အလုပ်သမားနှင့် တောင်သူလယ်သမားရေးရာ

hnm | 火曜日, 10月 20, 2015 |



အလုပ်ရှင် အလုပ်သမားများအတွက် အလုပ်သမားဥပဒေရေးရာ အသိပညာပေးဆွေးနွေးခြင်း




အလုပ်မှရပ်စဲခံရသည့် အလုပ်သမားများအတွက် အလုပ်ထုတ် နစ်နာကြေး

အကြောင်းအမျိုး မျိုးကြောင့် အလုပ်မှရပ်စဲခံရသည့် အ လုပ်သမားများအတွက် အလုပ်ရှင် မှပေးရမည့် အလုပ်ထုတ်နစ်နာကြေး များကို မူလက လုပ်သက်သုံးနှစ်အ ထက်ရှိသည့် လုပ်သားများအား နို့ တစ်ကြေးတစ်လစာနှင့် အလုပ်ထုတ် နစ်နာကြေး လေးလစာ စုစုပေါင်း ငါးလစာသာ အလုပ်သမားမှ ခံစားခွင့် ရရှိမည်ဖြစ်သော်လည်း ယခုပြောင်းလဲ သတ်မှတ်ချက်တွင် လုပ်သက်အပိုင်း အခြားအလိုက် အမြင့်ဆုံးလုပ်သက် ၂၅ နှစ်ရှိသူသည် အလုပ်ထုတ်နစ်နာ ကြေးငွေကို ၁၃ လစာအထိ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ပြောင်းလဲထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အ မိန့်ကြေညာစာအမှတ် (၈၄/၂၀၁၅) ဖြင့် ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး ထိုသို့ပြင်ဆင်ထုတ်ပြန် နိုင်ရန်အတွက် အစိုးရ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင် များ၊ အလွှာအသီးသီးမှ ပညာရှင်များ ကိုဖိတ်ခေါ်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ကို နှစ်နှစ်ကြာပြုလုပ်ပြီးနောက် ၎င်း အဆိုပြုနှုန်းထားကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ''အရင် အလုပ် ထုတ်နစ်နာကြေးက လုပ်သက် သုံးနှစ်အထက်ရှိတဲ့ အလုပ်သမားပဲ ဖြစ်ဖြစ်၊ လုပ်သက်နှစ် ၂၀ ရှိတဲ့ အ လုပ်သမားပဲဖြစ်ဖြစ် တစ်ပြေးညီတည်း ဖြစ်နေ တယ်။ အခု အသစ်ပြင်ဆင် ထုတ်ပြန်ချက်ကတော့ အဲဒီလိုမဟုတ် ဘဲ လုပ်သက်အလိုက် နစ်နာကြေး ခံစားခွင့်တွေကို ပြောင်းလဲထုတ်ပြန် တာဖြစ်ပါတယ်'' ဟု ပြောသည်။

ယခင်အလုပ်ထုတ်ခံရသည့် လုပ်သားများအတွက် အလုပ်ရှင်မှ နစ်နာကြေးပေးရာတွင် လုပ်သက်သုံး လမပြည့်သူများအား နို့တစ်ကြေး တစ်လစာ၊ လုပ်သက်သုံးလမှ တစ်နှစ် ရှိသူများအား နို့တစ်ကြေး တစ်လစာ နှင့် အလုပ်ထုတ်နစ်နာကြေးတစ်လ စာ စုစုပေါင်းနှစ်လစာ၊ လုပ်သက်တစ် နှစ်မှ နှစ်နှစ်ရှိသူများအား နို့တစ် ကြေးတစ်လစာနှင့် အလုပ်ထုတ်နစ် နာကြေး နှစ်လစာ ပေါင်းသုံးလစာ၊ လုပ်သက် နှစ်နှစ် အထက်ရှိသူများ အား နို့တစ်ကြေးတစ်လစာနှင့် အလုပ်ထုတ်နစ်နာကြေး သုံးလစာပေါင်း လေးလစာ၊ လုပ်သက်သုံးနှစ်အထက် ရှိသူများအား နို့တစ်ကြေးတစ်လစာ နှင့် အလုပ်ထုတ်နစ်နာကြေး လေး လစာ ပေါင်းငါးလစာကို နစ်နာကြေး ပေးလျော်ရမည်ဖြစ်သည်။

ထို့အပြင် ယခု အသစ်ထပ်မံပြ ဋ္ဌာန်းချက်တွင်-လုပ်သက်ခြောက်လ ပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာ ကြေးလဝက်စာ၊ လုပ်သက် တစ်နှစ် ပြည့် ပြီး နှစ်နှစ်မပြည့်ပါက နစ်နာ ကြေးတစ်လစာ၊ လုပ်သက်နှစ်နှစ်ပြည့် ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲစာ၊ လုပ်သက်သုံးနှစ်ပြည့် ပြီးမှ လေးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ၊ လုပ်သက်လေးနှစ်ပြည့် ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ၊ လုပ်သက်ခြောက်နှစ်ပြည့် ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ၊ လုပ်သက်ရှစ်နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက နစ်နာကြေးခြောက် လစာ၊ လုပ်သက် ၁၀ နှစ်ပြည့်ပြီး နှစ် ၂၀ မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊ လုပ်သက်နှစ် ၂၀ ပြည့်ပြီး ၂၅ နှစ်မ ပြည့်ပါက နစ်နာကြေး ၁၀ လစာနှင့် လုပ်သက် ၂၅ နှစ်အထက် ရှိပါက နစ်နာကြေး ၁၃ လစာအထိ ပြောင်းလဲသတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ် သည်။

ဇူလိုင် ၃ ရက်နောက်ပိုင်းမှ စတင်ကာ အလုပ်မှရပ်စဲခံရသည့် အလုပ်သမား များအားလုံးအတွက် ရရှိမည့် အဆိုပါနစ်နာကြေးသည် ယခုထုတ်ပြန်ချက် အတွင်း အကျုံး ဝင်မည်ဖြစ်သည်။



ရေကြီးနစ်မြုမှုများကြောင့် လယ်ဧက ၁၀ သိန်းကျော် ပျက်စီး အကူအညီများ အစောတလျင်ပေးရန် FAO နှင့် WFO တို့ပြော


ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးမှုများကြောင့် လယ်မြေဟက်တာ ငါးသိန်း (ဧက ၁၂သိန်းကျော်) ပျက်စီးခဲ့ရပြီး ဆိတ်၊ နွား၊ ဝက်ကောင်ရေ နှစ်သိန်းခွဲ သေဆုံးခဲ့ခြင်းကြောင့် လယ်သမားတို့အတွက် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့က အောက်တိုဘာ ၂၀ ရက်က ပူးတွဲ ထုတ်ပြန်ကြေညာသည်။ “ထိခိုက် ဆုံးရှုံးခဲ့ရသော လယ်သမားများ အထူးသဖြင့် ဆင်းရဲမှုကြောင့် ပိုမို ထိခိုက်လွယ်သော အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများအတွက် မွေးမြူရေး တိရစ္ဆာန်များ၊ မျိုးစေ့များ၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံး ပစ္စည်း ကိရိယာများ ကူညီကြရန်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့သည် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ကြရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms BUI THI LAN က “ဒီရေကြီး နစ်မြုမှုတွေကြောင့် ပျက်စီးဆုံးရှုံးရခြင်း တစ်ဝက်လောက်ဟာ စိုက်ပျိုးရေး ကဏ္ဍမှာ ဖြစ်ပြီး ထိုဒေသနေ ပြည်သူတွေဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြင့်သာ အသက်မွေးနေရပါတယ်။ သူတို့ရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်သလို လယ်ယာ ပြန်လည်ထူထောင်ရေး ကိုလည်း ကူညီပေးရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရေကြီးမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှုန်းနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတို့ကို ထိခိုက်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်လည်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က တိုက်တွန်းထားသည်။

“ဒီလို ဆောင်ရွက်မှသာ အရေးပေါ် သုံးဖို့ လိုအပ်တဲ့ ငွေကြေး ရှာဖွေနိုင်မှာဖြစ်ပြီး ဘာဝဘေး အန္တရာယ်များ ကြုံတွေ့ပြီးချိန်တွင် စောလျင်စွာ ပြန်လည် ထူထောင်နိုင်ဖို့လည်း ထုတ်လုပ်မှု စွမ်းအားများ အသင့်ဖြစ်နေမှာပါ” ဟု လည်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်နှင့် နိုင်ငံညွှန်ကြားရေးမှူး DOM SCALPELLI က ပြောသည်။

ထိုသို့မဟုတ်ပါက အစားအစာ လုံလောက်မှု လျော့ကျသွားနိုင်ပြီး အာဟာရ မပြည့်ဝခြင်း ဖြစ်ပေါ်လာမည်ဟု ဆိုထားပြီး လယ်သမားတို့၏ ပိုင်ဆိုင်မှုများကို ရောင်းကာ အကြွေးနွံထဲ ပိုမိုနစ်မြုပ်သွားနိုင်သည်ဟုလည်း စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့က သတိပေးထားသည်။





ဈေးကွက်သတင်းအချက်အလက်နှင့် စီးပွားရေးဆိုင်ရာ ဟောပြောပွဲ








မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ အကြွေးကျန် ပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား တရားစွဲဆို ဆောင်ရွက်လျက်ရှိ

