မြန်မာ့အားကစား

hnm | 火曜日, 10月 20, 2015 |





မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမန်နည်းပြ ဂတ်ဆီဇီကို ပြောင်းလဲခန့်အပ်


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း လာမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးတွင် အောင်မြင်မှု ရရှိရေး၊ ပိုမိုကောင်းမွန်သည့် ခြေစွမ်းရရှိရေး၊ ကစားသမားကောင်းများ ပေါ်ထွက် လာရေးတို့အတွက် လက်ရှိနည်းပြ အဗရာမိုဗစ် နေရာတွင် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဂျာမန် နည်းပြ ဖရိုင်းဒရစ် ဂတ်စ်ဆီဇီအား ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ကာ အစားထိုး တာဝန်ပေး ခန့်အပ်လိုက်ပြီ ဖြစ်သည်။

MFF သည် နည်းပြဟောင်း ရာဒီ အဗရာမိုဗစ်ခ်ျအား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း လိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ မိုဗစ်ခ်ျသည် မြန်မာအသင်းကို ၂၀၁၄ ဖေဖော်ဝါရီမှ စတင်ကာ တာဝန်ယူခဲ့ရာတွင် ပွဲပေါင်း ၂၂ ပွဲကိုင်တွယ်ကြီးကြပ်ခဲ့ရာ နိုင်ပွဲ (၇)ပွဲ၊ သရေ (၄)ပွဲ၊ ရှုံးပွဲ (၁၁)ပွဲ ရလဒ် ထွက်ပေါ်ခဲ့သည်။

JI7A2122
ဂျာမန်နည်းပြ ဂတ်ဆီဇီ တာဝန်ယူမည့် မြန်မာ့လက်ရွေးစင် အသင်းတွင် လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင် (မကွေးအက်ဖ်စီ)မှ ဆက်လက် ပူးပေါင်းတာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်ပြီး ကြံ့ခိုင်ရေး နည်းပြတစ်ဦးကိုလည်း အမြန်ဆုံး ခန့်အပ်သွားရန် စီစဉ်လျက် ရှိသည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ (၅း၀၀)နာရီတွင် ဟောင်ကောင်ရှိ မောင်းဂွတ် အားကစားကွင်းတွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် တောင်ကိုရီးယား လက်ရွေးစင် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

အဗရာမိုဗစ် လက်ထက် မြန်မာအသင်း ရလဒ်များ

2014 AFC Challenge Cup (အုပ်စုပြုတ်)

မော်လ်ဒိုက်စ် (၂-၃) မြန်မာ
မြန်မာ (၀-၂) ပါလက်စတိုင်း
ကာဂျစ္စတန် (၁-၀) မြန်မာ

၂၀၁၄ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား (ချန်ပီယံ)

မြန်မာ (၄-၁) ပါလက်စတိုင်း
ဖိလစ်ပိုင် (၂-၃) မြန်မာ

၂၀၁၄ ဆူဇူကီးဖလား (ခြေစစ်ပွဲ) အောင်မြင်ခဲ့

မြန်မာ (၀-၀) အရှေ့တီမော
ဘရူနိုင်း (၁-၃) မြန်မာ
ကမ္ဘောဒီးယား (၀-၁) မြန်မာ
မြန်မာ (၂-၁) လာအို

၂၀၁၄ ဆူဇူကီးဖလား (အုပ်စုမှပြုတ်)

မလေးရှား (၀-၀) မြန်မာ
မြန်မာ (၂-၄) စင်ကာပူ
ထိုင်း (၂-၀) မြန်မာ

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ

လာအို (၂-၂) မြန်မာ
မြန်မာ (၀-၂) တောင်ကိုရီးယား
ကူဝိတ် (၉-၀) မြန်မာ
မြန်မာ (၀-၂) လက်ဘနွန်
မြန်မာ (၃-၁) လာအို

နိုင်ငံတကာ ခြေစမ်းပွဲများ

ဗီယက်နမ် (၆-၀) မြန်မာ
အင်ဒိုနီးရှား (၂-၁) မြန်မာ
မြန်မာ (၀-၁) ကမ္ဘောဒီးယား
ယူအေအီး (၁-၀) မြန်မာ
မြန်မာ (၁-၁) နယူးဇီလန်






