မြန်မာ့အားကစား

hnm | 月曜日, 6月 29, 2015 |




ကမ္ဘာ့ကိုယ်ခံပညာစုံအတိုက်ပြိုင်ပွဲ One Championshipပွဲအား ဇူလိုင် ၁၈ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်မည်



ကမ္ဘာ့ ကိုယ်ခံ ပညာစုံ အတိုက်ပြိုင်ပွဲတစ်ပွဲဖြစ်သည့် ''ONE Championship'' ပြိုင်ပွဲ အား ဇူလိုင် ၁၈ရက်တွင် မြန်မာနိုင်ငံ ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်း၏ တရားဝင် ဝက်ဘ်ဆိုက် မှတစ်ဆင့် အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။ စင်ကာပူနိုင်ငံတွင် အခြေစိုက် ပြီး၂၀၁၁ခုနှစ် ဇူလိုင်လတွင် စတင် ဖွဲ့စည်းခဲ့သည့် ''ONE Championship'' ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် မြန်မာနိုင်ငံအနေဖြင့်အဖွဲ့တည်ထောင်ခြင်း လေးနှစ် မြောက်ပြည့်မြောက် သည့်အချိန်တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် နိုင်ငံဖြစ်လာမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံအားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ''မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအ ဆင့်ပြိုင်ပွဲတွေ ကို လက်ခံကျင်းပနိုင် တဲ့အနေအထားကို ပိုင်ဆိုင်ထားပါ ပြီ။ အာရှတိုက်ရဲ့ အကြီးမားဆုံးကိုယ် ခံပညာအတိုက်ပြိုင်ပွဲနဲ့ ကမ္ဘာ့စိတ် အလှုပ်ရှားဆုံး ကိုယ်ခံပညာပြိုင်ပွဲ တွေကို မြန်မာနိုင်ငံမှာ ကျင်းပနိုင် တော့မှာပါ။ ဒီလိုအခြေ အနေတွေ ကြောင့် မြန်မာပြည်မှာရှိတဲ့ပရိသတ် တွေအတွက် စိတ်လှုပ်ရှား မှုပေးနိုင် သလို၊ တိုင်းပြည်ရဲ့အားကစားတိုး တက်ရေးအတွက်လဲ အထောက်အ ကူပြုနိုင်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကို လာရောက်အားပေး မယ့် ပြည်ပက ပရိသတ်တွေအနေနဲ့ လဲ မြန်မာနိုင်ငံ ရဲ့ လှပတဲ့ နေရာဒေ သတွေ ကို လေ့ လာခွင့်ရရှိမှာပါ''ဟု ပြောကြားသွား ခဲ့သည်။

ပြိုင်ပွဲတွင် ကမ္ဘာ့ဂျူဂျစ်ဆုချန်ပီ ယံ ဘရာဇီးနိုင်ငံသား ဖာနန်ဒက်စ် နှင့် CWSC ချန်ပီယံဖြစ်သူ ဖင်လန် နိုင်ငံသား တိုနီတာရူတို့ အပြင် ထိပ် တန်းကိုယ် ခံပညာရှင်များ ပါဝင်ယှဉ် ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ဖော် ပြ ထားသည်။ ပြိုင်ပွဲဝင်ကြေးများအား အထူး တန်း နှစ်သိန်းကျပ်သတ်မှတ် ထားပြီး ၅၀၀၀၀၊ ၂၅၀၀၀၊ ၁၀၀၀၀ အစသဖြင့် အစဉ်လိုက်သတ်မှတ် ထားသည်။











Mr.NatRay & Ms. Real ပြိုင်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC တွင်ဇွန် ၂၇ ရက်နေ့က ကျင်းပပြုလုပ်



၂၀၁၅ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလမောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC တွင် ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပြီး ကာယ ဗလမောင်အကြီးတန်းပြိုင်ပွဲတွင် ပထမ ဦးတင်လတ်၊ ဒုတိယ ဦးဝင်းတင် ၊ တတိယ ဦးကြည်ထွေး တို့က လည်းကောင်း ၊ ကာယဗလမောင် အငယ်တန်းပြိုင်ပွဲတွင် ပထမ ချစ်ငွေ ၊ ဒုတိယ အိပ်ခ်ျဘရန်မိုင် ၊ တတိယ လမင်းတရာ ၊ တို့က လည်းကောင်း ၊ ကာယဗလမောင် အလွတ်တန်းပြိုင်ပွဲတွင် ပထမ ညီဖြူ၊ ဒုတိယ ရဲထွန်းနောင်၊ တတိယ မောင်မောင်မြင့်၊ တို့က လည်းကောင်း အသီးသီးရရှိသွားပါတယ်။ ထို့နောက် အမျိုးသမီး ကာယကြံ့ခိုင်မှု Model Physique ပြိုင်ပွဲ ၁၆၅ စင်တီမီတာအောက် ပြိုင်ပွဲတွင် ပထမ ချယ်ရီမောင် ၊ ဒုတိယ နန်းလောင်ခမ်း ၊ တတိယ ခိုင်ယမင်းဦး ၊ တို့က လည်းကောင်း၊ ၁၆၅ စင်တီမီတာ အထက် ပြိုင်ပွဲတွင် ပထမ ဆွေဆွေအောင်၊ ဒုတိယ ထားဦးဝေ ၊ တတိယ လတ်မေဇင်သော်၊ တို့က လည်းကောင်း အသီးသီး ရရှိသွားကြပါတယ်။


လက်ရွေးစင်အသင်းတွင် ပါဝင်ရန် ကစားသမားတိုင်းတွင် အခွင့်အရေးရှိကြောင်း နည်းပြချုပ်ဖွင့်ဟ

ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာလက်ရွေးစင်အသင်းကို အပြောင်းအလဲ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာယူ-၂၀၊ မြန်မာယူ-၂၃ အသင်းတို့မှ ကစားသမားများကို ခေါ်ယူသွားမည်ပြု သတင်းများထွက်ပေါ်နေသော်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပါတွင် ခြေစွမ်းပြနိုင်သူ မည်သူမဆို လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း နည်းပြချုပ် အေဗရာမိုဗစ်က ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိယှဉ်ပြိုင်နေသော ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲဝင် မြန်မာလက်းရွေးစင်အသင်းမှ စီနီယာကစားသမား အချို့မှာ လက်ရွေးစင်အသင်းမှ အနားယူသွားဖွယ်ရှိနေပြီး နည်းပြချုပ် အေဗရာမိုဗစ်ကလည်း အသင်းကို အပြောင်းအလဲပြုလုပ်သွားရန်ရှိနေသည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင် အသင်းအားအပြောင်းအလဲ ပြုလုပ်ရာတွင် ခေါ်ယူရန်ရည်ရွယ်ထားသည့် ကစားသမားများ ရှိနေသော်လည်း လက်ရှိအချိန်တွင် ထုတ်ဖော်ပြောကြား မည်မဟုတ်ကြောင်းနှင့် မြန်မာနေရှင်နယ်ပြိုင်တွင် ထူးချွန်သည့် ကစားသမားများမှာလည်း လက်ရွေးစင်အသင်းတွင် ပါဝင်ခွင့်ရမည်ဖြစ် ကြောင်းဆိုခဲ့သည်။

အေဗရာမိုဗစ်ကပြောကြားရာ “ မြန်မာယူ-၂၀နဲ့ ယူ-၂၃ ကစားသမားတွေကို ခေါ်ဖို့တော့ရှိပါတယ်။ ဒီထဲက ကစားသမားတွေက သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေမှာ ခြေစွမ်းပြနိုင်တယ်ဆိုပေမယ့်။ ပြိုင်ပွဲပြီးသွားတော့ ကလပ်အသင်းမှာ ပွဲထွက်ခွင့်မရဘဲ ခြေစွမ်းပျောက်ဆုံးနေမယ်ဆိုရင်တော့ ခေါ်ယူမှာမဟုတ်ပါဘူး။ သူတို့ထက်စာရင် မြန်မာနေရှင်နယ်လိဂ်မှာ ခြေစွမ်းပြပြီး ပွဲထွက်ခွင့်ရတဲ့သူက ပိုပြီး အခွင့်အရေးရှိပါတယ်ဟု” ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ပတွင်လည်း သွားရောက်ကာ လေ့ကျင့်ခြေစမ်းပွဲများ ကစားရန်ရှိကြောင်းလဲ သိရသည်။

 မြန်မာလက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စုပွဲစဉ်အဖြစ် လာအိုအသင်း၊ တောင်ကိုရီးယားအသင်းတို့နှင့် နှစ်ပွဲ ယှဉ်ပြိုင် ကစားထားပြီး တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရလဒ်ရရှိထားသည်။ ထို့နောက် တတိယ ပွဲစဉ်အဖြစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ကူဝိတ်အသင်း၊ အောက်တိုဘာ ၈ ရက်နေ့တွင် လက်ဘနွန်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် လာအို၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် တောင်ကိုရီးယား၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကူဝိတ်၊ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် လက်ဘနွန်အသင်းတို့နဲ့ ထပ်မံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါသည်။



