ဗိုလ်ချုပ်ရဲ့ မူဝါဒလမ်းစဉ်၊ ရည်မှန်းချက်ကို သိရှိနားလည်ပြီး ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းသာယာပြီး ခေတ်မီတိုးတတ်တဲ့ နိုင်ငံအဖြစ် မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်တယ်
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်နဲ့ မူဝါဒလမ်းစဉ်တွေကို အကောင်အထည် ဖေါ်နိုင်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နေပြည်တော် လွှတ်တော်သဘင်ဆောင်မှာ ကျင်းပတဲ့ ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု လွှတ်တော်နာယကက ဗိုလ်ချုပ်ရဲ့ မူဝါဒလမ်းစဉ်၊ ရည်မှန်းချက်ကို သိရှိနားလည်ပြီး ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းသာယာပြီး ခေတ်မီတိုးတတ်တဲ့ နိုင်ငံအဖြစ် မလွဲမသွေ ရောက်ရှိလာမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ် ကြိုးပမ်းခဲ့တဲ့ ဒီမိုကရေစီ လုပ်ငန်းတွေကို ပြည့်မြောက်အောင် အကောင်အထည် ဖေါ်ဖို့အတွက် မိမိတို့အားလုံး ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်း ပြောကြားသွားပါတယ်။
နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာ ကျင်းပတဲ့ အဲဒီဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နဲ့ ပါတီ(၁၃)ခုမှ ကိုယ်စားလှယ်တို့က ဗိုလ်ချုပ်အမှတ်တရ စာတမ်းတွေကို ဖတ်ကြားသွားပါတယ်။
အခမ်အနားကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်း၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြတယ်လို့ သတင်းရရှိပါသည်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း




