They can't kill spirit of Charlie Hebdo ! ! !

hnm | 月曜日, 1月 12, 2015 |




 


 Charlie Hebdo စောင်ရေ ၁ သန်း ဖြန့်ချိသွားမည်


လာမည့် သီတင်းပတ်အတွင်း Charlie Hebdo မဂ္ဂဇင်း စောင်ရေ ၁ သန်း ဖြန့်ချိသွားမည်ဟု ပြင်သစ် မီဒီယာများနှင့် စာနယ်ဇင်း သမားများက ကြုံးဝါး ထားသည်။

လာမည့်ဗုဒ္ဓဟူးနေ့တွင် ထွက်ရှိမည်ဖြစ်သော Charlie Hebdo မဂ္ဂဇင်းကို စောင်ရေ ၁သန်းခန့် ဖြန့်ချိသွားမည်ဖြစ်ကြောင်း Charlie Hebdo ရှေ့နေ ရစ်ချတ်မော်လ်ကာ၏စကားကို ကိုးကား၍ ပြင်သစ်သတင်းစာ Le Monde က ဖော်ပြသည်။ ချာလီဟက်ဘ်ဒို သည် အပတ်စဉ်ထုတ် မဂ္ဂဇင်းဖြစ်ပြီး ပုံမှန်စောင်ရ လေသောင်း ငါးထောင်ခန့်ရှိကြောင်း သိရသည်။

ကြာသပတေးနေ့က Charlie Hebdo တွင် ပင်တိုင်ရေးသားလေ့ရှိသူ ပက်ထရစ်ပယ်လူးကလည်း အင်တာဗျုးတခုတွင် Charlie Hebdo ရပ်တန့်သွားမည် မဟုတ်ကြောင်း မျက်ရည်စက်လက်ဖြင့် ကြုံးဝါးသွားသည်။
ပယ်လူသည် ဆရာဝန်လည်းဖြစ်ပြီး ချာလီဟက်ဘ်ဒို တိုက်ခိုက်ခံရချိန်တွင် အနီးအပါးတွင်ရှိနေခဲ့ပြီး ဒဏ်ရာသူများကို ပြုစုရန် အကူအညီတောင်းခံခဲ့ရသေးသည်။

iTELE ရုပ်သံလိုင်းနှင့် အင်တာဗျုးတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသား၊ အမျိုးသမီးများသည် လူစွမ်းကောင်းများဖြစ်သည်ဟု ပယ်လူး က ပြောသည်။

“အဲဒီတုန်းက သူတို့က လူမျိုးရေးခွဲခြားမှုကို ဘယ်လို တိုက်ဖျက်မလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေကြတာ၊ အဲဒီမှာ တည့်တည့်တိုးတာပဲ”

“မဂ္ဂဇင်းက ဆက်ထွက်နေဦးမှာပဲ”ဟု ၎င်းက ပြောသည်။

ရေဒီယိုပြင်သစ် နှင့် ပြင်သစ်ရုပ်သံတို့ကလည်း မဂ္ဂဇင်းဆက်လက်ထွက်ရှိရေးအတွက် ကူညီသွားမည်ဖြစ်ကြောင်း ပူးတွဲကြေငြာချက်တစောင် ထုတ်ပြန်သည်။ ယင်းအပြင် ချာလီဟက်ဘ်ဒိုကို အကူအညီပေးရန် အခြား မီဒီယာဌာနများသို့လည်း တိုက်တွန်းထားသည်။

“ခြောက်လှန့်မှုနှင့် ကြုံတွေ့ရနေချိန်မှာ ရေဒီယိုပြင်သစ်၊ ပြင်သစ်ရုပ်သံနှင့် Le Monde တို့က ချာလီဟက်ဘ်ဒို မရပ်တန့်သွားရန်နှင့် ဆက်လက်ထွက်ရှိနိုင်ရန် လိုအပ်သည့်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွတ်လပ်မှု၏ အခြေခံသဘောတရား၊ လွတ်လပ်စွာ တွေးခေါ်နိုင်မှု၊ လွတ်လပ်စွာ ဖော်ပြနိုင်မှုတို့ကို စုစုစည်းစည်းဖြင့် ကာကွယ်ကြရန် အဖွဲ့ ၃ ဖွဲ့မှ ပြင်သစ်မီဒီယာများအား ဆော်သြထားသည်။

ပါရီမြို့ရှိ Charlie Hebdo ရုံးခန်းသို့ မျက်နှာဖုံးစွပ်သေနတ်သမားများက အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အယ်ဒီတာချုပ်အပါအ၀င် ဂျာနယ်လစ် ၈ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအ၀င် ၁၂ ဦး သေဆုံးခဲ့ရသည်။

News Watch

Category: , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