မြန်မာ့ရိုးရာဓလေ့ ယာဉ်ကျေးမှု့အမွေအနှစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်း

hnm | 火曜日, 10月 20, 2015 |




အင်းလေး ဖောင်တော်ဦးဘုရားပွဲ















ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး ဒေသရှိ နှစ်စဉ်ကျင်းပ မြဲဖြစ်တဲ့ ဖောင်တော်ဦး ဘုရားပွဲ ကျင်းပနေပါတယ်။


ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နီးကပ်လာသည်နှင့် အမျှ ဘုရားဖူးများဖြင့် အထူးစည်ကား


မွန် ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံ တော်ရှင် ကျိုက်ထီးရိုးစေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကို လာမည့် သီတင်းကျွတ်လပြည့် နေ့ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပတော့ မည်ဖြစ်ရာ ဆံတော် ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြ သောအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့် သည်များဖြင့် ဘုရားရင်ပြင်တော်ပေါ်တွင် စည်ကားနေပြီဖြစ် ကြောင်း သိရသည်၊၊ ''နှစ်စဉ်နှစ်တိုင်းကတော့ သီတင်း ကျွတ်လပြည့် ဖွင့်ပွဲနေ့ဆို ဘုရားဖူးတွေက ရင်ပြင်တော်အပြည့်ပဲ။ ဖွင့် ပွဲမှာ ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာ တော်ကြီးတွေကြွရောက်ပြီးတော့ ဘု ရားအနေကဇာတင်မယ်။ အန္တရာယ် ကင်းပရိတ်တရားတော်တွေကို ရွတ် ဖတ်ပူဇော်မယ်။

မွန်ပြည်နယ်ဝန်ကြီး ချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဖွင့်ပွဲတက်မယ်။ ဟိုတလော က ကင်မွန်းစခန်းမှာဖြစ်သွားတဲ့ ရေ ကြီးရေလျှံမှုကြောင့် ဘုရားဖူးဧည့်သည် တွေ ကျိုက်ထီးရိုးလာလို့အဆင်ပြေ ပါ့မလားမေးကြတာတွေရှိတယ်။ အခု ရေပြန်ကျသွားပြီ။ တောင်တက်ကား လမ်းလဲကောင်းတယ်။ အခုဆို ဘုရား ဖူးတွေလဲ တော်တော်လာနေကြပြီ။ ဒါကြောင့်မို့ ကျိုက်ထီးရိုးဘုရားလာဖူး ဖို့ အားလုံးအဆင်ပြေမှုရှိပါတယ်''ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ. ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဘုရားပွဲတော်ဖွင့်ပွဲနေ့တွင် ရိုးရိုးလေး ကုမ္ပဏီမိသားစုက ဘုရားဖူးလာဧည့် သည်များအား စတုဒိသာကျွေးမွေး လှူဒါန်းသွားမည်ဖြစ်သည်။ ညပိုင်း တွင် ဆီမီးတစ်ထောင်၊ ဆီမီးငါးထောင်၊ ဆီမီးကိုးထောင်အဖွဲ့များက ကျိုက် ထီးရိုးဆံတော်ရှင်စေတီတော်မြတ် ကြီးအား ဆီမီးပူဇော်ကြမည်ဖြစ်ပြီး ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာ နှင့် ပဋ္ဌာန်းပရိတ်တရားတော်များ ရွတ် ဆိုပွားများကြမည်ဖြစ်ကြောင်း သိရသည်၊၊

''ကျိုက်ထီးရိုးတောင်ပေါ်မှာ မြေ ပြိုတာတွေ မကြာခဏဖြစ်နေတော့ ကျိုက်ထီးရိုးတောင်တက်လမ်းကို စိုးရိမ်နေကြသူတွေရှိတယ်။ ကျိုက် ထီးရိုးတောင်တက်လမ်းကတော့ လမ်း သားကြံ့ခိုင်မှုရှိတယ်။ ဘာမှစိုးရိမ်စ ရာမရှိပါဘူး''ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ပိုင်ရှင်တစ်ဦး က ပြောသည်၊၊

