မြန်မာ့ နောက်ဆုံးပေါ်နည်းပညာရှင်များနှင့် အဆောက်အဦး တည်ဆောက်မှု့၊ရန်ကုန်တိုင်းအတွင်း ငှားရန်းမှု့၊ ကျူးကျော်နေထိုင်မှု့ အခြေအနေ

မြေရှင်များ စုပေါင်းကာ ကန်ထရိုက် ပေးမှုတွေ များပြားလာ
သာကေတမြို့နယ်မှာ ယခုနောက်ပိုင်း အိမ်အရောင်းအဝယ် ပြုလုပ်တာထက် မြေရှင်တွေစုပေါင်းကာ ကန်ထရိုက်ပေး ဆောက်လုပ်မှုသာ ပိုမိုများပြားလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
ကန်ထရိုက် ဆောက်လုပ်မှု များပြားလာပေမယ့် အချို့ကန်ထရိုက်တွေ အနေနဲ့ စည်ပင်ခွင့်ပြုချက် မရယူတဲ့ ဆောက်လုပ်မှုတွေရှိနေပြီး အိမ်နီးနားချင်းတွေရဲ့ သဘောတူညီမှုကိုလည်း ရယူလေ့ မရှိဘူးလို့ သိရပါတယ်။
ဆောက်လုပ်တဲ့ အခါမှာလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မဆောက်တဲ့အတွက် အိမ်ရှင်တွေအနေနဲ့ အခက်အခဲကြုံရတဲ့အပြင် တည်ဆောက်မှု မပြီးစီးခင်မှာဘဲ ကန်ထရိုက်မှ ထွက်ပြေး တိမ်းရှောင်သွားတာတွေကိုလည်း ကြုံတွေ့ရတယ်လို့ သိရပါတယ်။
ယခုလိုအခက်အခဲတွေကို အိမ်ရှင်တွေအနေနဲ့ ကြုံတွေ့ရသကဲ့သို့ ကန်ထရိုက် ဆောက်လုပ်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့လည်း အခက်အခဲအချို့ ကြုံတွေ့ရလေ့ ရှိတယ်လို့ သိရပါတယ်။
ကန်ထရိုက်ပေး ဆောက်လုပ်မှု များပြားလာတဲ့အတွက် ကန်ထရိုက်ပေးလိုက်တဲ့ မြေရှင်တွေအနေနဲ့ လတ်တလော အိမ်ငှားရမ်းနေထိုင်မှုမှာတော့ အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ သိရပါတယ်။
သာကေတမြို့နယ်မှာ အိမ်ငှားရမ်းခ ဈေးနှုန်းတွေကလည်း ယခုနောက်ပိုင်းမှာ အဆမတန် မြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။ တိုက်ခန်းတွေမှာ စပေါ်ပျောက်အနေနဲ့ ငှားရမ်းနေထိုင်လိုပါက တည်နေရာအ ကျယ်အဝန်းပေါ် မူတည်ပြီး ပထမထပ်ကို အနိမ့်ဆုံးနှစ်သိန်းကနေ သုံးသိန်းအထိပေးကာ ငှားရမ်းနေထိုင်ရတဲ့အပြင် လုံးချင်းအိမ် ကို ငှားရမ်းနေထိုင်လိုပါက တည်နေရာအကျယ်အဝန်းပေါ် မူတည်ပြီး နှစ်သိန်းခွဲမှ သုံးသိန်း ပေးရလေ့ရှိတယ်လို့ သိရပါတယ်။
စပေါ်ပေးကာ ငှားရမ်းနေထိုင်လိုသူတွေ အနေနဲ့ကတော့ အနိမ့်ဆုံး ငွေကျပ်(၂၅)သိန်းကနေ သိန်း(၆ဝ)အထိ ပေးရလေ့ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သာကေတမြို့နယ်မှာ အိမ်ခြံမြေ ဈေးနှုန်းတွေကလည်း မြင့်တက်လာတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ အိမ်ပိုင်ဆိုင်ဖို့ အလှမ်းဝေးသထက် ဝေးလာတယ်လို့ ဆိုပါတယ်။ ၂ဝ၁၄ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်းကစပြီး (၁ဝ)ပေ၊ ပေ(၆ဝ)တစ်ကွက်ကို ငွေကျပ်သိန်း(၃ဝဝ)အထက်နဲ့ အရောင်းအဝယ် ပြုလုပ်ကြပြီး ပေ(၂ဝ)ပေ(၆ဝ)တစ်ကွက်ကို သိန်း (၁၅ဝဝ)အထိ အရောင်းအဝယ် ပြုလုပ်ကြတဲ့အပြင် ပေ(၄ဝ)ပေ(၆ဝ)တစ်ကွက်ကို သိန်း(၄ဝဝဝ)အထိ အရောင်းအဝယ် ပြုလုပ်လာကြတယ်လို့ သိရပါသည်။
SUN
အိမ်ခန်း ငှားရမ်းခ ဈေးနှုန်းတွေ မြင့်မားလာတဲ့အတွက် ၀င်ငွေနည်း မိသားစုအချို့ အခက်ကြုံနေ
အိမ်ခန်း ငှားရမ်းခ ဈေးနှုန်းတွေ မြင့်မားလာတဲ့အတွက် ၀င်ငွေနည်း မိသားစုအချို့ နေစရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အဲဒီလိုနေစရာ အခက်ကြုံနေတဲ့ မိသားစုတွေဟာဆိုရင် လတ်တလော နေစရာ ဖြေရှင်းဖို့အတွက် နီးစပ်ရာ မြေကွက်လပ်လွတ်တွေမှာ ယာယီဆောက်လုပ် နေထိုင်နေကြရတယ်လို့ အဲဒီမိသားစုတွေထံက စုံစမ်းသိရှိရပါတယ်။
လက်ရှိကာလမှာ အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းလာပေမယ့် အငှားဈေးနှုန်းတွေကတော့ ဆက်လက်တက်နေဆဲ ဖြစ်တယ်လို့လည်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေထံက သိရှိရပါတယ်။
ဒီလိုအိမ်ပိုင်ဆိုင်ခြင်းမရှိဘဲ အငှားနေထိုင်သူတွေအတွက် ၀န်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ်လာတဲ့ အငှားဈေးနှုန်း အဆမတန် မြင့်တက်လာမှုကို အစိုးရပိုင်းအနေနဲ့ ၀င်ရောက် ထိန်းချုပ်ပေးနိုင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုလိုပိုင်ရှင် လာရောက်နေထိုင်ခြင်းမရှိတဲ့ မြေကွက်တွေအပေါ် ဆောက်လုပ် နေထိုင်မှုဟာ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ အများဆုံး ရှိနေတာဖြစ်ပြီး အများစုဟာ ပုံမှန်ဝင်ငွေမရှိတဲ့ မိသားစုတွေ ဖြစ်တယ်လို့ သိရပါသည်။
SUN
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း