ကျော်ဇင်ဖြိုးကို မြန်မာ့လက်ရွေးစင်အသင်းကြီးသို့ ခေါ်ယူမည်


စင်ကာပူဆီးဂိမ်းတွင်လက်စွမ်းပြကစားနိင်ခဲ့သည့်ယူ၂၃ဂိုးသမား ကျော်ဇင်ဖြိုးအား မြန်မာ့လက်ရွေးစင်အသင်းကြီးသို့ ခေါ်ယူသွားမည်ဟု ဘောလုံးအဖွဲ့ချုပ်မှသိရသည်။

အဆိုပါ ကစားသမားအား ဆီးဂိမ်း အကြိုဗိုလ်ပွဲ နှင့် ဗိုလ်လုပွဲ နှစ်ပွဲ တွင် ကစားခဲ့သည့် လက်စွမ်းကြောင့် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သို့သောလည်းနံပါတ်၁ဂိုးသမားအဖြစ်ထားရှိရန်မဆုံးဖြတ်ထားသေးကြောင်း မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်ကပြောသည်။

" လူကောင်းသေးပေမဲ့ နောက်ဆုံးကစားသွားတဲ့နှစ်ပွဲမှာ တည်တည်ငြိမ်ငြိမ်နဲ့အမှားမရှိအောင်ကစားသွားခဲ့တယ်၊အရမ်းကောင်းပါတယ်၊လက်ရွေးစင်အသင်းမှာကစားနိင်ပါတယ်၊သူ့ကိုအသင်းကြီးမှာကစားဖို့ ခေါ်သွားမှာပါ" ဟု ၎င်းကပြောသည်။

နံပါတ် ၁ ဂိုးသမားနေရာအတွက် ကျော်ဇင်ဖြိုးအနေဖြင့် လက်ရှိမြန်မာ့လက်ရွေးစင်အသင်းကြီးတွင် ရှိနေသည့် ဂိုးသမားများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းလက်ရှိအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အိမ်ရှင်အဖြစ်ကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲ ကစားရန်ရှိကြောင်း သိရသည်။ ယူ၂၃ ဂိုးသမား ကျော်ဇင်ဖြိုးသည် ကျင်းပပြီးစီးခဲ့သည့်စင်ကာပူဆီးဂိမ်းပြိုင်ပွဲလက်စွမ်းပြကစားနိင်ခဲ့သည့်အတွက် အသင်းများထဲမှအကောင်းဆုံးဂိုးသမားအဖြစ် ရွေးချယ်ခြင်းခံရသည့်အပြင် မြန်မာပရိတ်သတ်များပေးသည့် ရွှေလက်ပိုင်ရှင်လည်း ဖြစ်ခဲ့သည်။



အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ- ၁၈ အသင်းကို နည်းပြအဖွဲ့အပြောင်းအလဲပြုလုပ်သွားမည်ဟု ဥက္ကဋ္ဌပြောကြား

အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မည့် မြန်မာယူ-၁၈ အသင်းကို နည်း ပြအဖွဲ့ အပြောင်းအလဲပြုလုပ်ကာ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြား လိုက်သည်။ မြန်မာယူ-၁၈ အသင်းကို လက် ရှိတွင် ပြည်တွင်းနည်းပြဖြစ်သူ KBZ နည်းပြချုပ်ဟောင်း ဦးသန်းထိုက်မှ နည်းပြအဖြစ် တာဝန်ယူဆောင်ရွက် နေသော်လည်း မြန်မာယူ-၂ဝ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်မှ ပြောင်း လဲတာဝန်ယူချင်ကြောင်း သတင်းများ ထွက်ပေါ်အပြီးတွင် ယခုကဲ့သို့ နည်းပြ အဖွဲ့ ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်ပြီး လက်ရှိနည်းပြဖြစ်သူ ဦးသန်းထိုက်က လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော် ဇော်က ''အာရှယူ- ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ယူ- ၁၈ အသင်းကို နည်းပြအပြောင်း အလဲလုပ်ပြီးပြိုင်မယ်။ ဒီအပြင် လက် ရွေးစင်အသင်း အခြားပြိုင်ပွဲဝင်မယ့် အသင်းတွေရဲ့ပြင်ဆင်မှုတွေကိုလဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည် သူတွေသိအောင်ဖြေကြားပေးမယ်။ အချိန်တစ်ပတ်လောက်စောင့်ပါ''ဟု ချင်းနှင့် ဧရာဝတီပွဲစဉ်အပြီးတွင် မီဒီ ယာများ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့သည်။

အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင် ပွဲခြေစစ်ပွဲအား စက်တင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာယူ- ၁၉ အသင်းမှ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမောအသင်းတို့နှင့် ယှဉ် ပြိုင်ရမည်ဖြစ်သည်။
မြန်မာယူ- ၁၉ အသင်းမှ ပြီးခဲ့ သည့် ၂ဝ၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အာရှယူ- ၁၉ ပြိုင်ပွဲကို အိမ်ရှင်အ ဖြစ် လက်ခံကျင်းပခဲ့သည့်အတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်စရာမလို ဘဲ တိုက်ရိုက်ကစားခွင့်ရရှိခဲ့ခြင်းဖြစ် သည်။



၂၀၁၅ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုကလပ်အသင်း ပထမအဆင့်မှ ယှဉ်ပြိုင်ရမည်



Japan Toyota Motor and Dentsu Sports Asia ကုမ္ပဏီတို့ ပူးပေါင်း ကူညီပံ့ပိုး ကျင်းပမည့် တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကလပ်အသင်းသည် ပထမအဆင့်မှ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ချန်ပီယံအသင်းအား အမေရိကန်ဒေါ်လာ ၇၅၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းတိုင်းဆုကြေးရရှိမည် ဟုသိရသည်။ ၂၀၁၅ တိုယိုတာမဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့်မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယား အစရှိသည့် ဘောလုံးအဖွဲ့ချုပ် အသီးသီး၏ လိဂ်ပြိုင်ပွဲများမှ ချန်ပီယံကလပ် အသင်းများ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်အတွက် ပြိုင်ပွဲကျင်းပရေး အစည်းအဝေးဆုံးဖြတ်ချက်အရ အဆင့် ၃ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ပထမအဆင့်မှစ၍ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းသို့ အဆင့်များ သတ်မှတ်ခြင်းမှာ နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲများ ရပ်တည်မှုဖြင့် သတ်မှတ်ခြင်း ဖြစ်ပြီး အာဆီယံဒေသအတွင် အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲဖြစ်သည့် ထိုင်းနိုင်ငံက တတိယအဆင့် နောက်ဆုံး ဗိုလ်လုပွဲ တစ်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့နောက် ဗီယက်နမ်အသင်းက ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင် ရမည်ဖြစ်ကာ ပထမအဆင့်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးသင်းသည် ပတ်လည်ကစားပြီး အမှတ်အများဆုံး အသင်းမှာ ဒုတိယအဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည်။

ပထမအဆင့်တွင် နိုင်ငံကိုယ်စားပြု ကလပ်အသင်းများသည် အိမ်ကွင်း ပွဲစဉ်တစ်ပွဲစီကျင်းပ ခွင့်ရရှိထားပြီး မြန်မာကလပ်အသင်းမှာ နိုဝင်ဘာလ၂၉ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် လာအိုကလပ်အသင်းနှင့် ပွဲစဉ်အား ရန်ကုန်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

၂၀၁၅ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲအား ပထမအဆင့်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၊ ၂၂၊ ၂၉ရက်များတွင် ကျင်းပပြီး ဒုတိယအဆင့်ကို ဒီဇင်ဘာလ ၆ရက်နှင့် တတိယအဆင့် ဗိုလ်လုပွဲကို ဒီဇင်ဘာလ ၂၀ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည် နိုင်ငံကိုယ်စားပြု ကလပ်အသင်းနာမည်များ ထွက်ပေါ်လာခြင်း မရှိသေးဘဲ မြန်မာကိုယ်စားပြု ကလပ်အသင်းမှာ လည်း မကြာမီထုတ်ပြန်ပေး သွားမည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ပြောကြားခဲ့သည်။ ယခုနှစ် ယှဉ်ပြိုင်သော ပြိုင်ပွဲသည် ဒုတိအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံက ပါဝင်ခြင်းမရှိဘဲ ယခုနှစ်မှသာ စတင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက MFF ရှုံးထွက်ချန်ပီယံ ဧရာဝတီအသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။



