လူဦးရေအဆမတန်တိုးပွားခြင်းပြသနာအား ဘင်္ဂလားဒေ့ရှ်အစိုးရမှ မထိန်းချုပ်ခြင်းနှင့် မဖြေရှင်းခြင်းများကြောင့် အိမ်နီးချင်းနိုင်ငံများအား ဆက်လက်ခိုးဝင်ကျူးကျော်လျှက်ရှိ
ဓါတ်ပုံ-မြန်မာနိုင်ငံအတွင်းသို့ခိုးဝင်ကျူးကျော်နေထိုင်၍မြန်မာနိုင်ငံအားဒုက္ခပေးရန်ကြိုးပမ်းခဲ့ကြသူဘင်္ဂလီမွတ်ဆလင်များ(၂၀၁၂)
ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်မှာ ရဲက တရားမ၀င် ၀င်ရောက်မှု သံသယနဲ့ ကား ၅ စီးကို လိုက်လံဖမ်းဆီးရာ ကားပေါ်မှာ ဘင်္ဂလီမွတ်ဆလင် ၉၈ ဦးကို ထိန်းသိမ်းပြီး အဲဒီထဲက အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကားတွေပေါ်မှာ ကြပ်ကြပ်ညပ်ညပ် လိုက်ပါလာခဲ့ကြတဲ့ ကျန်သူတွေဟာလည်း အစာ ရေစာပြတ်ပြီး နွမ်းနယ်နေကြတဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဟိုဆိုင်း ရဲစ ခန်း ဒုရဲမှူး ဆုမ်ဖွန်း ထောင်းန်ကျင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်းသ တင်းမှာ ဖော်ပြပါတယ်။
ဖန်ငခရိုင် ပာတ်ခ်နမ့်မြို့နယ်ကနေ ဆုန်ခလာမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ ကားတွေကို ရဲက လိုက်ဖမ်းခဲ့တာဖြစ်ပြီး ဒရိုင်ဘာ သုံးဦးကတော့ ကားတွေကို ထားပြီး ထွက်ပြေး သွားကြပါတယ်။
ဘင်္ဂလီမွတ်ဆလင်တွေဟာ လူကုန်ကူးမှုရဲ့တန်ဆာခံတွေ ဖြစ်ရင် ကယ်ဆယ်ရေး ဌာနကို ပို့ဆောင်ပေးမှာဖြစ်ပြီး တရားမ၀င် ၀င်ရောက်လာတာပေါ်လွင်ရင် ဥပဒေအရ အရေးယူဖို့ အထူးစုံ စမ်းစစ်ဆေးရေးဌာနဘက် လွှဲအပ်သွားမယ်လို့ ဒုရဲမှူးက ပြောပါတယ်။
DVB
Edited (TEAM BCJP)
Category: bcjpnoa, News, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း