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သို့ အကြွေးကျန် ပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား အများနှင့်ဆိုင်သော ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆို ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ဆွေးနွေးရာတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ကျပ် ၃၁.၇၉၃ ဘီလီယံ ပေးသွင်းရန် ကျန်ရှိနေပြီး၊ နိုင်ငံတော်ကို ပေးသွင်းရန် ငွေပမာဏ အများဆုံး ကျန်ရှိသည့် ဝန်ကြီး ဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ကြွေးကျန် ကျပ် ၃၁.၇၉၃ ဘီလီယံ နှင့်ပတ်သက်၍ ကြွေးကျန် စာရင်းများကို စစ်ဆေးသည့်အခါ ဌာနမှ အလွဲသုံးစား ပြုလုပ်ထားခြင်းမျိုး မဟုတ်ပဲ လုပ်ငန်းရှင်များမှ ဌာနသို့ ပေးရန်ကျန် ရှိသည့် ကြွေးမြီများ ဖြစ်သည် ဟု သတင်း ထုတ်ပြန်သည်။

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ကြွေးကျန် လုပ်ငန်းရှင်များအား အများနှင့်ဆိုင်သော ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး၊ တရား စွဲဆိုခြင်းမပြုမီ ကြွေးကျန်မှာ ကျပ် ၃၂.၅၈၄ ဘီလီယံ ရှိပြီး၊ ကြွေးကျန်လုပ်ငန်းရှင် ၁၀ ဦး၏ ကြွေးမြီ အပြေအကျေ ပေးဆပ်မှု အပါအင် ကြွေးကျန် ပေးဆပ်မှုမှာ ၉ ရာခိုင်နှုန်းကျော်ရှိပြီး၊ ယခုအချိန်တွင် ကြွေးကျန် ကျပ် ၂၉.၄၂၂ ဘီလီယံ ကျန်ရှိနေကြောင်း၊ ကြွေးမြီ အကျေပေးဆပ်သူ ၁၀ ဦးအနက် အမှု ၂ မှု ရုပ်သိမ်းခဲ့ပြီး ၈ မှုမှာ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ ကြွေးကျန်သူများ နှင့်ပတ်သက်၍ တရားရုံးတင်ပြီး ၂ မှု၊ တရားရုံးတင်ရန် ဆောင်ရွက်ဆဲ အမှု ၅၁ မှု ရှိကြောင်း သိရသည်။

ကြွေးကျန် အများဆုံး လုပ်ငန်းရှင် ၁၀ ဦးထံမှ ရရန်ငွေ ကျပ် ၂၅.၅၉၂ ဘီလီယံ ကျော်ရှိကြောင်း သိရသည်။

(Xinhua)





တရားမျှတမှု တောင်းဆိုနေသော မြန်မာလူငယ်နှစ်ဦး


ဝင်းဇော်ထွန်း ပေးခဲ့သောစာ

မြန်မာလုပ်သား နှစ်ဦးအား ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်ကြောင်း မျက်မြင်သက်သေ အပါအ၀င် အထောက်အထား တိတိကျကျမရှိဘဲ တရားခံဟု စွပ်စွဲပြီး ဖမ်းဆီးမှု ပြုလုပ်ကတည်းက ဝေဖန်ခံနေရသည့် ထိုင်းရဲတပ်ဖွဲ့ သည် ၎င်းတို့တင်သွင်းထားသည့် တရားလိုပြသက်သေကိုးဦးကို ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ သုံး ရက်ကြာ စစ်ဆေးရာတွင်လည်း သက်သေများ၏ ထွက်ဆိုချက်များက ထိုင်းရဲတပ်ဖွဲ့က တင်သွင်းထားသော မှုခင်းအချက်များနှင့် ကွဲလွဲ မှုများ ထပ်မံထွက်ပေါ်လာခဲ့သည်။

မှုခင်းဆရာဝန် ရဲမှူးကြီး ထွက်ဆိုသော ဟန်နာ၏ မိန်းမအင်္ဂါပေါ်တွင် ဒီအင်န်အေနှစ်ခုနှင့်စအိုတွင် ဒီအင်န်အေတစ်ခု စုစုပေါင်း ဒီအင်န်အေသုံးခု တွေ့ရှိခြင်းကြောင့် လူသတ်မှုတွင် ပါဝင်သူများမှာ လူသုံးဦးဖြစ်နေခြင်း၊ သေဆုံးသူ ဟန်နာ၏ ညာဘက်လက်ကြားတွင် အနီရောင်ပျော့ပျော့ဆံပင် တွေ့ရှိထားသည်ဟု ထွက်ဆိုရာ မြန်မာလုပ်သားနှစ်ဦး၏ ဆံပင်များသည် အနက်ရောင်များဖြစ်ပြီး မာနေခြင်း၊ အဆိုပါဆံပင် သက်သေကို ဒီအင်န်အေ စစ်ဆေးမထားခြင်းနှင့် ပျောက်ဆုံးနေခြင်း စသည့် သက်သေထွက်ချက်များက မြန်မာလုပ်သားနှစ်ဦးအပေါ် စွပ်စွဲချက်များကို သက်သာရာရစေခဲ့သည်။

အင်းဒတ်ခ်ျဘားပိုင်ရှင် ဖီမွန်က သေဆုံးသူ ဒေးဗစ်သည် မှောက်ခုံအနေအထားဖြင့် တွေ့ရှိကြောင်း ထွက်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့၏ ဓာတ်ပုံ သက်သေတွင် ပက်လက်အနေ အထားဖြစ်နေခြင်း၊ သေဆုံးသူ ဟန်နာ၏ ကိုယ်ပေါ်တွင် ပ၀ါအစိမ်းရောင်ရှိနေသည်ဟု မှုခင်း ဓာတ်ပုံများတွင် တွေ့ရသော်လည်း ဖီမွန်က အဆိုပါပ၀ါရှိမနေခြင်း စသည့် ကွဲလွဲချက်များက ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အမှုကို သေသေချာချာ မသုံးသပ်ဘဲ စွဲချက်တင်ခဲ့သည်မှာ ထင်ရှားနေကြောင်း အမှုလိုက်ပါကူညီနေသည့် မြန်မာရှေ့နေများက ပြော သည်။

အထူးသဖြင့် အမှုတွင် သံသယဖြစ်ဖွယ် အကောင်းဆုံးဖြစ်သည့် လိပ်ကျွန်းသူကြီး၏ညီ အင်းဒတ်ခ်ျဘားပိုင်ရှင် ဖီမွန်၏ ထွက်ချက်များမှာ ထိုင်းရဲတပ်ဖွဲ့က သက်သေတင်သွင်းသည့် အထောက်အထားများနှင့် ကွဲလွဲနေ ခြင်းပင်ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တရားလိုပြသက်သေများကို သုံးရက်ဆက်တိုက်စစ်ဆေးပြီးချိန်အထိ မြန်မာလုပ်သား နှစ်ဦးမှာ အမှုတွင် ပါဝင်ငြိစွန်းနေခြင်း မရှိသေးကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က တင်ပြသည့်တရားလိုပြသက်သေ လေးဦးကို ဇူလိုင် ၈ ရက်တွင် စတင်စစ်ဆေးခဲ့သည်။ သေဆုံးသူ ဗြိတိန်စုံတွဲ အလောင်းကို စတင်ကိုင်တွယ်သည့် အမှုစစ်ရဲအရာရှိတစ်ဦး၊ လိပ်ကျွန်းဆေးဆရာဝန်၊ AC-2 ဘားပိုင်ရှင်၏ညီ အင်းဒတ်ခ်ျ ဘားပိုင်ရှင် ဖီမွန်နှင့် ဘားစားဖိုမှူးတစ်ဦးတို့ကို ကော့စမွီမြို့နယ် တရားရုံး၌ ထိုင်းနိုင်ငံ စံတော်ချိန် နံနက် ၉ နာရီခွဲမှ ည ၈ နာရီခွဲထိ စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

ပထမဆုံး တရားလိုပြသက်သေဖြစ်သည့် လိပ်ကျွန်းလူသတ်မှု အမှုစစ်ရဲအရာရှိက အမှုစဖြစ်သည့် နံနက် ၇ နာရီခန့်တွင် နိုင်ငံခြားသားအလောင်း နှစ်လောင်းတွေ့သည်ဟု ၎င်းထံ ဖုန်းဝင်လာခဲ့သည်။ ၁၀ နာရီခန့်တွင် နောက်ထပ်ဖုန်းတစ်ကြိမ် ထပ်မံဝင်လာပြီး ရေတက်ချိန် ရောက်နေ၍ အလောင်းကို မည်သို့စီမံရမည်ကို ၎င်းအားမေးမြန်းခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

‘‘ရေတက်ချိန်ရောက်နေလို့ အလောင်းကို ဘယ်လိုလုပ်ရမလဲလို့ မေးတော့ နေရာရွှေ့ခိုင်းထားလိုက်တယ်လို့ ပြောတယ်။ မိန်းမ အလောင်းကို သေချာကိုင်တွယ်ဖို့ ပြောတယ်။ မိန်းမအလောင်းကို နေရာရွှေ့ထားတယ်။ နေ့ခင်း ၁၁ နာရီလောက်မှာ လိပ်ကျွန်းကို ရောက်သွားတယ်ပြောတယ်။ သဲပြင်ပေါ်မှာ ခုခံတိုက်ခိုက်ထားတဲ့ ခြေရာတွေ တွေ့ပြီး အမျိုးသမီးက မုဒိမ်းကျင့်ခံရတယ်လို့ ပြောတယ်။ ပေါက်တူးရယ်၊ ကွန်ဒုံးရယ်၊ ဖိနပ်ရယ်၊ ဆေးလိပ်တို သုံးခုတွေ့တယ်လို့ ပြောတယ်။ အနီးအနားက မသင်္ကာသူတွေကို စစ်ဆေးတယ်လို့ ပြောတယ်’’ဟု အမှုစစ်ရဲအရာရှိ ၏ ထွက်ဆိုချက်ကို တရားခွင်တွင် နားထောင်ခဲ့ရသည့် ရှေ့နေ ဦးအောင်မျိုးသန့်က ပြန်ပြောပြခြင်းဖြစ်သည်။