မြန်မာ့လက်ရွေးစင်အသင်း နယူးဇီလန်၊ ယူအေအီး လက်ရွေးစင်အသင်းများနှင့် ခြေစမ်းမည်

ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်နေသော မြန်မာလက်ရွေးစင်အသင်းသည် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများအဖြစ် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီး နယူးဇီလန်လက်ရွေးစင်အသင်း၊ ယူအေအီးလက်ရွေးစင်အသင်း တို့နှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ အတည်ပြု ထုတ်ပြန်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိအချိန်၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ရပ်နားထားသည့် အချိန်တွင် အသင်းအား ပြင်ဆင်မှု အနေဖြင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နယူးဇီလန်၊ ယူအေအီး အဖွဲ့ချုပ်များသို့ ဆက်သွယ်ကမ်းလှမ်းခဲ့ပြီး ယင်းတို့ကလည်း ခြေစမ်းပွဲကစား ရန်သဘောတူညီခဲ့ကြောင်းသိရသည်။ ထို့ကြောင့် မြန်မာလက်ရွေးစင်အသင်းသည်ပထမဆုံး ခြေစမ်းပွဲအဖြစ် သြဂုတ်လ ၂၈ရက်နေ့တွင် ယူအေအီးနိုင်ငံ၌ ယူအေအီးလက်ရွေးစင် အသင်းနှင့် သွားရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ဒုတိယခြေစမ်းပွဲအဖြစ် နယူးဇီလန်လက်ရွေးစင် အသင်းနှင့် စက်တင်ဘာလ ၇ရက်နေ့တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလက်ရွေးစင် အသင်းနှင့် ခြေစမ်းမည့် အသင်းများသည် ကမ္ဘာ့အဆင့် ရပ်တည်မှုအရ ယူအေအီးအသင်းမှာ အဆင့် ၇၃တွင် ရပ်တည်နေပြီး နယူဇီလန်အသင်းမှာ အဆင့် ၁၃၈တွင် ရပ်တည်နေသည်။ မြန်မာအသင်းသည် ကမ္ဘာအဆင့် ၁၄၃နေရာတွင် ရပ်တည်နေသည်။



အာဆီယံ ဘောလုံး တနှစ်တာ အကောင်းဆုံး ဆုပေးပွဲ ရန်ကုန်တွင် ကျင်းပမည်

အာဆီယံ ဘောလုံးလောက၏ တနှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲ (AFF Awards Night 2015 ) ကို လာမည့် သြဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ (Novotel Max Hotel ) တွင် ကျင်းပသွား မည် ဖြစ်ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက် (AFF 22nd Congress 2015) ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ အိမ်ရှင်အဖြစ် ကြီးမှုး၍ ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်သည်။ အဆိုပါ အာဆီယံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးကို မြန်မာ၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ လာအို၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်းနှင့် သြစတြေးလျ နိုင်ငံများမှ အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြမည် ဖြစ်သည်။


မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း ဂျပန်သို့ သွားရောက်လေ့ကျင့် မည်

၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲ ဒုတိယ အဆင့် ခြေစစ်ပွဲဝင်ရန် ပြင်ဆင်နေ သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် ဂျပန်နိုင်ငံ သို့ သွားရောက်ပူးတွဲလေ့ကျင့်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ ယခုအခါ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွင် ကစားသမား ၂၆ ဦး ရွေးချယ်ထားပြီး နေ့စဉ် လေ့ကျင့်မှုများ အဆက်မပြတ် ပြုလုပ် လျက်ရှိသည်။ ယခုရွေးချယ်ထားသည့် ကစားသမား ၂၆ ဦးအနက် ဒဏ်ရာ ရရှိထားသည့် ကစားသမားနှစ်ဦးဖြစ် သည့် ခင်မာလာထွန်းနှင့် သန်းသန်း ထွေးတို့မှာ ခွဲစိတ်ကုသမှုခံယူလျက် ရှိခြင်းကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

''ကျွန်တော်တို့ ဒီဒုတိယအဆင့် ခြေစစ်ပွဲမတိုင်ခင် ဂျပန်နိုင်ငံကို သွားရောက် ပူးတွဲလေ့ကျင့်ကစားဖို့ ရှိပါတယ်။ အဖွဲ့ချုပ်က စီစဉ်ပေးတဲ့ အတိုင်း သွားရောက်ကစားမှာဖြစ်တဲ့ အတွက် ဘယ်အသင်းနဲ့ပူးတွဲလေ့ကျင့် ကစားမယ်ဆိုတာကိုတော့ ဟိုဘက်ကို ချိတ်ဆက်တုန်းဖြစ်ပါတယ်။ အခု လာ မယ့် သြဂုတ်လအတွင်း သွားရောက် ဖြစ်ဖို့များပါတယ်''ဟု မြန်မာ့လက်ရွေး စင်အမျိုးသမီး ဘောလုံးအသင်း နည်းစနစ်ပိုင်း အကြံပေး ဦးအေး မောင်ကြီးက ပြောကြားသည်။

၂ဝ၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲများကို ထိုင်း နိုင်ငံ၌ ယခုလာမည့် စက်တင်ဘာလ တွင်ကျင်းပမည်ဖြစ်ရာ မြန်မာ့လက် ရွေးစင်အမျိုးသမီးဘောလုံးအသင်း သည် အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်(တိုင်ပေ)တို့နှင့် တစ်အုပ်စု တည်း ကျရောက်နေပြီး ယင်းခြေစစ်ပွဲ ၌ အုပ်စုအဆင့်ဗိုလ်စွဲသည့် အသင်း တစ်သင်းသာ နောက်တစ်ဆင့် တတိယ အဆင့် ခြေစစ်ပွဲသို့ တက်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
''အခုပွဲကတော့ အုပ်စုတစ်သင်း တည်းတက်မှာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ရေကုန်ရေခန်းကစား ပြီးတော့ အောင်နိုင်မှုရယူဖို့ တစ်နည်း ပဲရှိပါတယ်။ ပြီးခဲ့တဲ့ပွဲက အားနည်း ချက်တွေကို ပြုပြင်ပြီး၊ အားသာချက် တွေကို ဆက်လက်ထိန်းသိမ်းကစား သွားဖို့ ကြိုးစားပြင်ဆင်ထားပါတယ်။

အရင်အသင်းကိုပဲ အခြေခံပြီး ကစား သမားအပြောင်းအလဲလည်း အများ ကြီးမလုပ်ထားပါဘူး။ တက်သစ်စ အငယ်တန်းထဲကပဲ အနည်းငယ် အပြောင်းအလဲလုပ်ထားပါတယ်''ဟု ¤င်းက ဆက်လက်ပြောကြားသည်။

၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲ ဒုတိယ အဆင့် ခြေစစ်ပွဲဝင်ရန် ပြင်ဆင်နေ သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းတွင် နိုင်ငံခြားသားနည်းပြ ငှားရမ်းအသုံးပြုမည် မဟုတ် ဘဲ နည်းစနစ်ပိုင်းအကြံပေး ဦးအေး မောင်ကြီးနှင့် နည်းပြချုပ် ဒေါ်သက် သက်ဝင်းတို့က ဆက်လက်ကိုင်တွယ် သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာ့လက်ရွေးစင်အ မျိုးသမီးဘောလုံးအသင်းသည် တနင်္ဂနွေ တစ်ရက်တည်းသာ အနားယူပြီး ကျန်ရက်များတွင် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ လေ့ကျင့်မှုများ ပြုလုပ် လျက်ရှိသည်။


 မြန်မာပရိသတ်များကို အကောင်းဆုံး ဘောလုံးပရိသတ်များအဖြစ် ချီးကျူးသတ်မှတ်ခဲ့ကြောင်း သိရှိရ



ပြီးခဲ့သည့် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲများနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ထားသည့် ဆောင်းပါးတွင် ESPN အားကစား သတင်းဌာနက မြန်မာပရိသတ်များကို အကောင်းဆုံး ဘောလုံးပရိသတ်များအဖြစ် ချီးကျူးသတ်မှတ်ခဲ့ကြောင်း သိရှိရသည်။


အဖြူရောင် နတ်တမန်များအဖြစ် နိုင်ငံတကာ မီဒီယာများက သုံးနှုန်း ဝိသေသ ပြုလေ့ရှိသည့် မြန်မာအသင်းသည် ပြိုင်ပွဲတွင် ဆွဲဆောင်မှု ပြည့်ဝစွာ ကစားနိုင်သည့် အသင်းတစ်သင်း ဖြစ်ခဲ့သလို ပွဲကြည့်စင်ထက်ရှိ မြန်မာပရိသတ်များကလည်း အသင်းနှင့် ထပ်တူကျစွာ အားပေးခဲ့ကြောင်း ESPNက သုံးသပ်ထားခဲ့သည်။

ရှုံးထွက်အဆင့် ရောက်ရှိလာချိန်တွင် မြန်မာပရိသတ်များသည် ဘောလုံးကွင်း ပွဲကြည့်စင်များကို လွှမ်းမိုးထားသလို ၎င်းတို့၏ သူရဲကောင်း ကစားသမားများ၏ အမည်များကို ဆူညံစွာ အော်ဟစ်ခဲ့ကြောင်း၊ ၎င်းတို့၏ အားပေးမှုသည် ကစားသမားများအပေါ် အမှန်တကယ် လွှမ်းမိုးသက်ရောက်ခဲ့ကြောင်းလည်း ESPNက ဆိုသည်။ ထို့အပြင် အကြိုဗိုလ်လုပွဲ၌ ဗီယက်နမ်က မြန်မာဘက်သို့ ချေပဂိုး ပြန်သွင်းလိုက်ချိန်တွင် မြန်မာပရိသတ်များက စိတ်မပျက်ဘဲ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခြင်းဖြင့် တုံ့ပြန်ခဲ့ပုံကိုလည်း ကမ္ဘာကျော် အားကစား သတင်းဌာနကြီးက မီးမောင်းထိုး ရေးသားပြခဲ့သည်။

