ရန်ကုန်တိုင်းဒေသကြီး ဖေဖော်ဝါရီ ပထမအပတ်မှာ ယာဉ်တိုက်မှု့ ကျဆင်း

hnm | 日曜日, 2月 15, 2015 |




ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဇန်နဝါရီ (၃၀)ရက်မှ ဖေဖော်ဝါရီ (၅)ရက်ထိ ယာဉ်တိုက်မှု (၄၄)မှု ဖြစ်ပွားခဲ့ပြီး ယခင်အပတ်ထက်စာရင် ယာဉ်တိုက်မှု (၁၈)ခု လျော့နည်း ကျဆင်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ရန်ကုန်)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ယာဉ်တိုက်မှု (၄၄)မှုမှာ အမျိုးသား (၇)ဦး၊ အမျိုးသမီး(၅)ဦး သေဆုံးခဲ့ကာ အမျိုးသား (၃၇)ဦး၊ အမျိုးသမီး (၂၀)ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး နေ့ပိုင်း ယာဉ်တိုက်မှု (၃၁)မှု၊ ညပိုင်း ယာဉ်တိုက်မှု (၁၃)မှုတို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ယာဉ်မောင်း မဆင်မခြင် မောင်းနှင်မှု၊ လမ်းကူးသူ ပေါ့ဆမှု၊ အရှိန်ပြင်း မောင်းနှင်မှုစတဲ့ အကြောင်းအရာတွေကြောင့် အခုလို ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ (၃၀)ရက်မှ ဖေဖော်ဝါရီ (၅)ရက်ထိ ယာဉ်စည်းကမ်း ဖမ်းဆီး အရေးယူ ဆောင်ရွက်မှု စုစုပေါင်း (၆၄၀၂)မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်လိုင်စင် ပိတ်သိမ်းမှု (၄၄၉)မှု ပါဝင်ကာ မီးနီဝင် ဖမ်းဆီး အရေးယူ အစီး(၄၀)နဲ့ လမ်းပြောင်းပြန် မောင်းနှင်မှု (၅၇)စီး အရေးယူခဲ့တယ်လို့ သိရပါတယ်။ 

ဆိုင်ကယ် ဖမ်းဆီး အရေးယူ ဆောင်ရွက်ချက်တွေအရ လိုင်စင်ရှိ ဆိုင်ကယ် ပိတ်သိမ်းမှု (၂၈၁)စီးနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး စုစုပေါင်း ဆိုင်ကယ် အစီးရေ (၂၈၅)စီး အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


SUN

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