အမှုစစ်ရဲအရာရှိအပြီးတွင် တရားလိုပြသက်သေ အင်းဒတ်ခ်ျ ဘားပိုင်ရှင် ဖီမွန်ကို ဆက်လက် စစ်ဆေးသည်။ ဘားပိုင်ရှင် ဖီမွန်သည် အခင်းဖြစ်ပွားချိန်က သံသယရှိဖွယ်စာရင်းတွင် ပါဝင်သူဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က ဒီအင်န်အေ (မျိုးရိုးဗီဇ)နှင့် အခြားစစ်ဆေးမှုများ ပြုလုပ်ပြီး အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးခဲ့သူဖြစ်သည်။

ဖီမွန်၏ ထွက်ဆိုချက်တွင် မြန်မာအမျိုးသမီး မဥမ္မာဆိုသူက ကမ်းခြေတွင် အလောင်းတွေ့ ကြောင်းပြော၍ သွားကြည့်ခဲ့ပြီး ယောက်ျားအလောင်းကို မှောက်ခုံအနေအထားဖြင့် ဦးစွာတွေ့ခဲ့ ကြောင်း ဆိုသည်။

ရုံးတော်သို့ ထိုင်းရဲတပ်ဖွဲ့ တင်ထားသည့် ဓာတ်ပုံသက်သေတွင် ယောက်ျားအလောင်းဓာတ်ပုံမှာ ပက်လက်အနေအထားဖြစ်ပြီး ဖီမွန်ထွက်ဆိုသကဲ့သို့ မှောက်ခုံအနေအထားဓာတ်ပုံကို တရားရုံးတွင် ထိုင်းရဲများ တင်မထားခဲ့ပေ။

ထို့အပြင် အမှုတွင် အရေး ကြီးအချက်ဖြစ်သည့် သေဆုံးသူ အမျိုးသမီးဟန်နာ၏ ကိုယ်ပေါ်ရှိ မျက်နှာသုတ်ပ၀ါမှာ ၎င်း၏ မျက်နှာသုတ်ပ၀ါမဟုတ်ကြောင်း ငြင်းဆိုထားသည်။

‘‘ဟန်နာရဲ့ ကိုယ်ပေါ်မှာက မျက်နှာသုတ်ပ၀ါအစိမ်းရောင်က ကျွန်တော်မသိဘူး။ ကျွန်တော် ရောက်တဲ့အချိန်မှာ မျက်နှာသုတ် ပ၀ါမရှိဘူး။ ကျွန်တော်သုံးနေတာကလည်း အညိုရောင်ပါ’’ဟု ဖီမွန်က ထွက်ဆိုသွားသည်။ သို့သော် ထိုင်းရဲတင်ပြထားသည့် ဓာတ်ပုံ သက်သေတွင် ဟန်နာ့ကိုယ်ပေါ်တွင် ပ၀ါအစိမ်းရောင်အုပ်ထားပြီး ဖီမွန်ကမူ ဟန်နာ့ကိုယ်ပေါ်တွင် ပ၀ါမရှိကြောင်း ထွက်ဆိုသွားခြင်းဖြစ်သည်။

‘‘ပထမနေ့က ထွက်ဆိုချက်တွေက ပထမအမှုစစ်ရဲနဲ့ ဆရာဝန်ရဲ့ ထွက်ချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှုစစ်ရဲက သေသူဟန်နာရဲ့ တန်ဆာကို ကြည့်ရုံနဲ့ ရဲ အတွေ့အကြုံအရ မုဒိမ်းကျင့်ထား ရတယ်ဆိုတာ သိတယ်လို့ပြော တယ်။ ဒါပေမဲ့ဆရာဝန်ရဲ့ ထွက် ဆိုချက်ကတော့ အဲဒီလိုယုံကြည် ရုံနဲ့ မုဒိမ်းကျင့်ထားတယ်လို့ ပြောလို့မရဘူးလို့ ထွက်ဆိုသွားတယ်’’ဟု ကွဲလွဲချက်အချို့ကို ဦးအောင်မျိုးသန့်က ထောက်ပြသည်။ ထို့အပြင် အမှုစစ်ရဲကအခင်းဖြစ်ပြီး နောက်လဆန်း ၃ ရက်အထိ ဆရာဝန်နှင့် အဆက်အသွယ်ရှိနေ ကြောင်း ပြောသော်လည်း ဆရာဝန်ကမူ ထိုရက်များတွင် ရဲနှင့် ၎င်းတို့ လုံးဝဆက်သွယ်မှု မရှိဟု ထွက်ဆိုသွားသည်။

‘‘နောက်တစ်ခါစားဖိုမှူးလုပ် တဲ့ သူကို စစ်တဲ့အခါမှာလည်း သူ က ဘာမှ မပြောနိုင်ဘဲနဲ့ ဂစ်တာ ကို AC-2 ဘားထဲက ခုံလောက်မှာတွေ့လို့ နှစ်ရက်၊ သုံးရက်တီးသေးတယ်လို့ ပြောတယ်။ နောက်မှ ဒီဂစ်တာဟာ အမှုနဲ့ သက်ဆိုင်တယ် ပြောလို့ လာသိမ်းသွားတယ်လို့ ပြောတယ်။ ဒါက ပထမဆုံးနေ့ထွက်ဆိုမှု ကွဲလွဲချက်တွေပါ’’ဟု အမှုကွဲလွဲချက်များနှင့် ပတ်သက်၍ ရှေ့နေဦး အောင်မျိုးသန့်က ပြောသည်။

ဇူလိုင် ၉ ရက်တွင် အမှုဖြစ်ပွားရာ၌ အသုံးပြုခဲ့သည့် ပေါက်တူး၏ပိုင်ရှင် မြန်မာနိုင်ငံ သား ဦးအို၊ လိပ်ကျွန်းရှိ အနှိပ် သည်အမျိုးသမီးတစ်ဦးနှင့် ထိုင်းရဲ အရာရှိတစ်ဦးတို့ကို စစ်ဆေးခဲ့သည်။

‘‘ပေါက်တူးပိုင်ရှင် ဦးအိုက သူ့ပေါက်တူး နည်းနည်းလေးနေ ရာရွေ့နေလို့ ပြန်သိမ်းထားတယ် ပြောတယ်။ ပေါက်တူးမှာ သွေးစွန်းနေတာတွေလည်း သတိမထားမိလို့ မသိဘူးလို့ထွက်ဆိုထားတယ်’’ ဟု ရှေ့နေဦးအောင်မျိုးသန့် က ပေါက်တူးပိုင်ရှင်ဦးအို၏ ထွက်ဆိုချက်များကိုပြောပြသည်။

လိပ်ကျွန်းရှိ အနှိပ်သည်အ မျိုးသမီးအား စစ်ဆေးရာ ‘‘သူက ဘားတွေမှာ ဘီယာသောက်ပြီး ကမ်းစပ်ကို အပေါ့သွားတယ်လို့ ပြောတယ်။ သစ်ငုတ်တိုပေါ်မှာ လူသုံးယောက်ဂစ်တာတီးနေကြတယ်လို့ ပြောတယ်။ ဒီလူတွေက ဘယ်သူတွေလဲ ထိုင်းလား၊ အင်္ဂလိပ်လား၊ မြန်မာလားမေးတော့ မှောင်နေလို့ ဘာမှ မသိရဘူးလို့ ပြောတယ်။ နောက်ပြီး ဘာသီချင်းဆိုနေတာလဲမေးတော့ အင်္ဂလိပ် သီချင်းဆိုနေတာလို့ ပြောသွား တယ်’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သက်သေများဆက်လက် စစ်ဆေးသည့် ဇူလိုင် ၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က တင်သွင်းထားသည့် သက်သေလိပ်ကျွန်းတွင် နေထိုင်သူ မြန်မာအမျိုးသမီး မဥမ္မာမှာ တရားရုံးသို့ လာရောက်ခြင်းမရှိကြောင်း သတင်းရရှိ သည်။

တရားလိုပြသက်သေများကို ဒုတိယမြောက်နေ့ စစ်ဆေးပြီး ချိန်အထိ သက်သေများ၏ထွက်ဆိုချက်များသည် မြန်မာလုပ်သား နှစ်ဦးအား အမှုတွင်ပါဝင်နေခြင်း မတွေ့ရသေးကြောင်း ရှေ့နေဦး အောင်မျိုးသန့်က ဆိုသည်။

ဇူလိုင် ၁၀ ရက်တွင် ရဲမှူး ကြီး မှုခင်းဆရာဝန်နှင့် ရဲအရာရှိတစ်ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရဲမှူးကြီးမှုခင်းဆရာဝန် အား စစ်ဆေးရာတွင် ‘‘ဟန်နာရဲ့ တန်ဆာပေါ်မှာ DNA နှစ်မျိုးတွေ့

ပြီး စအိုမှာ DNA တစ်မျိုးတွေ့တယ်လို့ ပြောလိုက်ခြင်းအားဖြင့် ဒီကလေး မလေးကို မုဒိမ်းကျင့်တာ သုံးယောက်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ တကယ်လို့ ကလေးနှစ် ယောက်က ကျူးလွန်မယ်ဆိုရင် တောင် DNA နှစ်မျိုးပဲတွေ့ရမှာ ပါ။ အခု DNA သုံးမျိုးတွေ့တယ် လို့ ထွက်ဆိုသွားပါတယ်။ နောက် တစ်ချက်က ဟန်နာရဲ့ဒဏ်ရာမှာ က ပခုံးမှာမည်းမည်းလေးဒဏ်ရာ တစ်ခုရှိတယ်လို့ပြောပါတယ်။ ဒီ ဒဏ်ရာက ပေါက်တူး ဒဏ်ရာလား မေးတော့ပေါက်တူး ဒဏ်ရာမဖြစ် နိုင်ဘူးလို့ပြောသွားပါတယ်။ သံသယဖြစ်စရာက ကျည်ဆန်ကဲ့သို့ သော ဒဏ်ရာပုံစံမျိုးဖြစ်နေပါ တယ်’’ဟု ရှေ့နေဦးအောင်မျိုး သန့်က ပြောသည်။

