နိုင်ငံတကာရောက် တရားဝင်နေထိုင်နေသူ မြန်မာနိုင်ငံသူနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

hnm | 火曜日, 10月 20, 2015 |




ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး များတွင် မြန်မာ နိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ


ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ် ရုံးများတွင် ပြည်ပ ရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် အောက်တိုဘာ(၁၃) ရက်မှ (၂၃)   ရက်အတွင်း သံရုံးများ အလိုက် နေ့ရက်များသတ်မှတ်ပြီး မဲရုံများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ (၁၃) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ (၁၁) ဦး၊ အောက်တိုဘာ (၁၄)ရက်တွင် သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ မြန်မာသံရုံး၌ (၄၂)ဦး ၊ အောက်တိုဘာ (၁၅)ရက်တွင် သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ မြန်မာသံရုံး၌ (၆)ဦး၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ (၄၃)ဦး၊ စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ (၁၈၉၀)ဦး၊ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ရှိ မြန်မာ သံရုံး၌ (၃၀) ဦး၊ အောက်တိုဘာ (၁၆)ရက်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာ သံရုံး၌ (၁၂၀) ဦး၊ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံး၌ (၁၆)ဦး၊ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ မြန်မာ သံရုံး၌ (၇) ဦး၊ သီရိ လင်္ကာနိုင်ငံ  ကိုလံဘိုမြို့ရှိ မြန်မာသံရုံး၌ (၄)ဦး၊ ကူဝိတ်နိုင်ငံ ကူဝိတ်မြို့ရှိ မြန်မာသံရုံး၌ (၈) ဦး၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ (၈၁)ဦး၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ (၃၁၅၁) ဦး ၊ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး၌ (၁၂၆)ဦး စုစုပေါင်း  (၅၅၃၇) ဦး ကြိုတင် ဆန္ဒမဲများ ပေးခဲ့ ကြသည်။
အောက်တိုဘာ (၁၇)ရက်တွင် ထိုင်းနိုင်ငံ၊ တရုတ်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါ၊ ကူဝိတ်၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ နော်ဝေ၊ ကနေဒါ၊ ပြင်သစ်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ လာအိုနှင့် အမေရိကန် ပြည်ထောင်စုရှိ မြန်မာသံရုံး (၂၂)ရုံး၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး (၂) ရုံး၊  ဟောင်ကောင်မြို့၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ တရုတ်နိုင်ငံ ကူမင်းမြို့နှင့်နန်နင်းမြို့၊ အမေရိကန် ပြည်ထောင်စု  လော့စ်အိန် ဂျယ်လိစ်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၆) ရုံးတို့၌ မဲဆန္ဒရှင် (၆၃၆၉) ဦးတို့  လာရောက်၍ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြသဖြင့် အောက်တိုဘာ (၁၃)ရက်မှ (၁၇)ရက် အထိ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်စုစုပေါင်း (၁၁၉၀၆) ဦးရှိကြောင်း သိရသည်။ ကြိုတင် ဆန္ဒမဲလာရောက်ပေးကြသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ အဆင်ပြေ ချောမွေ့စွာ မဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးများအနေဖြင့် လိုအပ် သည်များ စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကြိုတင် ဆန္ဒမဲပေးခဲ့ခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မိမိသက်ဆိုင်ရာမဲရုံသို့ ပြန်လည် ရောက်ရှိ ဆန္ဒမဲ ပေးလိုပါက သက်ဆိုင်ရာ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး အကြီးအမှူးတို့ထံမှ ဆန္ဒမဲ မပေးရ သေးကြောင်း သက်သေခံလက်မှတ်ကိုရယူပြီး သက်ဆိုင်ရာ မဲရုံမှူးထံ တင်ပြ၍ ဆန္ဒမဲပေးနိုင်ကြောင်း သတင်း ရရှိသည်။
MOI

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