ဗိုလ်လုပွဲတွင် အကောင်းဆုံးပြိုင်ဘက် ထိုင်းနှင့် ရင်ဆိုင်ကစားပြီး အရေးနိမ့်ခဲ့သည့်တိုင် မြန်မာပရိသတ်သည် ၎င်းတို့၏ အဆင့်အတန်း မြင့်မားမှုကို ပြသခဲ့ပြီး ပွဲအပြီး၌ ထိုင်းအသင်းသားများ၏ အရည်အသွေးကို အသိအမှတ်ပြုကာ လက်ခုပ်တီးခဲ့သလို ပွဲကြည့်စင်ပေါ်မှ အမှိုက်များကိုလည်း စနစ်တကျ ပြန်လည် သိမ်းဆည်းသွားပြီး ပြိုင်ပွဲ၏ အံ့ဩစရာ အကောင်းဆုံး ပရိသတ်များအဖြစ် လေးစားထိုက်လောက်အောင် လုပ်ဆောင်ပြခဲ့ကြောင်း ESPNက ချီးကျူးထားခဲ့သည်။

ESPNက ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲများတွင် မြန်မာပရိသတ်ကို အကောင်းဆုံး ဘောလုံးပရိသတ်အဖြစ် ရွေးချယ်ခဲ့သလို ပွဲတိုင်း အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သည့် ထိုင်းကို အကောင်းဆုံး အသင်းအနေဖြင့်လည်းကောင်း၊ အုပ်စုမှပင် ထွက်ခဲ့ရသည့် အိမ်ရှင် စင်ကာပူကို စိတ်ပျက်ဖွယ် အကောင်းဆုံး အသင်းအဖြစ်လည်းကောင်း၊ ထိုင်းမှ ဆာယက်ခ်ျယူယွန်ကို အကောင်းဆုံး ကစားသမား အဖြစ်လည်းကောင်း၊ မလေးရှားမှ နက်ဇ်မီဖေ့ဇ်၏ တံတွေးထွေးမှု ကိစ္စကို အရှက်ရဖွယ် အကောင်းဆုံး ဖြစ်ရပ်အနေဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲတွင် အင်ဒိုနီးရှားဘက်သို့ ထိုင်းမှ ချာနာသစ်ပ် ဆွန်ကရာဆင် သွင်းယူသည့် ပဉ္စမဂိုးကို ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးအနေဖြင့်လည်းကောင်း အသီးသီး သတ်မှတ်ပေးခဲ့သည်။

_Ref: ESPN



လူ ၅ဝဝဝ လောက် စရွေးတယ်။ ကျွန်တော်တို့ စံချိန်စံညွှန်းနဲ့ ကိုက်တဲ့သူကို တော်တော်ကြီးကို ရွေးယူရတယ်

မြန်မာ့ အားကစား လောက အတွက် လူငယ် မျိုးဆက်သစ် များကို မည်သို့ ရှာဖွေ စုဆောင်းပြီး မည်သို့လေ့ကျင့် ပျိုးထောင်ပေး နေသည်ကို အားကစား နှင့် ကာယ ပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။


အားကစားနှင့် ကာယပညာ သိပ္ပံ ရန်ကုန် အနေနဲ့ အားကစားသမား တွေကို စုဆောင်းမှု လုပ်ဆောင်ပုံလေး သိချင်ပါတယ်။
အားကစားနှင့် ကာယပညာ သိပ္ပံမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင် နှစ်မှာ အားကစားနည်း ၃၃ မျိုး အတွက် ကျား- ၃၈၆ ဦးနှင့် မ- ၃၆ဝ စုစုပေါင်း ၇၄၆ ဦး လက် ခံဖို့ လျာထား ပါတယ်။ အဲဒီလို လျာထားတဲ့ အားကစားနည်း ၃၃ မျိုးမှာ အားကစားသမားရွေးချယ် တဲ့ အခြေအနေလေးကို နည်းနည်း လေး ပြောပြစေချင် ပါတယ်။ ပြည် ထောင်စု ဝန်ကြီး ရဲ့ လမ်းညွှန်ချက် အရ အားကစားသမား ၇၄၆ ဦး၊ အားကစားနည်းတွေ သွားရောက် ယှဉ်ပြိုင်တဲ့ အခါ ပြဿနာ ကတော့ အရပ်အမောင်း ကိစ္စပေါ့။
ဒီနှစ်မှာ အသက် ၁၃ နှစ်၊ ၁၅ နှစ် နဲ့ ၁၆ နှစ်တွေကို အရပ်အမောင်းနဲ့ ပတ် သက်ပြီး ယောက်ျားလေးဆိုရင် ၅ ပေ ၄ လက်မ၊ မိန်းကလေး ဆိုရင် ၅ ပေ ၂ လက်မရှိမှ လက်ခံပါတယ်။ တချို့ အားကစားနည်း မှာတော့ အရပ်အမောင်းကို မကြည့်ပါဘူး။ ဥပမာ အလေးမ၊ ရေကူး တို့ဆိုရင် အရပ်အမောင်းကို ကြည့်စရာ မလို ပါဘူး။ ဒီလို အားကစားနည်း ကို အတန်း ပညာနဲ့ အရပ်အမောင်းနဲ့ ကို လျှော့ပြီးတော့ စဉ်းစားပါတယ်။ အဲဒီလို အားကစားနည်းတွေမှ အပ ကျန်တဲ့အားကစားနည်းတွေ ကို သတ်မှတ်တဲ့ စံချိန် စံညွှန်းနဲ့ အညီ ရွေးချယ်ပါတယ်။ ရွေးချယ် တဲ့နေရာမှာ ကျွန်တော် တို့ရဲ့နယ်မြေ ဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ ရခိုင်၊ ဧရာ ဝတီ အဲဒီတိုင်း နဲ့ပြည်နယ်လေးခု မှ အားကစား သမားတွေ ကို ရွေးချယ် ပါတယ်။ သတင်းစာထဲမှာ ကြိုတင် ကြေညာမှု လုပ်တယ်။ နောက်ပြီး သက်ဆိုင်ရာ မြို့နယ် အား/ကာက တစ်ဆင့် ကြိုတင်ပေးထား တဲ့ လေ့ ကျင့်မှုတွေ လုပ် တယ်။ နောက်ပြီး သူတို့က နှစ်စဉ်နှစ်တိုင်း ရွေးချယ် မှု အနေအထားကို သိတဲ့ အတွက် ကြိုတင်လေ့ကျင့်မှုတွေ၊ ကြံ့ခိုင်မှု လေ့ကျင့်မှုတွေ လုပ်ထားပါတယ်။ သွားရောက်ရွေးချယ် တဲ့အခါမှာ အခက်အခဲ မရှိဘဲ ရွေးချယ်နိုင်ပါ တယ်။ အားကစားနည်းနဲ့ ကိုက်ညီ တဲ့ ခန္ဓာကိုယ်အလေးချိန်ရှိရမယ်။ အဲဒီလို ရွေးချယ်ဖို့ကို ပမာဏ အ နေ နဲ့ လူ ၅ဝဝဝ လောက် စရွေး တယ်။ ကျွန်တော်တို့ စံချိန် စံညွှန်း နဲ့ ကိုက်တဲ့သူကို တော်တော်ကြီး ကိုရွေးယူရတယ်။ ယောက်ျားလေးက တော့ ၅ ပေ ၄လို့ ပြော ထားပေမယ့် ၅ ပေ ၆ အထိကို ရွေးရတဲ့ အနေအထားတွေ ရှိပါတယ်။ မိန်း ကလေးဆိုလည်း ၅ ပေ ၄ တို့၊ ၅ ပေ ၆ တို့ ရွေးရပါတယ်။ အားကစား နည်းတွေ ကို ရွေးချယ်နိုင်ပေမယ့် လိုအပ်တဲ့ အားကစားနည်းတွေ လည်း ရှိပါသေးတယ်။ နည်းပညာ ပိုင်းနှင့် ပတ်သက်တဲ့ အားကစား နည်းတွေက လိုအပ်တဲ့ အပိုင်းတွေ ရှိပါသေး တယ်။ အဲဒါနဲ့ပတ်သက်ပြီး ထပ်မံဖြည့်တင်းသွား ဖို့ရှိပါတယ်။