ထို့ပြင် ရဲအရာရှိတစ်ဦးကို စစ်ဆေးရာတွင် အန်နာ၏ညာ ဘက်လက်သူကြွယ်နှင့် လက်ခ လယ်ကြားတွင် အနီရောင်ဆံပင် ပျော့ပျော့ နှစ်လက်မအရှည် တွေ့ရှိကြောင်း ထွက်ဆိုသော်လည်း DNA စစ်ဆေးခဲ့ခြင်းမရှိကြောင်းရုံးတော်ကို ထွက်ဆိုသွားသည်ဟု သိရသည်။

‘‘အဲဒီဆံပင်ကလည်း ရဲတပ်ဖွဲ့ဆီမှာ မရှိတော့ဘူးလို့ပြောရပါတယ်။ မြန်မာကလေးနှစ်ယောက် ရဲ့ ဆံပင်က မပျော့ပါဘူး။ အမာတွေပါ။ နောက်ပြီး အနီရောင် လည်း မဟုတ်ပါဘူး’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။

လိပ်ကျွန်းလူသတ်မှုသည် ထိုင်းအစိုးရကိုယ်တိုင် အမှုဆင် တည်ဆောက်ထားခြင်းဖြစ်သော ကြောင့် မြန်မာအစိုးရဘက်မှ အင် တိုက်အားတိုက် ပါဝင်ဖြေရှင်းမှ အမှုမှန် ပေါ်ပေါက်မည်ဖြစ် ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းကပြောသည်။

‘‘ထိုင်းရဲတပ်ဖွဲ့က အမှုတည် ဆောက်လိုက်ကတည်းက အမှား မှားအယွင်းယွင်းတည်ဆောက် လိုက်တာပါ။ လွတ်လပ်ပေါ့ပါးစွာ နေချင်တဲ့မြန်မာအလုပ်သမားနှစ် ယောက်က အချိန်လွန်နေထိုင်တာ ကိုအခွင့်ကောင်းယူပြီး ဆွဲထည့် လိုက်တာပါ။ အစိုးရကိုယ်တိုင်အမှုဆင်ထားတာမို့ မြန်မာအစိုးရ ဘက်က ပါဝင်စေချင်ပါတယ်။ အမှုက နက်နဲသိမ်မွေ့ပါတယ်။ နည်းပညာတွေ၊ CCTV ကိစ္စတွေ၊ DNA တွေ့ရှိချက်တွေ ကျွမ်းကျင်တဲ့ဘာသာပြန်ကိစ္စတွေအားနည်း နေတာကို မြန်မာအစိုးရကအလေးအနက် စဉ်းစားပေးစေချင်ပါ တယ်’’ဟု ဦးကျော်သောင်းကပြော သည်။

ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည် လူသတ်တရားခံများမဟုတ်ကြောင်း ရာနှုန်းပြည့်ယုံ ကြည်မှုရှိသည်ဟု လိပ်ကျွန်းလူ သတ်မှုကိုစောင့်ကြည့်လေ့လာနေသူ မြန်မာနိုင်ငံသား လင်းယုန်မာန်ကပြောသည်။

‘‘သူတို့နှစ်ယောက်က အရင် ကအမှုဟောင်းလည်းမရှိဘူး။ အမှု ဖြစ်ပြီးလည်း သာမန်ပဲနေနေတာ။ ကယောင်ချောက်ချားဖြစ်တာတွေ လည်းမရှိဘူး’’ဟု လင်းယုန်မာန် ကဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် သက်သေထွက်ဆိုပေးရန် ထိုင်းရဲ တပ်ဖွဲ့က တရားလိုပြသက်သေ ၆၅ ဦးတင်သွင်းထားပြီး မြန်မာသံ ရုံးအထူးအဖွဲ့က သက်သေ ၃၁ ဦး တင်သွင်းထားသည်။ လိပ်ကျွန်းလူသတ်မှုကို ဇူလိုင်နှင့် သြဂုတ်တို့ တွင် ခြောက်ကြိမ်စီ စုစုပေါင်း(၁၂)ကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး အဆိုပါရုံးချိန်းများ၌ တရားလိုပြ သက်သေများကိုသာ စစ်ဆေးမည် ဖြစ်သည်။ မြန်မာဘက်မှတင်သွင်း ထားသည့် တရားခံပြသက်သေများကို စက်တင်ဘာ ၁ ရက်မှစ၍ နှစ်ရက်ဆက်တိုက် စစ်ဆေးမည် ဖြစ်ပြီး စက်တင်ဘာ ၂၂ မှ ၂၅ ရက်အထိ ဆက်လက်စစ်ဆေးမည် ဖြစ်ရာ စုစုပေါင်း (၆)ကြိမ် ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

 ငြိမ်းချမ်း





အနိမ့်ဆုံးလုပ်ခအတည်ဖြစ်ပြီး အဆိုပါနှုန်းအားမပေးနိုင်ဟုဆိုကာ လုပ်ငန်းပိတ်သိမ်းမှုများဖြစ်လာပါက အလုပ်လက်မဲ့ ဖြစ်ခြင်းကို ထိန်းသိမ်းနိုင်ရန် ကြိုတင်ပြင်ဆင်ထား


လုပ်ခသတ်မှတ် ချက်အပေါ် အလုပ်ပိတ်သိမ်းခြင်းများ ဖြစ် လာမည်ဆိုပါက ပိတ်သိမ်း မည့်စက်ရုံများမှ အလုပ်သမားများ အလုပ်လက် မဲ့ဖြစ်ခြင်းကို ထိန်းနိုင် ရန် ပြည်နယ်နှင့် တိုင်းဒေသများရှိ လုပ်ငန်းအမျိုးအစား အလိုက် လုပ် သားလိုအပ်ချက်ရှိသည့် စက်ရုံများ ၏ အလုပ်ခေါ်စာများကို ကြိုတင်ပြင် ဆင်ထားကြောင်း အလုပ်သမားဝန် ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမျိုး အောင်က ပြောသည်။ အလုပ်ရှင်များအနေဖြင့် စက် ရုံပိတ်သိမ်းမည်ဆိုပါက အလုပ်ရှင် သဘောဆန္ဒအရ ပိတ်သိမ်းနိုင်ကြောင်း၊ သို့သော် ဥပဒေပါလုပ်ထုံးလုပ်နည်း အတိုင်း အလုပ်သမားကို တစ်လကြို တင်နို့တစ်ပေးကာ အလုပ်ထုတ်နစ် နာကြေးပေး၍ ပိတ်သိမ်းနိုင်ကြောင်း၊ ဥပဒေပါလုပ်ထုံးလုပ်နည်းအရသာ ပိတ်ရမည်ဖြစ်ကြောင်းလည်း ဦးမျိုး အောင်က ဆိုသည်။

''ဝန်ကြီးဌာနက အခုဆိုရင် ပြည် နယ်နဲ့တိုင်းအနှံ့မှာ အလုပ်သမားညွှန် ကြားရေးဦးစီးဌာနက ဦးစီးမှူးတွေ ကိုမှာထားတယ်။ အလုပ်ခေါ်စာလို တဲ့ အလုပ်ရှင်တွေကို ရှာထားလို့မှာ ထားပါတယ်။ လက်ရှိ အလုပ်အကိုင် တွေ လိုနေတာတွေလဲရှိပါတယ်။ ဝန်ကြီးဌာနလဲ သက်ဆိုင်ရာနယ်မြေ အလိုက်မှာ အလုပ်သမားလိုအပ်တယ် ဆိုတဲ့ စက်ရုံအလုပ်ရုံစာရင်းတွေကို ရထားတယ်။ ဖြစ်လာခဲ့လို့ရှိရင်လဲ ဒါတွေကိုလုပ်လို့ရအောင် ပြင်ဆင် ထားတယ်'' ဟု အမြဲတမ်းအတွင်း ဝန် ဦးမျိုးအောင်က ပြောသည်။

လက်ရှိတွင်လည်း ရွှေပြည်သာ ရှိ အီလန်မြန်မာစက်ရုံလိုနေရာမျိုး ၌ပင် လုပ်သားလိုအပ်ချက်ရှိနေကြောင်း ဦးမျိုးအောင်က ပြောသည်။

ထိုသို့ ဝန်ကြီးဌာန၏ ပြောဆို မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ''လုပ်ငန်းရှင်တွေ က အလုပ်သမားနှစ်သိန်းကျော် အ လုပ်လက်မဲ့ဖြစ်သွားမယ်ဆိုတဲ့ ခြိမ်း ခြောက်မှုက လုပ်သားတွေကြားထဲမှာ အတော်ကိုတုန်လှုပ်မှုဖြစ် သွား စေတယ်။ အခုက အလုပ်သမားက စီးပွားရေးစနစ်တစ်ခုကို လှုပ်အောင် မလုပ်ဘဲ အလုပ်ရှင်တွေက လှုပ် အောင်လုပ်နေတယ်။ အဲဒီလိုလုပ် နေတဲ့ သူတွေက ဖြစ်လာမယ့်ပြဿ နာအပေါ်မှာ အဓိကတာဝန်ရှိသူ တွေဖြစ်တယ်။ တာဝန်ရှိသူတွေ တာ ဝန်ခံဖို့လိုတယ်။ ကျွန်တော်တို့အလုပ်သမားတွေ အနေနဲ့ အဲဒီလိုဖြစ် အောင်လုပ်တဲ့ အလုပ်ရှင်တွေနဲ့ လက်မတွဲတော့ဘူး'' ဟု ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဝင် ရောက်လာသည့် တရုတ်နှင့် ကိုရီး ယားအထည်ချုပ်လုပ်ငန်းရှင် ၁၀၀ နီးပါးအနေဖြင့် တစ်နေ့ရှစ်နာရီလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လုပ်ငန်း ပိတ်သိမ်းကာ ပြန်သွားမည်ဟု ဇူလိုင် ၃ရက်က တရားဝင်ပြောဆိုထားပြီး ၎င်းတို့၏လုပ်ငန်းများတွင် အလုပ်လုပ် ကိုင်နေသည့် အလုပ်သမားနှစ်သိန်း ကျော်ရှိနေသည့်အတွက် ၎င်းအလုပ် သမားများ အလုပ်လက်မဲ့ဖြစ်နိုင် ကြောင်း ပြောဆိုထားသည်။



