မြို့ပတ် ဘူတာ ၁၅ ခုတွင် ကွန်ပျူတာ စနစ်ဖြင့် လက်မှတ်ရောင်းချမှု မကြာမီ လုပ်ဆောင်သွားမည်

hnm | 水曜日, 1月 14, 2015 |



မြို့ပတ်ဘူတာ ၁၅ ခုတွင် ကွန်ပျူတာစနစ်ဖြင့် လက်မှတ် ရောင်းချမှုကို ယခုနှစ် ပထမ လေးလပတ်အတွင်း လုပ်ဆောင် သွားမည်ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစနစ်အတွက် လက်ရှိ တွင် ဝန်ကြီးဌာနသည်လုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုကို တင်ဒါစနစ်ဖြင့် ရွေးချယ်ထားလိုက်ပြီဖြစ်ကြောင်း၊ လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် အစိုး ရအဖွဲ့၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်း နေကြောင်း သိရသည်။

”ခွင့်ပြုချက်ကျတာနဲ့ ရွေးချယ် ထားတဲ့ကုမ္ပဏီနဲ့ အပြီးသတ် ဆွေးနွေးမှုတွေ လုပ်ပြီးတော့ စာ ချုပ်ချုပ်ဆိုသွားမှာပါ။ လုပ်ငန်း ကိုလည်း ချက်ချင်း အကောင် အထည်ဖော်သွားမှာပါ” ဟုရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယ အထွေထွေမန်နေဂျာဦးညီညီဆွေ ကပြောသည်။

ဝန်ကြီးဌာနအနေဖြင့်မြို့ပတ် ဘူတာအားလုံးအား ကွန်ပျူတာ စနစ်ဖြင့် လက်မှတ်ရောင်းလိုသော် လည်း ဘဏ္ဍာရေး အခြေအနေ ကြောင့် အဓိကကျသည့် ဘူတာ ၁၅ ခုကိုသာ ရွေးချယ်လုပ်ကိုင် ရခြင်းဖြစ်ကြောင်း၊ လက်ရှိကျင့်သုံး မည့်စနစ်သည် နိုင်ငံတကာတွင် လုပ်ဆောင်သည့် စနစ်ဖြစ်၍ ရထား လက်မှတ်နှင့်ပတ်သက်သည့်အခက် အခဲများကို ဖြေရှင်းနိုင်မည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြော သည်။

”အခု ဖြစ်နေတာတွေက လက်မှတ် ဝယ်မစီးတာတွေ၊ လက်မှတ်ဝယ်ပြီးတော့လည်း သတ်မှတ်အတန်းတွေမှာ မစီးဘဲ အထူးတန်းတွေမှာ တက်စီးနေ တာတွေ ရှိနေတယ်။ လိုအပ်ချက် တွေရှိနေတာ မှန်ပါတယ်။ အတတ် နိုင်ဆုံးတော့ အဆင်ပြေအောင်လုပ်ဆောင်သွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

မြို့ပတ်ရထားလက်မှတ်နှင့် ပတ်သက်၍ နေ့စဉ်ပုံမှန် ရထား စီးသူတစ်ဦးက လက်မှတ်ဝယ်ယူ ရေးနှင့်ပတ်သက်ပြီး မည်သည့် အခက်အခဲမျှ မရှိကြောင်း၊ သို့ သော် ရထားလာသည့်အချိန်တွင် လက်မှတ် သွားရောက်ဝယ်ယူ နေရသည်မှာ အချိန်ကုန်ကြောင်း၊လစဉ်လက်မှတ်ရောင်းပြီး နိုင်ငံ တကာကဲ့သို့ ကတ်များ အသုံးပြု လျှင် ပိုမို အဆင်ပြေနိုင်မည် ဖြစ် ကြောင်း၊ လက်မှတ်မဝယ်ဘဲ စီး သူများလည်းရှိကြောင်းပြောသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန အနေဖြင့် မြို့ပတ်ဘူတာ ၁၅ ခုတွင် ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းချနိုင်ရေးအတွက် တင်ဒါခေါ်ခြင်းကို ၂ဝ၁၄ ဇူလိုင်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


အောင်ဇော်
AFMG

Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