ပြည်ပရောက် မဲဆန္ဒရှင်များအတွက် လိုအပ်သည့် မဲပြားများ ထပ်ပို့မည်

hnm | 火曜日, 10月 20, 2015 |




ပြည်ပရောက် မဲဆန္ဒရှင်များအတွက် လိုအပ်သည့် မဲပြားများ ထပ်ပို့မည်

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့် ရရှိခဲ့ပြီး မဲဆန္ဒ လက်မှတ်များ အပြည့်အ၀ မရရှိခဲ့သည့် ပြည်ပရောက် မဲဆန္ဒရှင်များအတွက် လိုအပ်သည့် မဲပြားများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်မံပေးပို့မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပြောကြားသည်။ ကြိုတင် မဲဆန္ဒရှင်များအတွက် လိုအပ်နေသည့် မဲပြားများ ထပ်မံပေးပို့နိုင်ရေးအတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ယနေ့ အောက်တိုဘာ ၁၉ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့်စီမံရေးရာဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဇင်မာသိန်းက“သံရုံးတချို့က မဲအပြည့် မရခဲ့တဲ့သူတွေ စာရင်းတော့ ပြန်ပို့နေတာ ရှိတယ်။ ဒါကိုကော်မရှင်ကို ပြန်တင်ပြပြီး မဲပြားတွေ အမြန်ဆုံး ပြန်ပို့နိုင်ဖို့ လုပ်နေတယ်။ ဘယ်တော့ပြန်ပို့မလဲ ဆိုတာတော့ ကော်မရှင်ပဲ သိလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

မဲဆန္ဒလက်မှတ်များ အပြည့်မရရှိသည့် စာရင်းများအား ပြန်လည် ပေးပို့ရာတွင် စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံတို့ရှိ မြန်မာ သံရုံးများက အများဆုံးဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ EU ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ရွေးကောက်ပွဲနေ့မှာ ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