အဆိုပြုလုပ်ခ ကျပ် ၃၆၀၀ ကို အလုပ်ရှင်များမပေးနိုင်မှု ထင်သာမြင်သာရှိရန် ဝင်ငွေထွက်ငွေစာရင်းမှန်များကို ရှင်းလင်းပြ ရန် လိုအပ်၊ အမှန်တကယ်မပေးနိုင်ဟု ထင်ရှားပါက လိုအပ်ချက်များအပေါ် ညှိနှိုင်းပံ့ပိုးမှုများ ပြုလုပ်ပေးသွား မည်

အဆိုပြုလုပ်ခ ကျပ် ၃၆၀၀ ကို မပေးနိုင်သည့် အလုပ် ရှင်များအနေဖြင့် လုပ်ခမပေးနိုင်ခြင်း အပေါ် ထင် သာမြင် သာရှိစေရန် ဝင် ငွေ ထွက်ငွေစာရင်းမှန်များကို ရှင်း လင်းပြရန် လိုအပ်ပြီး အမှန်တကယ် မပေးနိုင်ကြောင်း ထင်ရှားပါက လိုအပ် ချက်များအပေါ် ညှိနှိုင်းပံ့ပိုးမှုများပြု လုပ်ပေးသွားမည်ဖြစ်ကြောင်း အနည်း ဆုံး အခကြေးငွေ သတ်မှတ် နိုင်ရေး အမျိုး သား ကော်မတီအတွင်းရေးမှူး နှင့် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင် က ဒီမို ကရေစီတူဒေးသို့ပြောသည်။
အဆိုပြုနှုန်းထား အားကန့်ကွက် ရက် နှစ်ပတ်အတွင်း ကန့်ကွက်မှု များတွင် အလုပ်သမားများကန့်ကွက် မှုထက် အလုပ်ရှင်များက ကျပ်၂၅၀၀ သာ ပေးနိုင်ကြောင်း အဆိုပြုကန့် ကွက် မှုများက ပိုမိုများပြားလျက်ရှိ ပြီး ၎င်းအဆိုပြုကန့်ကွက်မှုများကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ဖြေရှင်းပေးမည်ဖြစ်ကာ ကန့်ကွက် သူများအပေါ် ပြန်လည်မေတ္တာရပ်ခံ ညှိနှိုင်း ၍ကန့် ကွက်ရခြင်းနှင့်မပေး နိုင် ခြင်းအကြောင်းအရင်းများကို ခိုင်မာ သည့်ဖြေရှင်းချက်မျိုးကို တောင်းခံ သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

အမျိုး သားကော်မတီအတွင်းရေးမှူး နှင့် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်။

အနည်းဆုံး အခကြေးငွေသတ် မှတ်နိုင်ရေး အမျိုးသားကော်မတီ အ တွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်း ဝန် ဦးမျိုးအောင် က ''အကယ်၍ မပေးနိုင်ဘူးလား၊ မ ပေးနိုင်တာ အမှန်ပဲ လားဆိုတဲ့သူ (အလုပ်ရှင်)က ထင်သာမြင်သာရှိ ဖို့လိုပြီ။ ဥပမာ-သူ့ရဲ့ဝင်ငွေအမှန်နဲ့ ကုန်ငွေအမှန်နဲ့ ဘာလဲပြော။ ပြော တဲ့သူက ဃူနမေ ဖြစ်ဖို့လိုတယ်။ အဲဒါ ကို သူကတကယ်ပဲ ဃူနမေ ပေးမ လား။ အဲဒီလိုမျိုးတွေလုပ်သွားဖို့ စဉ်း စားထားတယ်။ တကယ်ပဲ မပေးနိုင် တာမှန်ရင်တော့ အဲဒီအပေါ်ကြည့်ရ မှာပေါ့''ဟု ပြောသည်။
မပေးနိုင်သည့် အလုပ်ရှင်များ၏ လက်ရှိပေးနေသည့် လုပ်ခလစာများ ကိုပြန်ကြည့်ရမည်ဖြစ်ကြောင်း၊ လက် ရှိပေးနေသည့် လစာနှုန်းထားများ သည် ယခုအဆိုပြုနှုန်းထားဝန်းကျင် များဖြစ်နေပါ က မည်သည့်အတွက် မပေးနိုင်ကြောင်းနှင့် ကန့်ကွက်သည့် အကြောင်းရင်းအား ရှင်းလင်းရမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ဖြည့် စွက်ပြောသည်။
''လစာထုတ်လို့ မပေးနိုင်ဘူး ဆိုတဲ့ စက်ရုံကလူတွေက တစ်သိန်း တစ်သောင်းနှစ်သောင်းတွေရနေ မယ်ဆိုရင် ဒီလစာနှုန်းထား ကို မပေး နိုင်ဘူးလို့ပြောရင် သူ့ကိုတော့ မေးရ တော့မှာပေါ့''ဟု အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဖြည့်စွက်ပြောသည်။
ထိုနည်းတူ အလုပ်သမားများ ကိုလည်း လက်ရှိရသည့် အခြေခံလ စာနှင့်သတ်မှတ်မည့် အခြေခံလစာ ဖြင့်နှိုင်းယှဉ်ကြည့်ပါက သတ်မှတ် နှုန်းထားပိုရနေပါက အလုပ်သမား များအနေဖြင့် လိုက်နာ ကျင့်သုံးရန် မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း အများစု သဘောထားအပေါ် လက်ခံ သွားမည်ဖြစ်ကြောင်းလည်း ဦးမျိုး အောင်ကဆိုသည်။




မြန်မာသင်္ဘောသား အများစု ဓာတ်ငွေ့တင်သင်္ဘောများ ပေါ်တွင် အလုပ်လုပ်ကိုင်မှု နည်းပါးလာ

ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ မြန်မာ သင်္ဘောသား များသည် ဓာတ်ငွေ့တင် သင်္ဘောများ ပေါ်၌ အလုပ်လုပ် ရာတွင် ရောဂါရရှိမှု များပြား လာသောကြောင့် အဆိုပါ သင်္ဘောများ ပေါ်၌ အလုပ်လုပ်ကိုင်မှု အရေအတွက် မှာ နည်းပါးလာကြောင်း ပြည်ပ သင်္ဘောလိုင်း အေဂျင်စီ တချို့မှ တာဝန်ရှိသူ များ၏ ပြောပြချက် အရ သိရသည်။ ''မြန်မာ သင်္ဘောသားတွေ ဒီနှစ်ထဲမှာ ဓာတ်ငွေ့တင် သင်္ဘောတွေမှာ အလုပ်လုပ် ကိုင်မှု တော်တော် နည်းသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းတွေရဲ့ ကျေးဇူးကြောင့် ဓာတ်ငွေ့တင် သင်္ဘောတွေကို လိုက်ရင် ဘယ်လို ရောဂါတွေ ခံစားရမလဲ ဆိုတာကို သိလာတာက တစ်ကြောင်းနဲ့ ဓာတ်ငွေ့တင် သင်္ဘောတွေ ပေါ်မှာ အလုပ်လုပ်ရင် ဓာတ်ငွေ့ရဲ့ ဒဏ်ကြောင့် ဘယ်လို ရောဂါတွေကို ခံစားရလဲ ဆိုတာ ဓာတ်ငွေ့တင် သင်္ဘော လိုက်ဖူးတဲ့ မြန်မာ သင်္ဘောသား တွေက သင်္ဘောသား အသစ်တွေကို အတွေ့ အကြုံတွေ ဖလှယ် လာတာကြောင့် ဓာတ်ငွေ့တင် သင်္ဘောပေါ်မှာ အလုပ်လုပ် မယ့် မြန်မာ သင်္ဘောသားတွေ ရှားလာတာပါ '' ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပ သင်္ဘောလိုင်း အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်ငွေ့တင် သင်္ဘောများ ပေါ်၌ အလုပ် သွားရောက် လုပ်ကိုင်သည့် မြန်မာ သင်္ဘောသား တစ်ချို့သည် စာချုပ်သက်တမ်း ပြည့်၍ မြန်မာနိုင်ငံ သို့ ပြန်လာလျှင် ဓာတ်ငွေ့များ ဒဏ်ကြောင့် ကင်ဆာရောဂါ နှင့် ခန္ဓာကိုယ် အတွင်းအင်္ဂါ အစိတ်အပိုင်း များ ပျက်စီးခြင်းတို့ ဖြစ်ပေါ် လာကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းရှိ သင်္ဘောလိုင်း အေဂျင်စီ တချို့သည် မြန်မာ သင်္ဘောသားများ ဓာတ်ငွေ့တင် သင်္ဘောများ ပေါ်၌ အလုပ်လုပ်ရန် စိတ်ဝင်စားမှု နည်းလာသည့် အတွက် လစာများ တိုးပေးပြီး အလုပ် ခေါ်ယူမှု များကို ပြုလုပ်ကြ သော်လည်း သင်္ဘောသား အများစုမှာ စိတ်မဝင်စား ကြဘဲ ကုန်တင် သင်္ဘောများ ၌သာ အလုပ်လုပ်ကိုင် လာကြကြောင်း သိရသည်။

