ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက်

hnm | 火曜日, 10月 20, 2015 |










သတင်းမီဒီယာများမှ ထုတ်လွှင့်ချက်များသည် တိကျမှန်ကန်မှုမရှိဘဲ ဘက်လိုက်သည့်ထုတ်လွှင့်ချက်များဖြစ်ပါက ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာကျင်းပနိုင်ရေးကိုထိခိုက်နိုင်သဖြင့် ကျင့်ဝတ်နှင့် အညီ ရေးသားထုတ်လွှင့်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်


သတင်း မီဒီယာများမှ ထုတ်လွှင့်ချက်များသည် တိကျမှန်ကန်မှုမရှိဘဲ ဘက်လိုက်သည့် ထုတ်လွှင့်ချက်များဖြစ်ပါ က ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို ထိခိုက်နိုင်သည့်အတွက် မီဒီ ယာကျင့်ဝတ်နှင့်အညီ ရေးသားထုတ် လွှင့်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အောက်တိုဘာ၁၈ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ြ ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက ရေဒီယိုနှင့်ပိုက်ဆံများ ပေးပြီး မဲဆွယ်လျက်ရှိကြောင်း၊ မှတ် ပုံတင်နံပါတ်များ တောင်းခံကြောင်း၊ လှိုင်သာ ယာမြို့နယ်နေ ကိုအောင်ဆို သူမှ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြော ဆိုချက်ကို အောက်တိုဘာ ၁၈ရက်တွင် ထုတ်လွှင့်ခဲ့သည့် ဘီဘီစီ(မြန်မာပိုင်း အစီအစဉ်)၏ နံနက်ပိုင်းအစီအစဉ် တွင်ထုတ်လွှင့်ခဲ့ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် NLD အလံ ထောင်ထားပြီး နဖူးစည်းထားသူအား အခြားပါတီမှ ငွေပေး မဲဆွယ်စည်းရုံး မည်မဟုတ်ဘဲ ငွေပေးစည်းရုံးပါက လည်းသိက္ခာချလို၍ လုပ်ကြံဆောင် ရွက်ချက်သာဖြစ်မည်ဟု ယူဆရကြောင်း၊ အဆိုပါထုတ်လွှင့်ပြောကြားချက်အရ ငွေပေးမဲဆွယ်ပါက ရွေးကောက်ပွဲ ဥပဒေ ၅၈(က)အရ လာဘ်ပေးခြင်း နှင့်ငြိစွန်းပြီး တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးသိန်းဦးက ''ဘီဘီစီ ကနေ ထုတ်လွှင့်ချက်ဟာမမျှတတဲ့ ထုတ်လွှင့်ချက်ဖြစ်နေတယ်။ တစ်ဖက် ကိုအကောင်းပြောပြီး တစ်ဖက်ကို မကောင်းဘူး၊ ဇောင်းပေးပြီးပြောရင် မမျှတသလိုဖြစ်နေတယ်။ ကော်မရှင် အနေနဲ့က အားလုံးကို မျှမျှတတဖြစ် စေချင်တယ်။ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီက ဒီကိစ္စနဲ့ပတ်သက် ပြီးတိုင်ကြားလာတာတော့ မရှိပါဘူး။ ကော်မရှင်က မီဒီယာတွေရဲ့ထုတ်လွှင့် ချက်တွေကို နားထောင်နေတာပါ'' ဟုပြောသည်။

ယင်းကဲ့သို့ကော်မရှင်၏ ထုတ် ပြန်ချက်နှင့်ပတ်သက်ပြီး သတင်းစာ ဆရာဖြစ်သူ ဦးမြင့်ကျော်က ''ဒါက သက်ဆိုင်ရာသူ့ပါတီက ဖြေရှင်းတာ သဘာဝကျတယ်။ မှန်တယ်၊ မမှန်တယ် ဆိုတာကို တိုင်မှကော်မရှင်ကသိမှာ လေ။ ပါတီတစ်ခုကလုပ်တယ်၊ မလုပ် ဘူးဆိုတာကိုမသိနိုင်ဘူး။ မီဒီယာက မျက်မြင်သက်သေရဲ့ ပြောကြားချက် ကိုထုတ်လွှင့်တာ။ ဒါကပြောဆိုတင် ပြခွင့်ရှိတယ်။ သူက ကောက်ချက်ချ တာမဟုတ်ဘူး။ ကော်မရှင်ဆိုတာ ဒိုင် လူကြီး၊ မီဒီယာရဲ့တင်ပြချက်က ဘက် မမျှဘူးဆိုရင် သက်ဆိုင်ရာအဖွဲ့အ စည်းတွေက တိုက်ရိုက်ကိုင်တွယ်လိမ့် မယ်။ ကော်မရှင်က ကြားထဲကဝင်ပြီး အာမခံပြောဖို့ အခန်းကဏ္ဍမဟုတ်ဘူး လို့မြင်တယ်''ဟု သုံးသပ်ပြောသည်။

