တစ်ရက်အတွင်း MPT ၏ ဆွေသဟာ အစီအစဉ် အသုံးပြုသူ တစ်သိန်းကျော် စာရင်းသွင်း

ဆွေသဟာ အစီအစဉ်ကို ဇန်နဝါရီ ၉ ရက်က စတင်မိတ်ဆက်ခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ဝန်ဆောင်ခများ လျှော့ချရန် ဆွေသဟာ အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီးနောက် ဝန်ဆောင်မှု စတင်သည့် ဇန်န၀ါရီ ၁၂ ရက်တွင် အသုံးပြုသူ တစ်သိန်းကျော် စာရင်းသွင်း မှတ်ပုံတင်ခဲ့သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောသည်။
“ဆွေသဟာ ဝန်ဆောင်မှု ရယူဖို့ ဇန်န၀ါရီ ၁၂ ရက် တစ်ရက်တည်းမှာ အသုံးပြုသူ တစ်သိန်းကျော် မှတ်ပုံ တင်စာရင်းသွင်းပါ တယ်။ ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းအထိ မှာပေါ့” ဟု ၎င်းက ဆိုသည်။
မြန်မာ့ ဆက်သွယ်ရေး၏ စာရင်းများအရ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် MPT ဖုန်း အသုံးပြုသူ ၁၁ သန်းကျော်ရှိနေ ပြီး ယင်းစာရင်းတွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် အသုံးပြုသူ သုံးသန်းကျော် ရှိသည်ဟုလည်းဖော် ပြထားသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဆင်းမ်ကတ် ၁၁ သန်းကျော် ချထားပေးပြီးဖြစ်သော်လည်း MPT ၏ ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်အသုံးပြုသူ တစ်သိန်းကျော်သာ ရှိနေသေးသည်။ ယင်းမှတ်ပုံတင်မှု ပမာဏသည် တစ်ရက်အတွင်းစာရင်းသာ ဖြစ်သည်။
ဆွေသဟာ အစီအစဉ်တွင် ၀န်ဆောင်မှုများအတွက် ရက် ၃၀ သက်တမ်းရှိ အစီအစဉ်များ အသုံးပြုနိုင်မည် ဖြစ်ပြီး MPT ဖုန်းများသို့ မိနစ် ၄၈၀ စာ ကျပ် ၁၂,၀၀၀ (တစ်မိနစ် ၂၅ ကျပ်နှုန်း)၊ အင်တာနက် အသုံးပြုမှု400MB လျှင် ကျပ် ၅,၀၀၀ (1MB၁၂ ဒသမ ၅ ကျပ်နှုန်း) နှင့် 1GB လျှင် ကျပ် ၁၀,၀၀၀ (1MB၁၀ ကျပ်နှုန်း) ကျသင့်မည်ဟု မြန်မာ့ဆက်သွယ်ရေးက သတင်းထုတ်ပြန် ထားသည်။
မောင်မန်း
ရန်ကုန် (မဇ္ဈိမ)
Edited (TEAM BCJP)
သုံးစွဲသူများကအကြံပြုတောင်းဆိုပါက အစီအစဉ်သစ်၊ Package အသစ်များကို စီစဉ်ပေးသွားရန်အစီအစဉ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားသည်။
"အခုထုတ်ပြန်ကြေညာထားတာတွေက ကနဦးအစီအစဉ်တွေပဲဖြစ်ပါတယ်။ သုံးစွဲသူတွေကသာ အကြံပြုတောင်းဆိုလာမယ်ဆိုရင် နောက်ထပ် Package အသစ်တွေကို စီစဉ်ပေးသွားမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားသည်။
ဆွေသဟာကိုရယူမှသာ သုံးစွဲနိုင်မည့် Voice Package မှာ ရက် ၃၀ အတွင်း မိနစ် ၄၈၀ ပြောဆိုခြင်းအတွက် ကျပ် ၁၂၀၀၀ သတ်မှတ်ထားပြီး အခြားရွေးချယ်စရာ Voice Package များမရှိသောကြောင့် သုံးစွဲသူများအခက်တွေ့ကြရကြောင်း သိရသည်။ ထို့ပြင် ယင်း Voice Package မှာ MPT ဖုန်းအချင်းချင်းသာဟုကန့်သတ်ထားသောကြောင့် အခြားအော်ပရေတာများက မည်သည့်ဖုန်းသို့ခေါ်ခေါ် တစ်မိနစ်လျှင် ၂၅ ကျပ်သတ်မှတ်ထားချိန်တွင် MPT ဖုန်းသုံးစွဲသူများက တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်သုံးစွဲနိုင်ရန် MPT ဖုန်းအချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။
"၄၈၀ မိနစ်အတွက် ၁၂၀၀၀ ကျပ်တဲ့။ ၂၄၀ မိနစ်အတွက် ၆၀၀၀ ကျပ်လိုမျိုး Package ကဘာလို့မရှိတာလဲ။ နောက်ပြီး MPT ဖုန်းအချင်းချင်းပဲရမယ်ဆိုတာမျိုး ကန့်သတ်တာတွေမရှိသင့်ဘူး။ မြန်မာနိုင်ငံမှာက ငွေဖြည့်ကတ်ဝယ်တဲ့အခါ ကျပ် ၁၀၀၀၊ ကျပ် ၃၀၀၀ တွေပဲအများဆုံးရောင်းရပြီး MPT ငွေဖြည့်ကတ်မှာလည်း အရင်က ကျပ် ၅၀၀၀ က အနည်းဆုံးဆိုတော့ အဲဒါကိုပဲအ၀ယ်များကြတယ်" ဟု မိုဘိုင်းဖုန်းကျွမ်းကျင်သူ ကိုအောင်ဆက်ပိုင်ကပြောကြားသည်။