 မင်းသော်တာလွင်




အလုပ်ပိတ်ပြီး ပြန်သွားတယ်ဆို ဒီအတိုင်းထွက်သွားလို့ မရဘူး၊ ဥပဒေက ရှိပြီးသား၊ အလုပ်သမားကို အလုပ်အတွက် နစ်နာကြေး လျော်ကြေးပေးရမယ် ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)

အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၃၆ဝဝ သတ် မှတ်ခြင်း အပေါ် လုပ်ငန်းရှင်အချို့က ကန့်ကွက်မှုနှင့် ပတ်သက်၍ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း တင်ပြ လိုက်ရပါသည်။


ဦးဇော်ဦး (နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး)

မေး။ ။ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက်(ရှစ်နာရီ)ကျပ် ၃၆ဝဝ သတ်မှတ်လိုက်ခြင်းအပေါ် လုပ်ငန်းရှင်များဘက်က ကန့်ကွက်နေတာ ရှိတဲ့အပြင် လုပ်ငန်းရှင်အချို့က စက်ရုံပိတ်သိမ်းမယ်လို့ ပြောဆိုမှု တွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။ သုံးရက်ကြာ ဆွေးနွေးခဲ့တဲ့ အနည်းဆုံး အခကြေးငွေသတ် မှတ်ရေး ဆွေးနွေးပွဲမှာ သဘောတူညီမှု ရခဲ့တာပါ။ အများစုသဘောတူပြီးမှ အဆိုပြု နှုန်းထားကျပ် ၃၆ဝဝ ကို ထုတ်ပြန်ခဲ့တာပါ။ အများစု သဘော မတူဘဲနဲ့တော့ ဒီနှုန်းထားကထွက်မလာပါဘူး။ အနည်းဆုံးအခကြေးငွေကို သတ်မှတ်တဲ့အခါ ကျွန်တော်တို့မှာ သတ်မှတ်ထားတဲ့ စံတွေရှိပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ဝန်ကြီးဌာနက ကိုယ်စား လှယ်တွေ၊ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ ဆိုလိုတာက အလုပ်ရှင် ကိုယ်စား လှယ်ဦးရေနဲ့ အလုပ်သမား ကိုယ်စားလှယ်ဦးရေဟာ တစ်စုံ တစ်ခုသော သတ်မှတ်ချက်ထက်မကျော်ရင် အဲဒီအစည်းအဝေး အထ မမြောက်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အားလုံးက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ အလုပ်သမားရော အလုပ်ရှင်ရော ဆိုင်တဲ့ ကိစ္စမှာ အင်မတန်မှ ဂရုစိုက်ပြီး ဆောင်ရွက်နေပါတယ်။

အခု ကန့်ကွက်နေတယ်ဆိုတာ အထည်ချုပ် လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အလုပ်ရုံ ပိတ်သိမ်းတာနဲ့ ပတ်သက်လို့ ပြောရရင် အလုပ်ရှင်တော်တော် များများ လုပ်ဖို့ခက်ပါတယ်။ သူတို့အနေနဲ့ ဒါကိုတော်တော် စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို တောင်းဆိုမှုတစ်ခုလို့ပဲ ယူဆ ပါတယ်။ တကယ်ဆို နိုင်ငံတော် အစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာနကို အနည်းဆုံး အခကြေးငွေပေါ်မှာ လျှော့ပေးဖို့ တောင်းဆိုမှုထက်စာရင် ဘယ်ကဏ္ဍတွေမှာ ပံ့ပိုးပေးမလဲ၊ ဘာတွေပြောင်း လဲချင်တာလဲ၊ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှာလဲစတာတွေ ဆွေးနွေးမှု တွေလုပ်စေချင်တယ်။ အလုပ်ရှင် အလုပ်သမားနှစ်ဖက်စလုံးအတွက် လိုအပ်တဲ့ သုတေသန လုပ်ငန်းတွေကို ရက်ပေါင်း ၆ဝ အတွင်းမှာ ဆောင်ရွက် သွားဖို့ လုပ်နေပါ တယ်လို့ပြောချင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံကို ဝင်လာမယ့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအပေါ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်က ရိုက်ခတ်မှု ရှိနိုင်၊ မရှိနိုင် ဆရာ့ အမြင်ကို သုံးသပ်ပေးပါ။

ဖြေ။ ။ အဓိက နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ လာတယ်ဆိုတဲ့နေရာ မှာ အရင်တုန်းက ကုမ္ပဏီတွေက ဘယ်လိုတိုင်းပြည်မျိုးကိုပဲဖြစ် ဖြစ်သွားပြီး လုပ်မယ်ဆိုတဲ့ ကုမ္ပဏီ ငယ်လေးတွေပါ။ အခုကျတော့ စီးပွားရေး အလား အလာရှိတဲ့ နိုင်ငံတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီကြီးတွေက ကျွန်တော်တို့ နိုင်ငံကို စိတ်ဝင်စားလာကြတယ်။ တချို့ သူတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေရာကနေ ကျွန်တော်တို့နိုင်ငံကို စိတ်ဝင် စားလာတဲ့ နိုင်ငံတွေ ရှိတယ်။ ဒီလို ကုမ္ပဏီကြီးတွေဝင်လာရင် အနည်းဆုံး အခကြေးငွေမရှိခဲ့ရင် အလုပ် သမားတွေအတွက် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမယ်။ နောက်ပြီး အလုပ်ရုံတွေမှာ လုပ်ခလစာတွေက အမျိုးမျိုး ဖြစ်နေတယ်ဆိုရင် လုပ်ခပိုရတဲ့ အလုပ်ကိုရှာပြီးပြောင်းမယ်။ အဲဒီ အခါ လုပ်ငန်းခွင် မတည်ငြိမ်မှုတွေ ဖြစ် လာမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ် လာမယ်။ ဒီလိုမတည်ငြိမ်မှုတွေ ဖြစ်နေခဲ့ရင် လာရောက် ရင်းနှီးမြှုပ်နှံ မယ့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက ဒီလိုနိုင်ငံမျိုးမှာ အလုပ်လာလုပ်ဖို့ စိုးရိမ်ပူပန်မှုတွေ ရှိမှာပဲ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်လိုက်ပြီးလို့ တစ်နေ့ ရှစ်နာရီအတွင်းမှာ ဒီနှုန်းပဲ ရမယ်ဆိုရင် အလုပ်သမားတွေက တည်ငြိမ်စွာ အလုပ်လုပ်မယ်။ အလုပ်သမားတွေဘက်က ခေါင်းပုံဖြတ် ခံရတယ်လို့ မြင်နေတဲ့ တိုင်တွေအပေါ် ရှင်းရှင်းလင်းလင်း မြင်လာကြရင် အလုပ်သမား၊ အလုပ်ရှင်ကြားမှာ ပဋိပက္ခနည်းသွားမယ်။
ဒါကြောင့်အလုပ်ရှင်၊ အလုပ်သမားကြား အနည်းဆုံး အခကြေးငွေ သတ် မှတ်ရေးဟာ ဦးစားပေးလုပ်ရမှာပါ။ လုပ်ငန်းခွင် တည်ငြိမ် လာရင် ပြည်ပ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အားကိုးစရာ ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်လာမှာပါ။

မေး။ ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့အတွက် ဆောင်ရွက်နေတဲ့ အပေါ် တုံ့ပြန်လာမှုတွေနဲ့ပတ်သက်ပြီး ဘာများအကြံပြုပြောကြား လိုပါသလဲ။

ဖြေ။ ။ ကျွန်တော်အကြံပြုချင်တာက အရှေ့ကို ရောက်ဖို့ဆိုတာ အားလုံး ဝိုင်းဝန်းပြီးတွန်းရမှာ ဖြစ်တယ်။ ဖြစ်နေတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းဖြေ ရှင်းရင်း ကျော်လွှားနိုင် အောင်ကြိုးစားရမယ့် ကာလဖြစ်ပါတယ်။ အလုပ်သမား ဝန်ကြီးဌာနအပါ အဝင်ဌာနတိုင်းက အလုပ်ရှင်တွေရဲ့ အခက်အခဲရော၊ အလုပ်သမားတွေရဲ့ အခက်အခဲရော ကျော်လွှားနိုင်မယ့် အစီအစဉ်တွေကို စဉ်းစားနေတာ ဖြစ်တဲ့အတွက်ကြောင့် အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင် ရွက်ကြရင် အနည်းဆုံးအခကြေးငွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ သတ်မှတ် လို့လည်းရမယ်။အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မယ်ဆို ကောင်းမွန်တဲ့ အရွေ့တစ်ခုကိုသွားနိုင် မှာပါ။


ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်၊အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန)