ရွေးချယ်ပြီးတဲ့ အားကစားသမား တွေရဲ့ ကြံ့ခိုင်ရေး နဲ့ပတ်သက်ပြီးတော့ ဘယ်လို ပြုစု ပျိုးထောင်မှုတွေ လုပ် ဆောင်ပါသလဲ။
ကျွန်တော် တို့က အခုရွေးချယ် လိုက်တဲ့ သတ်မှတ်ထားတဲ့ အင် အား၊ လျာထား အင်အားပေါ့၊ အား ကစားသမားတွေကို သတ်မှတ်ထား တဲ့ စံနဲ့ရွေးချယ် ထားတဲ့ သူတွေ ကို ဆေးစစ်ပါတယ်။ အဲဒါမှ အောင် လာရင် ကူးစက်ရောဂါနဲ့ ပတ်သက် တာကို စစ်ပါတယ်။ အဲဒီကစား သမားတွေနဲ့ ပတ်သက်ပြီး IQ Test စစ်ပါတယ်။ အဲဒါဖြေပြီးတော့ အားကစား နည်းအလိုက် ကိုက်ညီ တဲ့ ကစားသမားတွေ ကို သူ့နေရာ နှင့်သူ အပ်ပါတယ်။ စစ်ဆေးပြီး သွားလို့ အဲဒီကျောင်းသားတွေက ကိုက်ညီလို့ ရှိရင်တော့ အားကစား ဝန်ကြီး ဌာနက ထောက်ပံ့မှုတွေ လုပ်ပါတယ်။ တစ်နေ့ကို နံနက်စာ ကျွေးတယ်၊ နေ့လယ်စာ ကျွေးတယ်၊ နေ့လယ်ခင်းစာ ကျွေးတယ်။ ည စာကျွေးတယ်၊ ညလယ်ခင်းစာ ကျွေးတယ်။ အဓိက ကတော့ မနက်စာရယ်၊ နေ့လယ်စာရယ်၊ ညစာရယ်ပေါ့။ ကျန်တာ ကတော့ အအေးတို့ ဘာတို့ ကျွေးပါတယ်။


သူတို့ရဲ့ပညာရေးနဲ့ ပတ်သက်ပြီး တော့ရော ဘယ်လိုလုပ်ဆောင်ထား ပါသလဲ။
ကျောင်းဝင်းထဲမှာ အထက် တန်းကျောင်း ရှိပါတယ်။ အားကစား ဝန်ကြီး ဌာနနဲ့ ပညာရေး ဝန်ကြီး ဌာနပေါင်းပြီးတော့ လုပ်ထားတာ ပါ။ နေထိုင်ရေး အတွက် ကတော့ ယောက်ျားလေး သီးသန့်ဆောင်၊ မိန်းကလေး သီးသန့်ဆောင်ထား ရှိပါတယ်။ အဆောင်တိုင်းမှာ လည်း အဲကွန်း တပ်ဆင်ထားပါ တယ်။ ကိုယ့်တာဝန် နဲ့ကိုယ် သတ် မှတ်ပေးထားတဲ့ အတွက် လေ့ကျင့် မှုမှာ အခက်အခဲ မရှိဘဲလုပ်ဆောင် နိုင်ပါတယ်။ အားကစား ကို ဆောင် ရွက်နိုင်သလို ပညာရေး ကိုလည်း မျက်ခြည် မပြတ်အောင် လုပ် ဆောင်ပါတယ်။ များသောအားဖြင့် အားကစားသမားတွေ တော်တော် များများဟာ ပညာရေးမှာ အားနည်း တတ်ပါတယ်။ ကြိုးစား ပြီးတော့ ဖြစ်နိုင်မယ့် ကလေးတွေကို စပယ် ရှယ်တန်းမှာ ထားပေးပါတယ်။


ဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားပေးပါဦး။
အား/ကာ သိပ္ပံနဲ့ပတ်သက် ပြီး ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ ကျွန်တော်တို့ ဝက်ဘ်ဆိုက် ရှိပါတယ်။ ဝင်ရောက်လေ့လာလို့ ရပါတယ်။






ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲအတွက် တပ်မတော် မှ သိန်း၂၀၀၀ လှူဒါန်းပံ့ပိုးမည်



နိုင်ငံနှင့် လူမျိုးဂုဏ် ဆောင်နိုင်ခဲ့သူများ

ဦးကြည်လွင် (ယူ-၂၃ နည်းပြချုပ်) ပထမဆုံး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က တာဝန်ပေးခဲ့တာက မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းပါ။ နောက်ကျတော့(၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကစားမယ့် ယူ-၂၃အသင်းကို ကိုင်တွယ် ခိုင်းပါတယ်။ ဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ကျေးဇူးအထူး တင်ပါတယ်။ကျွန်တော်တို့ စဖွဲ့တဲ့အချိန်မှာ ကစားသမားတွေဟာ မျက်နှာသစ်လေးတွေ များတဲ့အတွက် ပြိုင်ပွဲ အတွေ့အကြုံ နည်း တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်တယ်။ လေ့ကျင့်တဲ့ အပေါ်မှာ ပြိုင်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ နိုင်လာတဲ့အတွက် အားရကျေနပ်ပါတယ်။တစ်တိုင်းပြည်လုံး သိတဲ့အတိုင်းပဲ ထိုင်းအသင်း၊ ဗီယက်နမ် အသင်းတို့က ကျွန်တော်တို့ထက် သာလွန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လာမည့် မည်သည့် ပြိုင်ပွဲမဆို အခုကတည်းက အစီအစဉ်တကျ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရာထူးက နုတ်ထွက်မယ်တော့ မဟုတ်ပါဘူး။

ကျွန်တော်တို့က ပြိုင်ပွဲပြီးဆုံးသွားတိုင်း မည်သူမဆို တာဝန်တစ်ခု ပြီးဆုံးသွားတယ်လို့ ပြောတာပါ။ ကျွန်တော်တို့ နုတ်ထွက်တာ မဟုတ်ပါဘူး။ အခုလက်ရှိ ဒီနေ့ပဲ တာဝန်ပေးမှုတွေ ရှိပါတယ်။ ကျွန်တော်တို့ နုတ်ထွက်တာနဲ့ တာဝန်ပြီးဆုံးတာနဲ့ နားလည်မှု လွဲတာပါ။ ကျန်တာဘာမှ မရှိပါဘူး။ အားနည်းချက်၊ အားသာချက်ဆိုတာ ဘောလုံး ချစ်မြတ်နိုးသူတိုင်း အကုန်မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်ကတော့ အသင်းအဖွဲ့နဲ့ သွားပါတယ်။ အဓိကကျတဲ့ စိတ်ဓာတ်၊ နိုင်လိုစိတ်နဲ့ သွားတာပါ။ ကျန်တဲ့ ဗီယက်နမ်တို့ ထိုင်းတို့နဲ့ ယှဉ်လိုက်ရင် ဘောလုံးကျွမ်းကျင်မှု နည်းသေးတယ်။ ဒါလည်း အတွေ့အကြုံ အားဖြင့်ပါ။ ပွဲတွေများလာရင် ကောင်းလာမှာပါ။

 မြန်မာဘောလုံးလောက တိုးတက်မြင့်မားရေး အတွက် အဓိက အားကစားသမားတွေပါ။ ကစားသမားတွေ ဘယ်ကထွက်မလဲ၊ ဒီဟာတွေကို အစကနေ အုတ်မြစ်ချပြီး လုပ်ဆောင်ရမှာပါ။ အခုဆိုရင် ကစားသမား ကောင်းတွေကို ဘယ်အဖွဲ့အစည်းမှာ ရမလဲ၊ ကျောင်းတွေမှာ ရမလား၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသကြီးတွေမှာ ရနိုင်မလား ဆွဲထုတ်ရမှာပါ။ ဒါတွေက အဓိကကျတဲ့ အချက်တွေပါ။ အခြေခံ ကျတဲ့ အောက်ခြေကနေစပြီး ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်တယ်ဆိုရင်တော့ မြန်မာဘောလုံးလောက တိုးတက်မြင့်မား လာမှာပါ။

 ကျွန်တော်တို့ ထိုင်းနဲ့ ဗိုလ်လုပွဲစဉ်မှာ ကျွန်တော်တို့ ကစားသမားတွေက ကြိုးစားတယ်။ နိုင်လိုစိတ်ရှိတယ်။ ဒါလောက်ပဲရှိတာ။ တစ်ဖက် ကစားသမားတွေက အာရှတန်း ဝင်အောင် လုပ်တဲ့အတွက် အသင်းလိုက်၊ တစ်ဦးချင်း အကုန်လုံးက သာလွန်တဲ့အတွက် ဘောလုံးပညာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ကစားသမားတွေ အတွေ့အကြုံကောင်းနဲ့ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။

