ရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံ တာဝန်ခံကို အမည်မသိသူများက ခေါ်ဆောင်သွား

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ မုံးပေါ် ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံမှ စက်ရုံတာဝန်ခံ ဦးအောင်ဇော်ထွန်းကို မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား(၃)ဦးက ဖေဖော်ဝါရီ (၁၄)ရက် ညနေပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ မုံးပေါ်ရွာရှိ နေအိမ်မှာ လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီ ဝန်ထမ်းဟာ အီလက်ထရောနစ် ကျွမ်းကျင်(၃)အဆင့်နဲ့ ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ ဝန်ထမ်း တစ်ယောက်ဖြစ်ပြီး နေအိမ်တွင် ရှိနေစဉ် ည(၁၀)မှာ လာရောက် ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နယ်မြေဒေသရှိ အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားခဲ့ရာ စုံစမ်း ရှာဖွေလျက် ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ မူဆယ်ဇုန် နယ်ခွဲမှာ မုံးပေါ်၊ ဖောင်းဆိုင်၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးဝီး စုစုပေါင်း ထပ်ဆင့်လွှင့်စက်ရုံ ခုနစ်ရုံရှိရာ စက်ရုံ သုံးရုံမှ ဝန်ထမ်းများမှာ မူဆယ်စက်ရုံသို့ လာရောက် ပူးပေါင်းခဲ့ပြီး ကျန်စက်ရုံ လေးရုံမှ ဝန်ထမ်းများအား လုံခြုံရေး အခြေအနေအရ လာရောက် ပူးပေါင်းနိုင်က လာရောက်ကြရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရုံးချုပ်)က အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရပါတယ်။
SUN
Category: bcjpnoa, News, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း