မေး။ ။ အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၃၆ဝဝ သတ်မှတ် လိုက်တဲ့ အပေါ် နိုင်ငံခြားသားလုပ်ငန်း ရှင်တွေက စက်ရုံပိတ်မယ်။ လျော်ကြေး မပေးနိုင်ဘူးလို့ ပြောဆိုတဲ့အပေါ် တကယ်လို့ အဲဒီလိုများလုပ်ခဲ့မယ် ဆိုရင် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ နိုင်ငံခြားသား အလုပ်ရှင်တွေ မလုပ်နိုင်တဲ့အပိုင်းရယ်။ မလုပ်နိုင်လို့ ထွက်သွားရင် အရေးယူမယ့် အပိုင်းရယ်။ အလုပ်ပိတ်ပြီး ပြန်သွားတယ်ဆို ဒီအတိုင်းထွက်သွားလို့မရဘူး၊ ဥပဒေ ကရှိပြီးသား၊ အလုပ်သမားကို အလုပ်အတွက် နစ်နာကြေးလျော်ကြေးပေးရမယ်။ အရင်တုန်းက ဒီလိုလုပ်ခဲ့လို့ အရေး ယူခဲ့ဖူးတဲ့ သာဓကတွေရှိတယ်။ ပိတ်သိမ်းတာက သူတို့ရဲ့ ကဏ္ဍ။ အဲဒီအပေါ်မှာ သူတို့ရဲ့ စီးပွားရေး အခြေအနေနဲ့ လုပ်ငန်းအခြေ အနေအရ ပိတ်မယ်ဆို ပိတ်ပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း နဲ့အညီ၊ ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ တကယ်ပြန်၊ မပြန်ဆိုတဲ့ကိစ္စ။ တကယ် ရုပ်သိမ်း၊ မသိမ်းဆိုတဲ့ကိစ္စ။ အခု ဖြစ်နေတာက အထည်ချုပ်မှာ။ အထည်ချုပ် လုပ်ငန်းရှင်တွေထဲမှာမှ တချို့ပေးနိုင်တယ်။ ဒီမှာဖြစ်နေတာက ရန်ကုန် မှာရှိတဲ့ အထည်ချုပ် လုပ်ငန်းရှင်တွေပဲ။ အဲဒီထဲမှာတောင် အကုန်မဟုတ်ဘူး။စက်ရုံပိတ်မယ်ဆိုတာ အလုပ်ရှင်က တကယ်ပဲပြောခဲ့တာလား။ သူတို့ မန်နေဂျာ၊ ကိုယ်စားလှယ်တွေ က ပြောတာလားဆိုတာ စိစစ်ဖို့လိုတယ်။ စက်ရုံပိတ်သွားတာက သူတို့လုပ်ပိုင် ခွင့်ပဲ။ စက်ရုံပိတ်သွားလို့ အလုပ် သမားတွေအတွက် လုပ်ငန်းခွင်ပြန်ဝင် နိုင်အောင် လုပ်ပေးရမှာကတော့ ကျွန်တော်တို့တွေရဲ့ တာဝန်ပါလို့ ပြောချင်တယ်။


မေး။ ။ နိုင်ငံခြားသားလုပ်ငန်းရှင် တွေအနေနဲ့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံရင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှာ အဆိုပြုထားတဲ့ နှုန်း ထားနဲ့ အခုသတ်မှတ်ထားတဲ့ နှုန်းထား ဘယ်လောက်ကွာခြားမှု ရှိလဲဆိုတာ သိပါရစေ။

ဖြေ။ ။နိုင်ငံခြားသား အလုပ်ရှင် မှန်ရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ အနိမ့်ဆုံးအလုပ်သမား ကို ဘယ်လောက်ပေးမှာလဲဆိုတဲ့ အဆိုပြုနှုန်း ထားတွေ ရှိတယ်။ အဆိုပြု နှုန်းထားတွေ ပြန်ကြည့်လိုက်ရင်လည်း အနည်းဆုံး ဒေါ်လာ ၉ဝ နဲ့ ၁ဝဝ ကျော်မှာရှိတယ်။ အခုပေးလိုက် တဲ့ နှုန်းထားက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှာ အဆိုပြု ထားတဲ့ နှုန်းထားနဲ့ ဘာမှ ကွာဟမှုမရှိဘူး။
မေး။ ။ အလုပ်ရှင်တွေ ဘက်က တောင်းဆိုထားတဲ့ အချက်တွေကို လုပ်ဆောင်ပေးဖို့ရှိပါသလား။
ဖြေ။ ။ အလုပ်ရှင်တွေ တောင်းဆို ထားတာတွေထဲမှာ လူမှုဖူလုံရေးကြေးက အလုပ်ရှင်ရော၊ အလုပ်သမားရော ထည့်ရတာပါ။ အဲဒီအပေါ်မှာ အလုပ်ရှင်တွေပြောနေတာရှိတယ်။ ဒါကဝန်ကြီးဌာနက လုပ်ပေးရမယ့် အပိုင်း၊ ဆောင်ရွက်ပေးနိုင်တဲ့အပိုင်း ဖြစ်တယ်။ လမ်းတွေ၊ မီးတွေကတော့ ကျွန်တော်တို့ဝန်ကြီးဌာန မတတ်နိုင်တဲ့ အပိုင်းပါ။ ဒါက နိုင်ငံတော်နဲ့ အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်လုပ်ဆောင်ရမှာ။ အလုပ်ရှင်တွေ တောင်းဆိုတဲ့ အထဲက လတ်တလော လုပ်ပေးနိုင်တာ လုပ်ပေးမယ်။ ရေရှည်လုပ်ရမှာရှိသလို ပေါင်းစပ်လုပ်ရမှာ ရှိတယ်။ အချိန်တော့ ပေးရမယ်။ ချက်ချင်းလုပ်ပေးပါ တောင်းဆိုလာရင်တော့ မဖြစ်နိုင်ပါဘူးလို့ ပြောချင်တယ်။


ဦးဇာနည်သွေး (မြန်မာနိုင်ငံတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်)

မေး။ ။ အဆိုပြုနှုန်းထား တစ်နေ့ ကျပ် ၃၆ဝဝ က လူတစ်ယောက်ရဲ့ အခြေခံ စားဝတ်နေရေးကို ဖြေရှင်း ပေးနိုင်မယ့် နှုန်းထားလို့ ထင်ပါသလား။

ဖြေ။ ။ ကျွန်တော်တို့ အလုပ်သမား မိသားစုတွေနဲ့ တွေ့တယ်။ အလုပ် သမားတွေ အခြေအနေကို လေ့လာ ကြည့်တယ်။ တိုင်းပြည်ရဲ့ တစ်ဦးချင်း ဝင်ငွေနဲ့ ချိန်ပြီးတော့ မိသားတစ်စုရဲ့ စားသောက်နေထိုင်မှု စားဝတ် နေရေး ကိုကြည့်လိုက်တဲ့အခါ ကျပ် ၃၆ဝဝ က သင့်တင့်လျောက်ပတ်တဲ့ သတ် မှတ် နှုန်းထားလို့ မြင်တယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်မှုတော့ ဘယ်ရှိမှာလဲ။

မေး။ ။ လုပ်ငန်းရှင်တချို့က တစ်ရက် လုပ်ခ ကျပ် ၃၆ဝဝ အတည်ပြုသတ်မှတ် မယ်ဆို မပေးနိုင်ဘူးလို့ ငြင်းဆိုနေတဲ့ အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့နိုင်ငံက တစ်ဦးချင်းဝင်ငွေနည်းပါးလို့ ဆင်းရဲလို့ နိုင်ငံ တကာမှာ မျက်နှာငယ်ရတယ်။ ဒါကို ရုန်းထွက်ဖို့ အခြေခံအကြောင်း တရားဖြစ်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့။ သတ်မှတ်တဲ့နေရာမှာ ဒါကို မပေးနိုင်ဘူးဆိုတာ ဆင်းရဲခိုင်း တာနဲ့သွားတူတယ်။ အဲဒါမျိုးမဖြစ်သင့် ဘူး။ တိုင်းပြည်ရဲ့ အရေးပါတဲ့အပြောင်း အလဲမှာ လုပ်ငန်းရှင်တွေကလည်း တက်တက်ကြွကြွ လက်တွဲပူးပေါင်း ပါဝင်ဖို့လိုပါတယ်။ အလုပ်သမားတွေ ဘက်ကလည်း ငွေကြေးတိုးပေးဖို့ တောင်းဆိုတာ တစ်ခုတည်းမဟုတ် ဘဲနဲ့ လုပ်အားစွမ်းရည်ကို တိုးမြှင့် ပေးဖို့လိုတယ်။ မပေးနိုင်ဘူး။ ပိတ်သိမ်းမယ် ဆိုတာ မပြောဘဲ တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံပြီး ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ နည်းလမ်းကိုသာ ညှိနှိုင်းဆောင်ရွက်ကြပါလို့ ပြောချင်တယ်။

ဦးမောင်မောင်
(မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ- CTUM)