နေမျိုးထွန်း
EMG
Edited (TEAM BCJP)
Edited (TEAM BCJP)
Edited (TEAM BCJP)
သုံးစွဲသူများက အကြံပြုတောင်းဆိုပါက Package အသစ်များစီစဉ်ပေးရန်ရှိ

တယ်လီနော ဆင်းမ်ကတ် ချထားပေးမှုနည်းပါး၍ မှောင်ခိုဈေး မြင့်တက်
ပြည်ပအော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောမြန်မာက ဆင်းမ်ကတ်ချထားပေးမှု နည်းသဖြင့် ပြင်ပ
မှောင်ခိုဈေးကွက်တွင် ကတ်တန်ဖိုး ကျပ်နှစ်သောင်းခန့် ဖြစ်နေသည်ဟု မန္တလေးမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
မှောင်ခိုဈေးကွက်တွင် ကတ်တန်ဖိုး ကျပ်နှစ်သောင်းခန့် ဖြစ်နေသည်ဟု မန္တလေးမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တွင်လည်း ကတ်ချထားပေးမှု နည်းပါးသဖြင့် ပြင်ပပေါက်ဈေး ကျပ် ၈,၀၀၀ ခန့်အထိ မြင့်တက်နေသည်။
တယ်လီနောမြန်မာသည် ၀န်ဆောင်မှု ပေးနိုင်သည့် ကွန်ရက်အပေါ် မူတည်ကာ ကတ်ချထားပေးပြီးတယ် လီနောအရောင်းဆိုင် တချို့တွင်ပင် ဈေးကွက်ပြတ်လပ်မှုများ ဖြစ်နိုင်သည်ဟု တယ်လီနောမြန်မာ၏ ပြန် ကြားရေးအရာရှိ ကိုစိုးသူထွန်းက မဇ္ဈိမကို ပြောသည်။
၎င်းက ““ဆင်းမ်ကတ်အရေအတွက်နဲ့ ကွန်ရက် အခြေအနေကို ချိန်ပြီးချထားပေးနေတဲ့အတွက် ဈေးကွက် ပြတ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရမ်းချထားပေးလို့ ကွန်ရက်က မနိုင်ရင် အရင်ဝယ်ပြီး သုံးနေတဲ့ သူတွေ နစ်နာသွားမယ်” ဟု ဆိုသည်။
တယ်လီနောမြန်မာက အင်တာနက် ၀န်ဆောင်မှုအတွက်လည်း Gate Way တစ်ခု ကိုယ်ပိုင်ဖြစ်ရန် တည်ဆောက်နေပြီး ယင်းတည်ဆောက်မှု ပြီးစီးပါက ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာမည်ဟု ၎င်းက ဆိုသည်။
ပြင်ပပေါက်ဈေး မြင့်တက်နေသော်လည်း ကတ်များ ချထားပေးလျက် ရှိနေသဖြင့် တယ်လီနော အရောင်းဆိုင်များတွင် ကျပ် ၁,၅၀၀ ဖြင့်သာ ၀ယ်ယူကြရန် ကိုစိုးသူထွန်းက တိုက်တွန်းသည်။
၎င်းက “ကတ်ဈေးတွေ အပြင်မှာ မြင့်တက်နေပေမယ့် ဆက်ပြီးချပေးနေပါတယ်။ ကွန်ရက်တည်ဆောက် တာ များလာတာနဲ့အမျှ ဆက်ချပေးနေမှာပါ။ တယ်လီနော အရောင်းဆိုင်တွေမှာ ရနိုင်ပါတယ်။ ကျပ် ၁,၅၀၀ ထက် ပိုပေးပြီးမဝယ်ဖို့ တိုက်တွန်းပါတယ်” ဟု ဆိုသည်။
ရန်ကုန်မှ တယ်လီနောဆင်းမ်ကတ် ဝယ်ယူအသုံးပြုလိုသူ တစ်ဦးက “အပြင်မှာ ပေါက်ဈေးတွေက အမျိုးမျိုး ဖြစ်နေတယ်။ ကျပ် ၈,၀၀၀ ၀န်းကျင်လောက်အထိ ရှိတယ်။ တယ်လီနော အရောင်းဆိုင်တွေမှာကို ကတ် မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ” ဟု ဝယ်ယူရန် အခက်အခဲ ဖြစ်နေမှုကို မေးခွန်းထုတ်သည်။
တယ်လီနောမြန်မာ၏ ဒီဇင်ဘာလကုန် အထိစာရင်းများအရ ဝန်ဆောင်မှု ပေးနေသည့် နေရာများတွင် စုစုပေါင်း တာဝါတိုင် ၆၉၀ တည်ဆောက်ထားပြီး ဖြစ်သည်။ ယင်း စာရင်းတွင် တယ်လီနောမြန်မာက ဆင်းမ်ကတ် ၃ ဒသမ ၅ သန်း ချထားပေးပြီး ကတ်နှစ်သန်း အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။
တယ်လီနောမြန်မာ၏ ၀န်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဝန်ဆောင်မှုပေးနေပြီး ဇန်နဝါရီ ၁၂ ရက်က မကွေးတိုင်းအတွင်း ဝန်ဆောင်မှု စတင်ဖွင့်လှစ်ပြီးဖြစ်သည်ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက ဆိုသည်။
လက်ရှိအချိန်တွင် ဆက်သွယ်ရေးအော် ပရေတာလုပ်ငန်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT)နှင့် တယ်လီနော တို့က ဝန်ဆောင်မှုများ အပြိုင်ပေးလျက် ရှိနေသည်။
မောင်မန်း
ရန်ကုန် (မဇ္ဈိမ)
Edited (TEAM BCJP)
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း