 အေးသစ္စာမြင့်(ဝူရှူး) ဆီးဂိမ်းပြိုင်ပွဲမှာ နန်းချွမ်(ခေါ်) လက်သိုင်း၊ နန်းသောင်း(ခေါ်) ဓားသိုင်းနဲ့ အတွဲလိုက် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ စုစုပေါင်း ရွှေတံဆိပ် နှစ်ခုရခဲ့ပါတယ်။ လေ့ကျင့်မှု အနေနဲ့ ၂ဝ၁၄ ခုနှစ် ဧပြီလက စပြီး ၁၃ လ အချိန်ပေးပြီး ဆီးဂိမ်းပြိုင်ပွဲ အတွက် လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရပါတယ်။ အဓိကပြိုင်ဘက် နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေပါ။ ရရှိခဲ့တဲ့ ရွှေတံဆိပ် ဆုတွေကတော့ ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ နှစ်ခု၊ ကမ္ဘာ့လူငယ် ပြိုင်ပွဲမှာ တစ်ခု၊ အာရှလူငယ် ပြိုင်ပွဲနဲ့ ကမ္ဘာ့ရှောင်လင် ဝူရှူးပြိုင်ပွဲမှာ နှစ်ခုစီ စုစုပေါင်း ခုနစ်ခု ရရှိခဲ့ပါတယ်။ အခု ရွှေတံဆိပ် နှစ်ခုရရှိပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာခဲ့ပါတယ်။

 ဦးဝင်းဖေ (နည်းပြချုပ်၊ ရိုးရာ လှေလှော်အသင်း) (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ရိုးရာ လှေလှော်အသင်း အနေဖြင့် ရွှေ ၁၊ ငွေ ၅၊ ကြေး ၂ ခု ရရှိခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်ပွဲ အမျိုးအစား များပါတယ်။ အားလုံးပေါင်း ၁၇ မျိုး ယှဉ်ပြိုင်ခဲ့ရပြီး အခု ဒီ (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ရှစ်မျိုးသာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။ မြန်မာအသင်းရဲ့ အကြိုက်ဆုံး ကစားနည်းက တာဝေး အားကစားနည်း၊ တာလတ် အားကစားနည်း ဖြစ်ပြီး ယခုကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ တာတိုလေးတွေ ဖြစ်တဲ့အတွက် ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ စင်ကာပူ ဆီးဂိမ်းမှာ ရိုးရာလှေ အနေဖြင့် အမျိုးသား လေးပွဲ၊ အမျိုးသမီး လေးပွဲ စုစုပေါင်း ရှစ်ပွဲ ယှဉ်ပြိုင်ကစား ခဲ့ရပါတယ်။ မြန်မာအသင်းရဲ့ အားနည်းချက်ကတော့ လေ့ကျင့်မှုက ကောင်းပါတယ်။ ခန္ဓာကိုယ် တောင့်တင်းမှု၊ အရပ်အမောင်း မြင့်မားမှုမှာ ပထမရသွားတဲ့ ထိုင်းအသင်းနဲ့ယှဉ်ရင် ကျွန်တော်တို့ အသင်းဟာ ခွန်အားဗလမှာ အားနည်းတယ်လို့ မြင်ပါတယ်။

 ရန်နိုင်စိုး(ဂျူဒို) ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီး ၂ဝ၁၅ ခုနှစ် ဇွန်လအထိ (၂၈)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဂျူဒိုပြိုင်ပွဲ အနုတ် ၁ဝဝ ကီလိုတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ထိုင်းနဲ့ယှဉ်ပြိုင် ကစားပြီး ၂ မိနစ်အလိုမှာ ပွဲပြတ်အနိုင် ယူခဲ့ပါတယ်။ ကျွန်တော် ၁၈ နှစ်အရွယ်ကစပြီး ဂျူဒို ကစားခဲ့တာပါ။ ၂ဝဝ၁ ဆီးဂိမ်းပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင် ကစားခဲ့ပြီး တတိယ (ကြေးတံဆိပ်)၊ ၂ဝဝ၃ မှာ ဒုတိယ (ငွေတံဆိပ်)၊ ၂ဝဝ၅ မှာ ဒုတိယ (ငွေတံဆိပ်)၊ ၂ဝ၁၁ မှာ ဒုတိယ (ငွေတံဆိပ်)၊ ၂ဝ၁၃ အိမ်ရှင်ဆီးဂိမ်းမှာ ရွှေတံဆိပ်နဲ့ ယခု စင်ကာပူ ဆီးဂိမ်းမှာ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

 ဇော်ဇော်အောင် (ပိုက်ကျော်ခြင်း) ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက် ပြိုင်ပွဲမှာ ငွေတံဆိပ်နှင့် ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ နှစ်ယောက်တွဲ အသင်းလိုက် ပြိုင်ပွဲမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယ ငွေတံဆိပ် ရရှိခဲ့ပါတယ်။ နှစ်ယောက်တွဲ အဖွဲ့ငယ် ပြိုင်ပွဲမှာ ဖိလစ်ပိုင် အသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ကိုယ့်အိမ်ကွင်း ဖြစ်တဲ့အတွက် ကိုယ့်မြေ၊ ကိုယ့်ရေမှာ ကိုယ့်ပရိသတ်နဲ့ ကစားရတဲ့ အတွက် အားလုံး အစစအရာရာ အဆင်ပြေပါတယ်။ အခု စင်ကာပူနိုင်ငံ မှာ လေ့ကျင့်ခန်း ပြုလုပ်တာကအစ ကွင်းအနေအထား ပြောင်းလဲတဲ့ အတွက် ကစားရတာ အိမ်ရှင်မှာလောက် အဆင်ပြေမှု မရှိပါဘူး။

 ဒါပေမဲ့ ကျွန်တော်တို့ အဆင်ပြေအောင် ကစားပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်အောင် ကိုးစားခဲ့ ပါတယ်။ နိုင်ငံအတွက် ယခုလို ရွှေတံဆိပ် ရရှိခဲ့တဲ့ အတွက် အရမ်း ဝမ်းသာပီတိ ဖြစ်ပါတယ်။ TV ဖန်သားပြင်မှ ကြည့်ရှုအားပေးခဲ့တဲ့ ဝါသနာရှင် အားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်။





နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများကို ပန်းချီ၊ ပန်းပုဖြင့် ဂုဏ်ပြု




နိုင်ငံတကာပြိုင်ပွဲများ တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ လက်ရွေးစင် အားကစားသမားများကို ပန်းချီ ရေးဆွဲ၊ ပန်းပုလက်တွေ့ (Live) ထုလုပ်ဂုဏ်ပြုခြင်းကို ဇွန်လ ၁၉ မှ ၂၁ ရက်အထိ တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သုံးရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါဂုဏ်ပြုခြင်းအခမ်းအနား တွင် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင် ပွဲ၌ လှေလှော်အားကစားနည်းမှ ရွှေတံဆိပ်နှစ်ဆုရ ကိုဝင်းထိုက်၊ နိုင်ငံတကာပြိုင်ပွဲများမှ ရွှေတံ ဆိပ် ငါးဆုရ တာဝေးအပြေးချန် ပီယံ ဦးအောင်သန်းနှင့် နိုင်ငံတ ကာပြိုင်ပွဲများမှ ရွှေတံဆိပ်ဆု ငါး ဆယ်ရ လှေလှော်အားကစား နည်းမှ ဒေါ်အေးမိခိုင်တို့၏ ရုပ်ပုံများ ပန်းချီ၊ ပန်းပု ရေးဆွဲထုလုပ်ကာ ဂုဏ်ပြုခဲ့ကြောင်း ပန်းချီ၊ ပန်းပုအဖွဲ့မှ ပန်းပုဆရာ ဦးကျော်ကျော်မင်းက ပြောသည်။

‘‘ပထမစီစဉ်ထားတာက ရတဲ့ အချိန်သုံးရက်မှာ ၂၀၁၅ ဆီး ဂိမ်းမှာ ရွှေတံဆိပ်ဆုရခဲ့ကြတဲ့ ကို ၀င်းထိုက် (လှေလှော်)၊ မစန္ဒီဦး (၀ူရှူး)နဲ့ မအေးသစ္စာမြင့် (၀ူရှူး) တို့ကို ရေးဆွဲဂုဏ်ပြုမလို့ပါ။ ဒါပေမဲ့ နေပြည်တော်မှာပြုလုပ်တဲ့ ဂုဏ်ပြုပွဲရက်နဲ့ တိုက်ဆိုင်သွားတဲ့အ တွက် ၂၀၁၅ ဆီးဂိမ်းရွှေတံဆိပ်ဆု ရှင်ထဲက ကိုဝင်းထိုက်တစ်ဦးပဲ မီ လိုက်တာပါ’’ဟု ဦးကျော်ကျော် မင်းက ပြောသည်။

အားကစားဝန်ကြီးဌာန သည် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၌ ရွှေတံဆိပ်လေးခုနှင့် အထက်ရရှိပြီး နိုင်ငံ့ ဂုဏ်ဆောင် နိုင်ခဲ့ကြသည့် အားကစားသမား ဟောင်းကြီးများ၏ ရုပ်ပုံများကို ပလတ်စတာရုပ်တုပြုလုပ်၍ အားကစားမော်ကွန်း တိုက်တွင် ဂုဏ်ပြု မှတ်တမ်းတင်ပြသရန် စီစဉ်လျက်ရှိသည်။ ပန်းပုဆရာ ဦးကျော်ကျော်မင်းက ပြီးခဲ့သည့် ဇန်န၀ါရီမှစတင်ကာ ထုလုပ်လျက်ရှိပြီး လက်ရှိအထိ အားကစားသမား ၄၂ ဦးအထိ ထုလုပ်ပြီးစီးပြီဖြစ်သည်။

