဝင်သည် ဟု ဦးအေးဝင်း ကပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂလူ့အခွင့်အရေး ကိုယ်စား လှယ် နမ်ဘီယား၊ မစ္စယန်ဟီလီနှင့် ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းတို့လာရောက်ပြီး ၎င်းတို့ သုံးဦးသည် ရခိုင်ဒေသခံများ၏ ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများနှင့် ကြုံတွေ့ခဲ့သည်။

ကေဇူး
ရန်ကုန် (မဇ္ဈိမ)


ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ရန်ကုန်အပြန်ခရီးတွင် စစ်တွေဒေသခံ 

၃ဝဝ ခန့်က ထပ်မံဆန္ဒပြ




ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြ ခဲ့ကြကြောင်း ဆန္ဒပြသူများက ပြောသည်။

“သူ့အပြန်ခရီးကို နှုတ်ဆက်လိုက်တာပေါ့။ ကျွန်တော်တို့သတင်းကြားထားတာက သူ ၃ နာရီမှာ ဆင်းလာမယ် လို့လေ။ ဒါကြောင့် လူစုချိန်လည်းမရလိုက်တော့ဘူး။ ၃ဝဝ လောက်ပဲပြလိုက်နိုင်တယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ခဲ့သူ ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။

ဆန္ဒပြရာတွင် မစ္စယန်ဟီးလီ ရခိုင်သို့ရောက်ရှိခဲ့သည့်နေ့က ပြခဲ့သည့် ဆိုင်းဘိုးများကို ကိုင်ဆောင်ကာ လေဆိပ် တွင်ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယန်ဟီးလီသည် ဇန်နဝါရီလ ၁ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC)နှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။

“သူဘက်ကပြောတာကတော့ ဘင်္ဂါလီတွေကို လူသားတစ်ယောက်လို အခွင့်အရေးပေးရမယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့အခါ အခွင့်အရေးပေးရမယ်လို့ပြောတယ်။ ရခိုင်တွေနဲ့ဘင်္ဂါလီ တည့်မတ်ကြဖို့ အချင်း ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့လေ။ လူသားချင်း စာနာမှုအတွက် ကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာ ကတော့ ဘယ်ရမလဲ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ညီတဲ့သူကိုမှ ပေးလို့ရမှာလို့ ပြန်ပြော လိုက်ပါတယ်”ဟု သူက ဆိုသည်။

တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ရခိုင်ပြည်နယ်ရှိ နှစ်ဘက်လူ့အဖွဲ့နှစ်ရပ် ပဋိပက္ခများ ဆက်လက်မဖြစ် ပွားစေလိုလျှင် မစ္စယန်ဟီးလီအနေဖြင့် ယခုရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး အစီရင်ခံစာရေးသားရာတွင် ဘက်လိုက်မှုမရှိဘဲ မျှမျှတတရေးသားပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးတစ်မျိုး၏အမည်ကို ဆက်လက်မသုံးစွဲရန်လိုသည်ဟု ယန်ဟီးလီကိုတိုက်တွန်းပြောကြားခဲ့ကြကြောင်းလည်း သိရသည်။

ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်တွေနှင့် မြေပုံမြို့များရှိ နှစ်ဘက် လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများအပြင် နှစ်ဘက်လူ့အသိုင်း အဝိုင်းများနှင့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ

Category: , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