မြန်မာ့ရိုးရာ လက်ဝှေ့အထူးစိန်ခေါ်ပွဲကြီး ကျင်းပမည်





ပထမဆုံး နိုင်ငံတကာအဆင့်မီ စကိတ်ကွင်း သုံးပတ်နှင့် အပြီးဆောက်မည်

ရန်ကုန်မြို့တော် အတွင်းရှိ စကိတ်ဝါသနာရှင် လူငယ်များ အခမဲ့ ဝင်ရောက်နိုင်မည့် ပထမဆုံး နိုင်ငံတကာအဆင့်မီ စကိတ်ကွင်းကို အချိန်သုံးပတ်နှင့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်မည့် Make Life Skate Life (INGO) အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။ မြို့တော်စည်ပင်၏ ခွင့်ပြုချက်ဖြင့် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းပေါ်ရှိ မြလေးရုံကျောင်း လမ်းကစားကွင်းအတွင်း စတုရန်မီတာ ၃၀၀ အကျယ် ဆောက်လုပ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မှ အောက်တိုဘာ ၅ ရက်အတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ပြည်ပမှ လာရောက်မည့် အင်ဂျင်နီယာများနှင့် ရန်ကုန်မြို့ရှိ စကိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ တည်ဆောက်မည်ကြောင်း Make Life Skate Life မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စကိတ်ကွင်းရဲ့ အဓိက ရည်ရွယ်ချက်က ရန်ကုန်မြို့မှာရှိနေတဲ့ စကိတ်ဝါသနာ ပါတဲ့ လူငယ်တွေအတွက် လွတ်လပ်မှု ပြည့်ပြည့်ဝဝနဲ့ စကိတ်စီးနိုင်ဖို့ပါ” ဟု ၎င်းက ဆိုသည်။

စကိတ်ကွင်း မရှိသော ရန်ကုန်မြို့တွင် စကိတ်ဝါသနာရှင်များ စုစည်းတွေ့ဆုံကာ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ အန္တရာယ်ကင်းရှင်းစွာ စီးနင်းနိုင်ခြင်း၊ ဝါသနာရှင် အသစ်များလည်း တိုးပွားလာနိုင်ခြင်းကြောင့် ယခုဆောက်မည့် အခမဲ့ စကိတ်ကွင်းအသစ်သည် ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်ကြောင်း စကိတ်ဝါသနာရှင်တစ်ဦး ဖြစ်သူ ကိုအာကာဗိုလ်က ပြောကြားသည်။

ယင်းစကိတ်ကွင်း၏ ဆောက်လုပ်ကုန်ကျစရိတ်ကို ငွေကျပ်သိန်း ၂၀၀ ခန့် မှန်းထားပြီး အဆိုပါ ကုန်ကျစရိတ်အတွက် ဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပကာ ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တွင် စကိတ်စီးနင်းသူ ၁၀၀ ကျော် ရှိကြောင်း အဆိုပါ Make Life Skate Life အဖွဲ့အစည်း၏ စစ်တမ်းကောက်ယူချက် ထုတ်ပြန်ချက်အရ သိရှိရသည်။





စစ်ကိုင်း ငါးထပ်ကြီး ဘု ရား ပွဲ မြန် မာ့ရိုး ရာ လက် ဝှေ့ နောက်ဆုံးနေ့ ပြိုင်ပွဲ ပရိသတ် အထူးစည်ကား


မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ ပထမတန်း လက်ဝှေ့ကျော်ကြီး စစ်ကိုင်း ကျောင်းသားနှင့် သားကျောင်းသားတို့ စီစဉ်သည့် စစ်ကိုင်းဝေဠုဝန် ငါးထပ်ကြီး ဘုရားပွဲ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ (စတုတ္ထနေ့)နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့မွန်းလွဲ ၁နာရီတွင် စစ်ကိုင်းမြို့ အဆိုပါဘုရားဝင်း အောင်မင်္ဂလာ လက်ဝှေ့ရုံ၌ ကျင်းပရာ ပွဲကြည့်ပရိသတ် များဖြင့်အထူး စည်ကားခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့မှ သုံးချီစိန်ခေါ်ပွဲများတွင် ငါးမာန်းလေး (မိဘရိပ်)နှင့် ရဲရဲတောက် (မီးသား)၊ မိုက်ခဲ (မီးရထား)နှင့် ဇွဲနိုင် (မြို့သစ်)၊ ငဂျစ်(ချင်းစု) နှင့် ရဲမင်း (မိဘရိပ်) တို့ အလူးအလဲ ပူးတွဲသရေ ရလဒ်ဖြစ်ပေါ်ခဲ့သည်။ ဆိုးတေ (ညောင်ကုန်း) က မိုက်တီး(အုတ်စက်)ကို ဒုတိယ အချီတွင်လည်းကောင်း၊ ရန်နိုင်(မိဘရိပ်)က ဖြိုးအောင် (အုတ်စက်)ကို ဒုတိယအချီတွင် လည်းကောင်း၊ အောင်ဇေယျာ (စစ်ကိုင်း)က ကောလင်း(ကောလင်းမြို့)ကို ဒုတိယ အချီတွင် လည်းကောင်း၊ ကရင်လေး (ရွာထောင်)က ဇွဲသတ်္တိ(မိဘရိပ်)ကို ပထမအချီတွင် လည်းကောင်း အနိုင်ရရှိသည်။

အထူးလေးချီ စိန်ခေါ်ပွဲတွင် ရှိုင်းထက်အောင်(အဖြူရောင် သွေးသစ်)နှင့် အောင်ခဲစော (တိုက်ဂါး- ဘားအံ)တို့ အကျိတ်အနယ် ယှဉ်ပြိုင်ပြီး သရေရလဒ် ထွက်ပေါ် ခဲ့သည်။

အထူးငါးချီ စိန်ခေါ်ပွဲတွင် ကြယ်စင်ဖြိုး(အဖြူ ရောင်သွေးသစ်)နှင့် စောဘဦး(တောင်ကလေး- ကရင်ပြည်နယ်-ဘားအံ)တို့ အလူးအလဲ ပူးတွဲ သရေကျသည်။

ခင်ခင်ဝင်း(ပညာရေး)

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