‘‘ကိုဝင်းထိုက်ကိုတော့ ပန်းချီနဲ့ ပန်းပုရုပ်ကို အမှတ်တရလက် ဆောင်ပေး လိုက်ပြီ။ အားကစား သမားဟောင်းကြီးတွေဖြစ်တဲ့ ဦး အောင်သန်းနဲ့ ဒေါ်အေးမိခိုင်တို့ရဲ့ရုပ်တုတွေကိုတော့ နေပြည်တော်၊ အားကစားမော်ကွန်း တိုက်ကို ပို့ ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ရွှေဆုရတဲ့ အားကစား သမားတွေ အတွက် နောက်ပိုင်းမှာ အခုလိုဂုဏ်ပြုဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကျော်ကျော်မင်းက ဆိုသည်။

အဆိုပါ ဂုဏ်ပြုရေးဆွဲ၊ ထု လုပ်ခြင်းအခမ်းအနားကို တပ်မ တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် ပညာရေးပြပွဲ၌ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ပုံတူများကို ပန်းချီ ရွှေမြင့်၊ ပန်းချီစိုးပိုင်၊ ပန်းချီ သာဆန်း၊ ပန်းချီကျော်ကျော် (ကယ်ရီကေးချား)နှင့် ကျော်ကျော်မင်း (ပန်းပု)တို့က ပန်းချီရေးဆွဲ၊ ပန်းပု လက်တွေ့ (Live) ထုလုပ်ဂုဏ်ပြု ခဲ့ကြကြောင်း သတင်းရရှိသည်။



မြန်မာဘောလုံးအသင်းများကို ကျပ် သိန်း ၄၂၀၀ ကျော် ဂုဏ်ပြုပေးအပ်

မြန်မာဘောလုံးအသင်း ၃ သင်းအတွက် ပြည်တွင်းလုပ်ငန်းရှင်တွေက စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၄၂၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်အရသိရပါ တယ်။ ဖီဖာယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာ ယူ ၂၀ အသင်း၊ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ရ မြန်မာ ယူ ၂၃ ဘောလုံးအသင်း၊ အာဆီယံချန်ပီယံရှစ် ဒုတိယဆုရ မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းတွေကို ဂုဏ်ပြု ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျေးဇူးတင်မှတ်တမ်း ထုတ်ပြန်ချက်အရ အလှူငွေ မြန်မာကျပ်ငွေ သိန်း ၃၄၇၀ ကျော်၊ အမေရိကန်ဒေါ်လာ ၃ သောင်းနဲ့ စင်ကာပူဒေါ်လာ ၅ သောင်း စုစုပေါင်း ကျပ်သိန်း ၄၂၃၀ ကျော်ရှိပြီး အလှူရှင်တွေထဲမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအပြင် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုကလည်း ကျပ်သိန်း ၃၀၀ ထည့်ဝင် လှူဒါန်းထားပါတယ်။



စင်ကာပူဆီးဂိမ်း ထူးချွန်ကစားသမား ၁၀ဦးတွင် နေလင်းထွန်းရွေးချယ်ခံရ

၂၀၁၅ စင်ကာပူ ဆီးဂိမ်းတွင် ထူးချွန်သည့် အားကစားသမား ၁၀ ဦး စာရင်းတွင် မြန်မာ U 23 အသင်း ခေါင်းဆောင်နေလင်းထွန်း ရွေးချယ် ခံ ရကြောင်း seagames2015.com ရေးသားထားသည်။ တခြား ရွေးချယ်ခံရသူများတွင် စင်ကာပူမှ Netball ကစားသမား Charmaine Soh ၊ ဖိလစ်ပိုင်မှ ပြေးခုန်ပစ်ကစားသမား Eric Shauwn Cray ၊ အင်ဒိုနီးရှားဘောလုံးသမား Evan Dimas Darmono၊ တီမောလက်တီမှ တိုက်ကွမ်ဒို ကစားသား Luisa Dos Santos Rosa၊ ဗီယက်နမ်ရေကူးမယ် Nguyen Thi Anh Vien ၊ ထိုင်းတင်းနစ်ချန်ပီယံ Noppawan Lertcheewakarn၊ မလေးရှားရေကူး ချန်ပီယံ Ooi Tze Liang ၊ ထိုင်း စားပွဲတင် တင်းနစ် ကစားသမား Suthasini Sawettabut၊ ထိုင်း ဓားခုတ်ကစားသမား Wang Wenying တို့ဖြစ်သည်။



သက်တမ်းအလိုက်လက်ရွေးစင်အသင်းများ ပရိသတ်အားပေးမှုခံရသော်လည်း မြန်မာနေရှင်နယ်လိဂ်ပွဲများကို စိတ်ဝင်စားမှု နည်းနေသေး

၂၀၁၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာပြိုင်ပွဲများတွင် သက်တမ်းအလိုက်မြန်မာလက်ရွေးစင်အသင်းများကို ပရိသတ်များ တခဲနက်အားပေးခဲ့သော်လည်း ဇွန် ၂၂ က ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်လက်ကျန်ပွဲများတွင်မူ ပရိသတ် များလာရောက်ကြည့်ရှုမှု လျော့နည်းနေဆဲပင်ဖြစ်သည်။

ဇွန်လ ၂၂ ရက်တွင် ရန်ကုန်မြို့၊ အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်နှင့် ဧရာဝတီ၊ မန္တလေးမြို့ ဗထူးကွင်းတွင် ရတနာပုံနှင့် ဇေယျာရွှေမြေ တို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အောင်ဆန်းကွင်းတွင် ပရိသတ် ၃၀၀ လာရောက်အားပေးခဲ့ပြီး ဗထူးကွင်းတွင် ပရိသတ် (၅၀၀၀) ၀န်းကျင် အားပေးခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက ကြေညာခဲ့သည်။

ယင်းနေ့က ယှဉ်ပြိုင်ကစားခဲ့သော အသင်းလေးသင်းတွင် မြန်မာလက်ရွေးစင်ကစားသမားများဖြစ်သော ဆော်လန်မန် (ချင်း)၊ မင်းမင်းသူ၊ ဗန်လားဟရွယ်၊ နိုင်လင်းဦး (ဧရာဝတီ)၊ ယူ-၂၃ ကစားသမားများဖြစ်သော ချစ်စုမိုး (ချင်း)၊ နေလင်းထွန်း၊ သီဟဇော် (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ စည်သူ အောင်၊ ရဲကိုဦး (ရတနာပုံ)၊ ယူ-၂၀ ကစားသမားများဖြစ်သော ထိုက်ထိုက်အောင် ၊ ကျော်မင်းဦး (ဧရာဝတီ)၊ အောင်သူ (ရတနာပုံ)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ) စသည့် ကစားသမားများ ဝင်ရောက်ကစားခဲ့ကြသည်။

"ကျွန်တော်တို့ကတော့ ဧရာဝတီ အမာခံပရိသတ်ဆိုတော့ ပွဲတိုင်းလာကြည့်ဖြစ်ပါတယ်။ ဒီပွဲက ကြားရက်လည်းကျနေတော့ ပရိသတ်သိပ်လာ တာမတွေ့ရပါဘူး။ စနေ၊ တနင်္ဂနွေဆိုရင်တော့ ပရိသတ်များလာနိုင်ပါတယ်။ လက်ရွေးစင်အောင်မြင်လာတော့ လက်ရွေးစင်ကစားသမားလေး တွေ ကစားတာကို ကျွန်တော်တို့ကိုယ်တိုင် မြင်ချင်ကြတယ်။

ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ နေလင်းထွန်းပါ" ဟု ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ကစားသော ဧရာဝတီ အသင်း၏ပွဲကို မအူပင်မြို့မှ လာရောက်ကြည့်ရှုသည့် ဧရာဝတီဖန်ကလပ်အဖွဲ့ဝင် ဦးခင်မြင့်ကပြောသည်။

ဧရာဝတီနည်းပြမာယန်ကလည်း မြန်မာလက်ရွေးစင်အသင်းများ၏အောင်မြင်မှုကို ဂုဏ်ယူ ချီးကျူးပါကြောင်းနှင့် လိဂ်ပရိသတ် များလာရန်အ တွက် ကလပ်အသင်းများဘက်မှလည်း ကြိုးစားရဦးမည်ဖြစ်ကြောင်း ချင်းယူနိုက်တက်ကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲပြီးသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းကို အားပေးသည့် ရန်ကုန်မြို့ခံပရိသတ် ကိုထွဋ်ခေါင်လင်းကလည်း "ရန်ကုန်မှာကန်တဲ့ ဧရာဝတီ ပွဲတိုင်းကို ရောက်အောင်လာအားပေးပါတယ်။ အခုက အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေလည်းခေါ်ထားတယ်၊ ယူ-၂၀၊ ယူ-၂၃ က ကစားသမားတွေရောက်လာတော့ နေရာလည်းပေးရတော့ အသင်းက အသစ်ကပြန်စသလိုဖြစ်နေ ပါတယ်။