မေး။ ။ အနည်းဆုံး အခကြေးငွေ နှုန်းထား ကျပ် ၃၆ဝဝ ထွက်လာတဲ့ အပေါ် အလုပ်ရှင်တွေဘက်က မပေးနိုင်လို့ ကန့်ကွက်နေတာ ကြားနေရပါတယ်။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ မပေးနိုင်တဲ့ လူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးတဲ့ အထဲမှာလည်း ပေးနိုင်တဲ့ အလုပ်ရှင်တွေ ရှိနေပါတယ်။ ပေးမယ် လို့ပြော ထားတဲ့အထဲမှာ မြန်မာနိုင်ငံသား မြန်မာပိုင်တဲ့ စက်ရုံရှိတယ်။ ဂျပန်နိုင်ငံ ကလာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံရှိတယ်။ ကိုရီးယားကလာတာ ရှိတယ်။ ဟိုနေ့က ပြောတဲ့အထဲမှာ မြန်မာနိုင်ငံသားပိုင်တွေ ပါတယ်။ တရုတ်နိုင်ငံ သားပိုင်၊ ကိုရီးယား နိုင်ငံသားပိုင်တွေပါတယ်။ မပေးနိုင်တဲ့ သူရှိသ လို ပေးနိုင်တဲ့သူရှိပါတယ်။ မပေးနိုင်တဲ့စက်ရုံတွေကြောင့်တော့ လုပ်ငန်း ပျက်မသွားပါဘူးလို့ ပြောချင် ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ဆိုတာ ညှိနှိုင်းလို့ရပါတယ်။ ရန်သူ တွေမဟုတ်ပါဘူး။ အလုပ်ရှင်ရှိမှ အလုပ်သမား ဆိုတာရှိမယ်။ အလုပ် သမားရှိမှလည်း အလုပ်ရှင်ရှိမှာပါ။အလုပ်သမားတွေက အရင်တုန်းကလို လမ်းမပေါ်ထွက်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့တောင်းဆိုတာ ကျပ် ၄ဝဝဝ ဖြစ်ပေမယ့် ကျပ် ၃၆ဝဝ ကို ညှိနှိုင်းတဲ့အခါ နောင်တစ်နှစ်ကြာရင်လည်း ပြန်သုံးသပ်ပြီး ပြင်ဆင်လို့ ရသေးပါလားဆိုတာ ဥပဒေရှိထားပြီး သား။ ဒါကအသေမဟုတ်ဘူးဆိုတာ အလုပ်သမားတွေက နားလည်တယ်။ ကျပ် ၃၆ဝဝ ပေးဖို့ အတင်းငြင်းဆန်တဲ့ အလုပ်ရှင်တွေက နားမလည်လို့ပဲဖြစ် ပါလိမ့်မယ်။ ပြင်ဆင်မှုအပိုင်းမှာ လည်း အားနည်းလို့ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး အခကြေးငွေ ကိစ္စက ရက်ပိုင်းအတွင်းလုပ်တာ မဟုတ်ဘူးလေ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကြိမ်ဖန် များစွာဆွေးနွေးပြီးသားပါ။ အခု အဆိုပြုထားတဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆ဝဝ ပေါ်မှာ တချို့ လုပ်ငန်း ရှင်တွေက လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက ပေးနိုင်ဖို့ပြင်ဆင် ထားကြ တယ်။ မပေးနိုင်လို့ စက်ရုံ ပိတ်မယ်လို့ ပြောတာတော့ မကောင်း ဘူးပေါ့ဗျာ။ ရာခိုင်နှုန်းတော်တော် များများကတော့ မပိတ်ပါဘူး။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက မနည်းဘူးလေ။

မေး။ ။ အလုပ်ရှင်တွေက အလုပ် သမားတွေကို လစာပေးတဲ့အခါ အခြေခံ လစာကိုမတိုးမြှင့်ဘဲ အခြား ခံစားခွင့်တွေထဲကနေ လစာပေး ချင် နေတာနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ။ ။ လစာနဲ့ ကပ်လျက်တိုင်တွေပါ။ တိုင်တွေဆိုတာ မုန့်ဖိုးပဲပေါ့။အလုပ် ရှင်က သဘောကျရင်ပေး မယ်။ အလုပ်သမားကလည်း သဘော ကျရင် လုပ်မယ်။ မုန့်ဖိုးဆိုတာ အမြဲ မရှိဘူးဆိုတော့ အချိန်ပိုလုပ်ခဆိုတာ မမြဲဘူး။ အချိန်ပိုလုပ်တဲ့အချိန်မှာ ရတဲ့လစာက မူရင်းလစာနီးပါးရှိနေတယ်။ အဲဒါ မဖြစ်သင့်ဘူး။ အလုပ်ရှင် က ပြန်ပြောတယ်။ အချိန်ပိုထွက်တဲ့ နှုန်းက များလို့ ပါလို့။ အချိန်ပိုထွက်တဲ့ နှုန်းများရင် အချိန်ပိုမလုပ်ရင် လစာ မလောက်ဘူး ဆိုတာ ပေါ်လွင်လာတယ်။ အလုပ်ရှင်ကိုမေးချင်တယ်။ ဒီလောက် အချိန်ပိုခေါ်ဖို့လိုလား။တစ်ရက် အလုပ်ချိန်ပြီးမယ့်အလုပ်ကို တွက်ဆပြီး လုပ်လို့မရဘူးလား။ အချိန် ပိုခေါ်တာကို မဖြစ်စေချင်တော့ဘူး။ ဒါတွေကို ပြန်ပြီးပြင်ဆင်ဖို့လိုတယ်။အချိန်ပိုတိုင်တွေကို ဖြုတ်ချဖို့လိုတယ်။ ဒါကြောင့် အခြေခံလစာတစ်ခုတည်း ကိုတိုးမြှင့်ပေးပါလို့တောင်းဆိုချင်တယ်။


ဒေါ်မျိုးမျိုးအေး
(အထည်ချုပ်စက်ရုံကြီးကြပ်ရေးမှူး)

မေး။ ။ အထည်ချုပ်လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ အတွက် ဒီအဆိုပြုနှုန်းထား ကျပ် ၃၆ဝဝ ဟာ လုံလောက်တဲ့ငွေကြေးလို့ ထင်ပါသလား။

ဖြေ။ ။ အခု ကျပ် ၃၆ဝဝ နှုန်းထားက ပြည့်စုံလုံလောက်မှုတော့ မရှိဘူး။ အတတ်နိုင်ဆုံး လိုက်လျောပြီး လက်ခံ ထားတာပါ။ အနည်းဆုံးတော့ ကျပ် ၄ဝဝဝ ဆိုပြီး တောင်းထားတာပါ။ အခုချိန်ထိတော့ ကျပ် ၄ဝဝဝ က မလျှော့သေးပါဘူး။

မေး။ ။ အထည်ချုပ်လုပ်ငန်းတွေမှာ ခန့်ထားမယ့် အမျိုးသမီးလုပ်သား တွေရဲ့ လုပ်ငန်းအတွက် အဓိက လိုအပ်တာက ဘာများဖြစ်မယ်ထင်ပါသလဲ။

ဖြေ။ ။ အထည်ချုပ် လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့အထဲမှာ ဘွဲ့ရအမျိုး သမီးတွေလည်းရှိပါတယ်။ အစ်မ ဆိုလိုချင်တာက စက်ချုပ်ကျွမ်းကျင် ရမယ့်နေရာမှာ စက်လာချုပ်မယ့်သူက လုပ်ငန်းကျွမ်းကျင်ရမှာ ဆိုတော့ အတန်းပညာနဲ့ တိုင်းတာလို့မရဘူး လေ။ အစ်မကဘွဲ့ရ တစ်ယောက်ဖြစ် ပေမယ့် လောလောဆယ်စက်ရုံမှာ ခေါင်းဆောင်ခန့်ထားတဲ့ အမျိုးသမီး လေးနဲ့ အစ်မယှဉ်ပြီးမချုပ်နိုင်ဘူး။ သူ့လိုစက်ချုပ်ပညာ အစ်မ မတတ်ဘူး။ လေ။ ဒီတော့သူ့လုပ်ငန်းမှာ သူက ဆရာပဲ။ ဒီလိုနေရာမျိုးမှာ အတန်း ပညာဘယ်လောက်ပဲရှိရှိ လုပ်ငန်း ကျွမ်းကျင်ရာ တန်ဖိုးကိုမြှင့် တင်ပေး ဖို့လိုအပ်တယ်။ ဘွဲ့ရတွေ၊ Ph.Dတွေ ခန့်ရမယ့် နေရာမဟုတ်ဘူး။ စက်ချုပ် ကျွမ်းကျင်သူကို ခန့်ရမှာ။ ဒီတော့ သင့်တင့်လျောက်ပတ်တဲ့ ငွေကြေး လစာတော့ ပေးရမှာပေါ့။ အဲဒါကိုမှ ဘွဲ့မရလို့၊ ဆယ်တန်းမအောင်လို့ ကျပ် ၂၅ဝဝ တောင် မတန်ဘူးလို့ မပြောပါနဲ့ လက်မခံနိုင်ပါဘူး။

မေး။ ။ လစာတိုးမပေးနိုင်လို့ စက်ရုံ ပိတ်မယ်လို့ ပြောနေကြတဲ့အပေါ်မှာ အလုပ်သမား တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ အခုတောင် တချို့စက်ရုံတွေက ကျပ် ၃၆ဝဝနဲ့ ထည့်တွက်ရတော့ မလားဆိုပြီး မေးနေတာတွေရှိပါတယ်။အလုပ်သမားတွေက အလုပ်ရှင်တွေကို မတောင်းဆိုရဘဲ အခုလို တိုးပေး တဲ့ အလုပ်ရှင်ကို သိပ်ချစ်ကြမှာပါ။ အလုပ်သမားတွေ လစာကိုကြည့်ရင် တိုင်တွေကွာနေတာ။ အဲဒါကလည်း အခြေခံလုပ်ခလစာကို မထည့်ချင်တာ။ အချိန်ပိုကြေးဆိုတဲ့ တိုင်တွေကွာနေ တာ။ တကယ်တော့ စကားလုံးလေး တစ်လုံးနဲ့ ရှုပ်နေတာ။ လစာတိုးပေးနိုင် တဲ့ အလုပ်ရှင်တွေရှိပါတယ်။ စက်ရုံပိတ်သိမ်းမယ်ဆိုတဲ့ စက်ရုံ နည်းပါ လိမ့်မယ်။ တော်တော်များများ အလုပ်ရှင်တွေမပိတ်ပါဘူး။ အခု လည်း ပေးနေတဲ့အလုပ်ရှင်တွေ ရှိပါတယ်။ မပေးနိုင်လို့ ပိတ်သွားမယ့် စက်ရုံတွေနေရာမှာ တခြားရင်းနှီး မြှုပ်နှံမှုသစ်တွေဝင်လာမယ်။ သူတို့ ထက် ကောင်းမွန်တဲ့ဖန်တီးမှုတွေ ပေးနိုင်မယ့် အလုပ်ရှင်တွေ ဝင်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 သီသီမင်း 

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