ကိုးကန့်နဲ့ terroristsအပေါင်းအပါများအား အမြစ်မကျန်အောင် ချေမှုန်းသွားမည်

hnm | 金曜日, 2月 20, 2015 |




လောက်ကိုင် တိုက်ပွဲများမှာ ကျူးကျော်သူများကြောင့် ဖြစ်ရသဖြင့် လက်မခံနိုင်


လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြန်မာ့မြေကို ကျူးကျော်သူတွေဖြစ်တဲ့အတွက် လက်မခံနိုင်ကြောင်း ပြည်သူအချို့က ပြောကြားခဲ့ကြောင်း သိရပါတယ်။ 

အဲဒီတိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် နှစ်ဖက်စစ်သည်များ ကျဆုံးမှု များပြားခဲ့သလို ဒေသခံပြည်သူတွေနဲ့ အဲဒီဒေသကို သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အသီးသီးက အလုပ်သမားတွေဟာလည်း နေရပ်ဒေသကို ပြန်လည် ထွက်ခွာလာကြရတဲ့ သူတွေကလည်း လူဦးရေထောင်ချီ ရှိနေတယ်လို့ သိရပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နယ်မြေမှာ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တိမ်းရှောင် အဖွဲ့တို့အကြား ဖေဖော်ဝါရီ(၉)ရက်ကစပြီး ယနေ့အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 ဖေဖော်ဝါရီ (၉)ရက်က ကိုးကန့်တိမ်းရှောင်အဖွဲ့ဟာ လက်နက်ငယ်များ ကိုင်ဆောင်ပြီး ကွမ်းလုံမြို့ မြောက်ဘက် တောက်ရွှေကျေးရွာကို မော်တော်ယာဉ်တွေနဲ့ ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ်ထံက လက်နက်ငယ်ရှစ်လက် သိမ်းယူသွားခဲ့တဲ့အတွက် တပ်မတော်က လိုက်လံရှင်းလင်းရာမှ တိုက်ပွဲများ၊ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီတိုက်ပွဲတွေထဲမှာ ဖေဖော်ဝါရီ(၁ဝ)ရက်က ဖြစ်ပွားခဲ့တဲ့ ညံခွမ်းနဲ့(၁၈)မိုင်တစ်ဝိုက် တိုက်ပွဲဟာ အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ကိုးကန့်တိမ်းရှောင်အဖွဲ့ဟာ တပ်မတော် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သည်သာမက လောက်ကိုင် တပ်နယ်အတွင်းကိုလည်း အကြမ်းဖက် ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ(၁၁)ရက်က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး၊ ဆီအော့ အကျဉ်းဦးစီးဌာနနဲ့ ရန်လုံကျိုင်း ရဲစခန်းတို့ကိုလည်း လက်နက်ကြီးငယ်များနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


SUN

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