နှစ်ပွဲ၊ သုံးပွဲလောက်အထိတော့ ငြိမ်ဦးမယ်မထင်ဘူး။ ပရိသတ်က ယူ-၂၀၊ ယူ-၂၃ က ကစားသမားတွေပါလို့ မျှော်လင့်တကြီး လာကြည့်ပြီး အသင်းရလဒ်မကောင်းရင် စိတ် ပျက်သွားနိုင်တာမျိုးရှိနိုင်ပါတယ်။

ဒါပေမဲ့ နောက်ဆိုရင်တော့ ကောင်းလာနိုင်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်မှာကန်တဲ့ ဧရာဝတီပွဲ တိုင်းကို ကြိုးစား ပြီး ရောက်အောင်လာကြည့်ဖြစ်ပါတယ်"ဟု ၎င်း၏အမြင်ကိုပြောသည်။

ဇွန် ၂၂ က ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်ပထမအကျော့လက်ကျန်ပွဲများတွင် ဧရာဝတီက ချင်းကို ၁-၀ ဂိုးဖြင့်အရေး နိမ့်ခဲ့ပြီးရတနာပုံက ဇေယျာရွှေမြေကို ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများအားလုံး ကိုးပွဲစီကစားပြီးသွားကြချိန်တွင် ရန်ကုန်အသင်းက ပွဲတိုင်းအနိုင် ရပြီး ရမှတ် ၂၇ မှတ်ရရှိကာ အနီးစပ်ဆုံးပြိုင်ဘက် ဧရာဝတီအသင်းကို ငါးမှတ်ဖြတ်ထားသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ကို ဇွန်လ ၂၇ နှင့် ၂၈ ရက်များတွင် အသင်းအားလုံး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 ရွှေဘုတ်



မြန်မာအမျိုးသမီး U 14 လာအိုအသင်းကို အနိုင်ယူကာ အကြိုဗိုလ်လုပွဲတက်ပြီ

ယနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် AFC U-14 အမျိုးသမီးချန်ပီယံရှစ် အုပ်စုပွဲ တွင် မြန်မာ အမျိုးသမီး U - 14က လာအို အမျိုးသမီး U 14 အသင်းကို၎ဂိုး ၁ဂိုးဖြင့် အနိုင်ယူက အကြိုဗိုလ်လုပွဲတက်သွားပြီဖြစ်သည်။ မြန်မာ U -14 အသင်းသည် ကမ္ဘောဒီးယားကို ၃ဂိုး ဂိုးမရှိ၊ လာအိုအသင်းကို ၄ဂိုး ၁ဂိုးဖြင့် နိုင်ကာ နှစ်ပွဲနိုင် ၆မှတ်ရရှိထားသည်။

ယူ ၁၄ မြန်မာအမျိုးသမီးအသင်း ထိုင်းကို ၆ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့

ထိုင်းအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စု ပထမရရှိခဲ့သလို မြန်မာ အသင်းကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံး ၆ မှတ်နဲ့ အုပ်စု ဒုတိယရရှိခဲ့ပါတယ်။





U – 2 0 ဘောလုံးသမား သန်းပိုင်ရဲ့ လှုပ်ရှားမှုများ


မြန်မာ U 20 ဘောလုံးသမား သန်းပိုင်ဟာ ဇာတိမြေ သီပေါမြို့တ၀ိုက် မှ ဒေသဖွံဖြိုးရေး လှုပ်ရှားနေရာ ယနေ့မှာ တော့ ကျောက်မဲမြို့ကို ရောက်ရှိ လာပြီး မူးယစ်ဆေးဝါး သုံးစွဲမှု တိုက်ဖျက်ရေးအစီအစဉ်တခုရဲ့ တစိတ်တပိုင်း အဖြစ် မြို့ခံလူငယ်တွေနဲ့ တွေဆုံခဲ့တဲ့အပြင် စာသင်ကျောင်းတွေမှာလည်း အခုလို ဘောလုံးကစားကာ သရုပ်ပြခဲပါတယ်။





အာဆီယံအကောင်းဆုံး နည်းပြဆုရရန် မြန်မာယူ-၂၀နည်းပြ ရေပန်းစားနေ

၂၀၁၄ခုနှစ်အတွက် အာဆီယံအကောင်းဆုံးနည်းပြဆုကိုရရှိရန် မြန်မာယယူ-၂၀နည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ် ရေပန်းစားနေသည်။ အာဆီယံအကောင်းဆုံးဆုများရွေးချယ်ပွဲအခမ်းအနားကို သြဂုတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ် မည်ဖြစ်ပြီး အာဆီယံအကောင်းဆုံးဘောလုံးအသင်း၊ အာဆီယံအကောင်းဆုံး အမျိုးသား၊အမျိုးသမီးကစားသမားဆု၊ အာဆီ အကောင်းဆုံးနည်းပြဆုတို့ကို ရွေးချယ်ပေးအပ်မည်ဖြစ်သည်။ ၂၀၁၃ခုနှစ်က မြန်မာအမျိုးသမီးအသင်းနည်းပြ ကုမာဒါက အာဆီယံအကောင်းဆုံးနည်းပြဆုရခဲ့ဖူးပြီး ၂၀၁၄အတွက် ဖရိုင်းဒရစ်ရေပန်းစားနေခြင်းဖြစ်သည်။ ဂျာမနီလူမျိုးနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်မှာ ၂၀၁၁ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ပထမဆုံးတည်ဆောက်ခဲ့သည့် ယူ-၁၉အသင်းမှာ အာဆီယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် စတုတ္ထနေရာသာရရှိခဲ့သည်။ ထို့နောက် ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရမည့် မြန်မာယူ-၂၀အသင်းကို ထပ်မံ တည်ဆောက်ခဲ့ပြီး ဘရူနိုင်းဘုရင့်ဖလားချန်ပီယံ၊ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင်ပူးတွဲတတိယနေရာ ရရှိခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

 ရဲရင့်ဋ္ဌေး


လက်ရွေးစင်နည်းပြ အေဗရာမိုဗစ်ကို တစ်နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းထား

မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ် အေဗရာမိုဗစ်ကို တစ်နှစ် စာချုပ် သက်တမ်းတိုးရန် စီစဉ်ထား သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်အောင် က မဇ္ဈိမသို့ ပြောသည်။ အေဗရာမိုဗစ်သည် ၂၀၁၄၊ဖေဖေါ်ဝါရီလ တွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ကို ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ကာ လက်ရွေးစင်ပွဲပေါင်း ၁၃ ပွဲ၌ ခြောက်ပွဲနိုင် နှစ်ပွဲ သရေ ငါးပွဲရှုံး ရလဒ် ရရှိရန်စွမ်းဆောင်ပေး ထားနိုင်သည်။ “ မိုဗစ်ကို တစ်နှစ် သက်တမ်းတိုးဖို့ စီစဉ်ထားပါတယ်။ ဆက်ရှိဖြစ်မှာပါ။ သူ့လက်ထောက်တွေ ဆက်ထား မထားကိုတော့ ဥက္ကဌရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပါတယ်။ အခုထိတော့ မသိရသေးပါဘူး။ 

ယူ-၂၃ နည်းပြ ဦးကြည်လွင်က အရည်အချင်းရှိတဲ့ နည်းပြ တစ်ယောက်ဆိုတော့ သူ့ကို လက်ရွေးစင်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ သေချာ ရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ ” ဟု လက်ရွေးစင်နည်းပြ မိုဗစ်၏ စာချုပ်နှင့် ပတ်သက်၍ ဦးတင်အောင်က ပြောသည်။ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၃အသင်းကို ငွေတံဆိပ်ဆုရရှိရန်စွမ်းဆောင်ပေးနိုင်ခဲ့သည့် မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်မှာ မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြ ဖြစ်လာနိုင်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ အဆိုပါ သတင်းများနှင့် ပတ်သက်၍ ဦးကြည်လွင် က “ ဥက္ကဌက တာဝန်ပေးအပ်သွားရင်တော့ ဘယ်လက်ရွေးစင်အသင်း ပဲဖြစ်ဖြစ် ကျွန်တော်လုပ်ဆောင်သွားမှာပါ။ ဘယ်အသင်းပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်ပေးမှာပါ။ လက်ရှိတော့ ကျွန်တော့် ကလပ် မကွေးအသင်းအတွက်ပဲ လိဂ်ပွဲစဉ်အတွက် ပြင်ဆင်နေပါတယ် ” ဟု မဇ္ဈိမသို့ ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်း သည်လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင်ကစားထားပြီး လာအိုအသင်းနှင့် နှစ်ဂိုးစီသရေ ကျကာ တောင်ကိုရီးယားအသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။


မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်မှ အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ




TSDP အစီအစဉ်အရ ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



ဒုတိယဝန်ကြီး ဦးဇော်ဝင်း ပြည်ပရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး အား လက်ခံတွေ့ဆုံ




     

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