ကော်မရှင်၏ထုတ်ပြန်ချက်တွင် လှိုင်သာယာမြိုနယ်မှ ကိုအောင်ဟု သုံးနှုန်းခဲ့သော်လည်း ဘီဘီစီ မြန်မာ ပိုင်းအစီအစဉ်၏ ထုတ်လွှင့်ချက်တွင် လှိုင်မြို့နယ်မှ ဆိုက်ကားဆရာ ကိုအောင် ဟု ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ဘီဘီစီဝက်ဘ်ဆိုက်တွင် လွှင့် တင်ထားသည့် မြန်မာပိုင်းဆိုင်ရာထုတ် လွှင့်မှုတွင် ''ကျွန်တော်ကတော့ လှိုင် မြို့နယ်မှာနင်းနေတဲ့ ဆိုက်ကားဆရာ ကိုအောင်ပါခင်ဗျ။ အခုလောလော ဆယ်တော့ ဘာမှလုပ်လို့ မရတော့ ပြောင်းလဲဖို့ကို တောင့်တနေတာပေါ့။ ပြောင်းများ ပြောင်းလဲမလားလို့ပေါ့။ မနေ့တုန်းကကြံ့ခိုင်ရေးဘက်က လာ ပြီးတော့ မဲဆွယ်ပါတယ်။ ရေဒီယိုတွေ ပိုက်ဆံတွေပေးပြီးတော့ မဲဆွယ်ပါ တယ်။ ကျွန်တော်တို့ သွားကိုမသွား ကြဘူးခင်ဗျ။ ဆိုက်ကားဆရာတွေအ ကုန်လုံးလိုလိုပဲခင်ဗျ။ လှိုင်မြင့်မိုရ်မှာ ပါခင်ဗျ။ ရေဒီယိုတို့၊ ပိုက်ဆံတို့ ပေး တယ်။ ငါးထောင်ပါခင်ဗျ။ ဒီလိုပဲလိုက် ဝေတယ် ပြောပြီးပေးတယ်ခင်ဗျ။ သွား ယူတဲ့သူတွေကို မှတ်ပုံတင်နံပါတ်တောင်း ပါတယ်ခင်ဗျ။ လိပ်စာတွေတောင်း တယ်ခင်ဗျ။ တချို့ကတော့ လာပြီးမဲ ဆွယ်တယ်လို့ပြောတယ်ခင်ဗျ။ ကျွန် တော်အဝေးကနေပဲ ကြည့်လိုက်တယ်။ မယူပါဘူးခင်ဗျ။ အဲဒီနားမှာရှိတဲ့လူ တွေကိုမေးပြီးတော့ အဲဒီလို အဲဒီလို ပေးတဲ့အကြောင်းကိုပဲ ကြားရတယ် ခင်ဗျ။ တစ်ယောက်တော့ ယူသွား တာတွေ့တယ်။ ကျန်တဲ့သူတွေတော့ ယူမသွားဘူးခင်ဗျ။ သူငယ်ချင်းကတော့ ပေး လို့ယူတယ်ဆိုပြီးတော့ ပြောတယ် ခင်ဗျ။ လာဝေတဲ့သူက ဘယ်သူဆို တာ တော့မသိဘူး။ ကြံ့ခိုင်ရေးကလာဝေ တာပဲသိတယ်ခင်ဗျ။ ကျွန်တော်တို့က NLD ကိုပဲစိတ်ဝင်စားတော့ NLD လွှတ်တော်အမတ်တွေ ကိုပဲ စိတ်ဝင် စားပါတယ်ခင်ဗျ။ ကျွန်တော်တို့ဆိုက် ကားမှာလဲအလံချိတ် ထားတယ်။ တချို့ က တစ်ခါတလေနဖူးမှာစည်းပြီး ဆိုက်ကားနင်းတယ်ခင်ဗျ။ ဆိုက်ကားမှာလဲ ချိတ်ထားတယ်ခင်ဗျ။ ကျွန်တော်တို့က NLD အစိုးရဖွဲ့နိုင်ရင် ပိုပြီးကောင်း လာမယ် မျှော်လင့်ပါတယ်ခင်ဗျ''ဟု ထုတ်လွှင့်ချက် တွင် ဖော်ပြထားသည်။

Category: , , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