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်မှာလာမည့် ၂၀၁၅ ခု နစ် အောက်တိုတာ ၂၈ ရက်မှ ၂၀၁၆ ခုနှစ် ဧပြီလအထိ ခုနစ်လတိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံး ဘုရားပွဲတော် တစ်ခုလည်းဖြစ်ကြောင်း သိရသည်၊၊




ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ




ပုဂံဒေသတွင် နိုင်ငံခြားသားများအား ၀န်ဆောင်မှုပေးနေသည့် ရှုခင်းကြည့် မီးပုံးပျံ စီးနင်းခြင်းများကို ရှေးဟောင်း စေတီပုထိုး၊ အဆောက်အအုံများတည်ရှိရာ Monument Zone၏ ပြင်ပ၌သာ ခွင့်ပြုတော့မည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်တည်လာရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားသားများအား ၀န်ဆောင်မှု ပေးနေသည့် ရှုခင်းကြည့် မီးပုံးပျံ စီးနင်းခြင်းများကို ရှေးဟောင်းစေတီ၊ ပုထိုး၊ အဆောက်အအုံများတည်ရှိရာ Monument Zoneနှင့် ကင်းလွတ်သည့် နေရာများတွင်သာ ပျံသန်းခွင့် ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပုဂံရှေးဟောင်း သုတေသန ပြတိုက်တွင် အောက်တိုဘာ ၁၆ ရက်က ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဦးဆောင် ပြုလုပ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ၀င်ရောက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရာ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူများ၊ ရှေးဟောင်း သုတေသန ပညာရှင်များ၊ ဗိသုကာ ပညာရှင်များ၊ ယူနက်စကိုမှ ကျွမ်းကျင် ပညာရှင်များ၊ ဟိုတယ်၊ ခရီးသွားနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းရှင်များ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပုဂံအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ပုဂံဆိုက်တစ်ခုလုံးကို တင်ဖို့အတွက် ဆွေးနွေးကြတယ်။ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းတဲ့အခါ ကွက်တိကွက်ကျား မတင်ဘဲနဲ့ ဆိုက်တစ်ခုလုံးကို တင်ဖို့ ဆုံးဖြတ်တယ်။ နောက်တစ်ခုက ရှုခင်းကြည့် မီပုံးပျံတွေ ပျံသန်းမှုကို ကျွန်တော်တို့ Monument Zoneပြင်ပကနေပဲ ပျံသန်းခွင့်ပြုတော့မယ်”ဟု ရှေးဟောင်း သုတေသနဦးစီးဌာနတွင် ဒုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ယခုအခါ ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူ ဦးမျိုးညွန့်အောင်က ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ရှေးဟောင်းစေတီပုထိုး၊ အဆောက်အအုံများ တည်ရှိရာဇုန် Monument Zon ရှေးဟောင်းနယ်မြေဇုန် Ancient Zoneနှင့် ကာကွယ်ထိန်းသိမ်းရေး ဇုန် Prevention Zoneဟူ၍ ပညာရှင်များက သတ်မှတ် ထားရှိသည်။

“အစည်းအဝေးကသုံးရက် ကျင်းပတာပေါ့။ အရင်နေ့တွေကတော့ စာတမ်းဖတ်တာတို့၊ ပုံမှန် ဆွေးနွေးတာတို့လောက်ပဲ။ ဒီနေ့ကတော့ ဘောလုံးတွေ ပျံသန်းမှုကို နေရာသတ်မှတ်တာတို့၊ ကျူးကျော် အိမ်ရာတွေနဲ့ ပတ်သက်တာတွေ ဆွေးနွေး ဆုံးဖြတ်တာတွေ ဆောင်ရွက်ခဲ့ကြတယ်ဟု ပုဂံဇုန်ဧည့် လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

အဆိုပါအစည်းအဝေးအား ရှေးဟောင်း သုတေသနပြတိုက်တွင် အောက်တိုဘာ ၁၄ ရက်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင်မူ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင် နေသူများပါ တက်ရောက်ခဲ့သည်။

 ကိုနော် ( ပုဂံ )



(၅၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ




(၅၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့် ရုပ်ရှင်လောကသား အားလုံးနီးပါး တက်ရောက်ဂါရ၀ပြုခဲ့ကြောင်း သိရှိရပါသည်။


 “အနုပညာကို တန်ဖိုး ထားကြ ပါ။ တကယ်လည်း လေးလေးစားစား နဲ့ လိုက်စားကြပါ။ ရုပ်ရှင်ကောင်စီ အားလုံးကို မမေ့ကြပါနဲ့။ ဘုရား၊ တ ရား၊ သံဃာ ကို မမေ့ကြပါနဲ့။ အားလုံး ကိုချစ်ပါတယ်”

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှာ ကျင်းပတဲ့ ရုပ်ရှင်သက်ကြီး ပူ ဇော် ကန်တော့ပွဲ မှာ တစ်ခေတ်တစ်ခါ က ရုပ်ရှင် မင်းသမီးကြီး တစ်ဦး ဖြစ်တဲ့ ဒေါ်စံရှားတင် အနေနဲ့ အပူဇော် ခံသက်ကြီး အနုပညာရှင်တစ်ယောက် အဖြစ် တက်ရောက် ခဲ့ပါတယ်။ ဒေါ် စံရှားတင်ရဲ့ ဒီပွဲ အပေါ် ပီတိစကား က “အဘွား အရွယ်တွေဖြစ်နေပြီ ဆိုတော့ ခံစားချက်က ထူးထူးထွေ ထွေတော့ မရှိပါဘူး။ ညီအစ်မတွေ ဆုံကြ လို့ ပျော်ရပါတယ်” လို့ပြောပါ တယ်။ အသက်အရွယ် ရလာတဲ့ အတွက် အနုပညာ အလုပ်တွေ မလုပ် တော့ပေ မယ့် ဒေါ်စံရှားတင် ကို ရုပ် ရှင်လောကရဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် အနေနဲ့ ယနေ့ခေတ် မျိုးဆက်သစ် အနုပညာရှင်တွေအ တွက် အမှာ စကားပြောပေးပါ လို့ပြော တဲ့အခါ “အနုပညာကို တန်ဖိုး ထားကြ ပါ။ တကယ်လည်း လေးလေးစားစား နဲ့ လိုက်စားကြပါ။ ရုပ်ရှင်ကောင်စီ အားလုံးကို မမေ့ကြပါနဲ့။ ဘုရား၊ တ ရား၊ သံဃာ ကို မမေ့ကြပါနဲ့။ အားလုံး ကိုချစ်ပါတယ်”လို့ဒေါ်စံရှားတင်က ဆိုပါတယ်။

ရုပ်ရှင်နှစ် (၁ဝဝ) ပြည့်ဖို့ ငါး နှစ်ပဲ လိုတော့တဲ့ အချိန်ကာလတစ်ခု မှာ ဒေါ်စံရှားတင် က အနုပညာသမား အားလုံး အသက်ရာကျော် ရှည်ပြီး ရုပ်ရှင်သက်တမ်းနှစ် (၁ဝဝ) ပြည့်ကို မီကြပါစေလို့ ဆုတောင်းကြောင်း လည်း ဒေါ်စံရှားတင် က ဆက် လက် ပြော ကြားပါ တယ်။ ဒေါ်စံရှားတင်ရဲ့ သရုပ်ဆောင် ဘဝအစကတော့ ဒါရိုက်တာ တင်ညွန့် ရိုက်ကူးတဲ့ “ချစ်မုန်တိုင်း” ဇာတ်ကား မှာပါဝင် သရုပ်ဆောင်ခဲ့ ခြင်းပါ။ သူမ အောင်မြင်ခဲ့တဲ့ ဇာတ် ကားတွေ အနေနဲ့ကတော့ “အတွေ့”၊ “ဆောင်း”၊ “ကညာပျိုနဲ့ဇရာအို”၊ “စိမ်း နဲ့တေဇာ”၊ “စံအိမ်ကိုစိန် နဲ့မွမ်းမယ်” စတဲ့ဇာတ်ကား များဖြစ်ပြီး “ဆောင်း” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင် ဆု၊ “စိမ်းနဲ့တေဇာ” ဇာတ်ကား နဲ့အမျိုး သမီးဇာတ်ပို့ဆု တို့ကိုလည်း ရရှိထား ခဲ့ပါတယ်။ “သမီးသမက် ခမည်းခမက်” ဇာတ်ကား ရိုက်ကူးပြီး ရုပ်ရှင်လောက နဲ့ ကင်းကွာ သွားခဲ့ပေမယ့် ဒီနေ့အထိ ရုပ်ရှင်ကို ချစ်မြတ်နိုးနေဆဲဖြစ်တဲ့ ဒေါ်စံရှားတင် က သရုပ်ဆောင် ဘဝ တုန်းက သူမကို အားပေး ခဲ့တဲ့ ပရိသတ် တွေအတွက် အမှတ်တရစကားကို လည်း “အမေ့ကိုချစ်တဲ့ ပရိသတ်အား လုံးကို တန်ဖိုးထားတယ် ။လေးစား တယ်။ အားလုံး ကျန်းမာချမ်းသာကြပါ စေ”လို့ ပြောခဲ့ပါတယ်။

မျိုးမောင်


မိဘများစောင့်ရှောက်ရေးကူညီမှုအသင်းဒုတိယအကြိမ် နှစ်ပတ်လည်အလှူငွေ လက်ခံပွဲ




အ.ထ.က(၂)လမ်းမတော် အငြိမ်းစားဆရာ/ဆရာမများ ကျန်းမာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကျင်းပပြုလုပ်တဲ့ ကျန်းမာရေးထောက်ပံ့ငွေပေးအပ်ပွဲ




အသက် (၆၅)နှစ်အထက် အငြိမ်းစားပညာရေးဝန်ထမ်းကြီးများအား 
ဒုတိယအကြိမ်ပူဇော်ပွဲ



ရှေးဟောင်းဆင်းတုတော် ၁၀၀ ကျော် မြစ်ကြီးနားတွင် တူးဖော်ရရှိ





မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာအုပ်စု သာပတောင်းရွာမှာ ရှေးဟောင်းဆင်းတုတော် ၁၀၀ ကျော် အောက်တိုဘာလ ၁၃ ရက်နေ့က တူးဖော်ရရှိထားပါတယ်။ ရွှေစစ်စစ် ဆင်းတုတော် တဆူပါဝင်ပြီး ငွေဆင်းတုများ၊ ကျောက်ဆင်းတုများ၊ မယ်တော်ပုံရုပ်တု၊ ရှေးဟောင်းအုတ်ပြားဟု ယူဆရသောအုတ်ပြားများ တူးဖော်ရရှိထားပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ဆက်လက်တူးဖော်နေဆဲဖြစ်ပါတယ်။ တူးဖော်ရရှိထားတဲ့ ဆင်းတုတော်တွေ ဟိုကပ်ကျေးရွာဘုန်းကြီးကျောင်းမှာ ပင့်ဆောင်ထားပြီး ရွာအလိုက် ပြည်သူ့စစ်တွေက လုံခြုံရေးစောင့်ပေးနေပါတယ်။

 ယမင်းဦး
စကျင်ကျောက်ပြားဖြင့် ရေးထိုးထားသော ပိဋကတ်သုံးပုံ ကျောက်စာသည် ကမ္ဘာ့ပထမဆုံး နှင့် တစ်ခုတည်းသော ဗုဒ္ဓ၏ သမိုင်းမှတ်တမ်း အမွေအနှစ်ဖြစ်ဟု ပြောကြား

မန္တလေးမြို့ ကုသိုလ်တော် ဘုရားဝင်း အတွင်းတွင် ထိန်းသိမ်း ထားရှိသော မင်းတုန်းမင်း၏ လက်ရာ ပိဋကတ် သုံးပုံ ကျောက်စာသည် ဗုဒ္ဓ၏ နှုတ်ကပါဋ္ဌ်တော်၊ ဝိနည်းတော် နှင့် တရားတော် များကို ကျောက်စာ ရေးသား ကျောက်ထက် အက္ခရာတင် ထားသည့် ကမ္ဘာ့ ပထမဆုံးနှင့် တစ်ခုတည်းသော သမိုင်း မှတ်တမ်း အမွေအနှစ် ရှိရာ နေရာတစ်ခု ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ ကျောက်စာ ပညာရှင် များ၏ လေ့လာချက်များ အရ သိရသည်။

မင်းတုန်း မင်းတရားကြီး၏ ပိဋကတ်သုံးပုံ ကျောက်စာများ သည် ဗုဒ္ဓဘာသာကို ကမ္ဘာက သိရှိစေရန်၊ ဗုဒ္ဓဘာသာ ပြန့်ပွားမှုသည် အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ တို့သို့ အဆင့်ဆင့် ပြန့်ပွားပြီး အရှေ့တောင် အာရှမှ တစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့ခဲ့မှုကို ဖော်ညွှန်းရာ နေရာတစ်ခု ဖြစ်ကြောင်း၊ မြန်မာလူမျိုး တို့၏ ထူးခြားသော အတွေးအခေါ် အမြော်အမြင် နှင့် နည်းပညာကို ကမ္ဘာသို့ ပြန့်ပွား စေခဲ့ကြောင်း ကျောက်စာ ပညာရှင် Dr. Mark က ပြောပြသည်။
.
''ဒီ နည်းပညာကို အတုယူပြီး ရေးထိုးထားတဲ့ ကျောက်စာတွေ ထိုင်းနိုင်ငံ မှာလဲ လွန်ခဲ့တဲ့ ကိုးနှစ် လောက်ကစပြီး တွေ့ရပါတယ်။ စကျင် ကျောက်ပြား ပေါ်မှာ စာရေးသား နိုင်ခြင်း အတွေးအခေါ် ဟာ မင်းတုန်းမင်းရဲ့ ထူးခြားတဲ့ အတွေးအခေါ် ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။
.
ကုသိုလ်တော် ဘုရားရှိ ကျောက်စာ များသည် နှစ်ပေါင်း ၁၅ဝ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျောက်စာ ရေးထိုးချိန်သည် ဗြိတိသျှတို့က အောက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး စစ်ဖြစ်ပွား နေသော အချိန် ဖြစ်ကြောင်း၊ စစ်ဖြစ်ပွား နေချိန်၌ မင်းတုန်းမင်း သည် အဆိုပါ ကျောက်စာ များကို အထိမ်းအမှတ် အဖြစ် ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အဆိုပါ အချက် သည်လည်း မင်းတုန်းမင်း ၏ ထူးခြားသော အချက်တစ်ခု ဖြစ်ကြောင်း ပညာရှင်များက မှတ်ချက်ပြု ပြောပြသည်။
.
အဆိုပါ ကျောက်စာ များသည် ယနေ့တိုင် တည်ရှိ နေခြင်းသည် ကမ္ဘာ့သမိုင်း တွင် ဗုဒ္ဓနှင့် ပတ်သက်သော အမွေအနှစ် များကို ထိန်းသိမ်း ထားရှိသော နေရာ တစ်နေရာ ကို ဖော်ညွှန်း ပြဆိုလျက် ရှိကြောင်း ၊ ဗုဒ္ဓ တရားတော် များအား ကျောက်ထက် အက္ခရာ ရေးထိုး ခြင်းသည် မင်းတုန်းမင်း ၏ ပိဋကတ်သုံးပုံ ကျောက်စာ ၇၂၉ ချပ်မှာ ပထမဆုံး ကျောက်စာများ ဖြစ်ကြောင်း သိရသည်။



(၂၂)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲ ကျင်းပ

၂ဝ၁၅ ခုနှစ် (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာ ပညာရေးကောလိပ်ခန်းမတွင် အောက်တို ဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်း၊ မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ မုံရွာပညာရေးကောလိပ်မှ ကထိက ဦးခင်မောင်အေးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

'' မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်း သယ်ဆောင်ထိန်းသိမ်းခဲ့သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ် များနှင့် သတင်းအချက်အလက်နည်းပညာပံ့ပိုးမှုကို အခြေခံသည့် အမြင်ဆန်း၊ အကြားဆန်းသည့် ခေတ်ပေါ် အနုပညာရှင်များသည် အပြန်အလှန်လွန်ဆွဲနေတဲ့အချိန်မှာ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းသယ်ဆောင် ထိန်းသိမ်းခဲ့ သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ကွယ်ပျောက်မသွားခြင်းသည် ခေတ်စနစ်ပေါင်းများစွာ တွင်အခြေအနေ ပေါင်းများစွာကို ကြံ့ကြံ့ခံပြီးရိုးရာဓလေ့ထုံးစံများ၊ အနုသုခုမပညာရပ်များကို ဇောင်းပေး ထမ်းတင်ပေးခဲ့သည့် တာဝန်ရှိသူအသီးသီးကြိုးပမ်းအားထုတ်မှု၊ မျိုးဆက်ဟောင်းအနုပညာရှင်များ ဆက်ခံ သင်ယူပွားများခဲ့ကြသည့် မျိုးဆက်သစ်အနုပညာရှင်များကြောင့် ဖြစ်သည်ကိုအသိအမှတ်ပြုရမည် ဖြစ်ပါတယ်၊ ကျွန်တော်တို့လက်ထက် မှာလည်း အခုလို ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်း သိမ်းတဲ့အနေနဲ့ နိုင်ငံတော်က ဖော်ထုတ်ကျင်းပနေတဲ့အချိန်မှာ မိမိတို့အနေနဲ့လည်း ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မုံရွာခရိုင်အဆင့်(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ အရာတော်၊ ဘုတလင်နှင့် ချောင်းဦးမြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် အနုပညာရှင် (၈ဝ)ဦးကျော်တို့ဖြင့် အောက်တိုဘာလ(၁၉)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွား မည်ဖြစ်ပြီး၊ ခရိုင်အဆင့်မှ ထူးချွန်အနုပညာရှင်များ ရွေးချယ်ပြီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင်ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဖိုးချမ်း-မုံရွာ)




မြန်မာ့အမွေအနှစ်၊ ရိုးရာယဉ်ကျေးမှုနှင့် လက်မှုအနုပညာတွေကို ကမ္ဘာကသိအောင်စွမ်းဆောင်သွားမယ်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ဒီဇင်ဘာလတွင် ကျင်းပမည့် (၆၅)ကြိမ်မြောက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွင် မြန်မာ့အမွေအနှစ်၊ ရိုးရာယဉ်ကျေးမှုနှင့် လက်မှုအနုပညာတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်စွမ်းဆောင်ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် Miss Myanmar World 2015 ပြိုင်ပွဲ၏ သရဖူဆုရှင် အလှမယ်ခင်ရတနာသိန်းမြင့်က ပြောသည်။ ဇူလိုင် ၁၁ ရက် ညပိုင်းကMyanmar Even Park ၌ ကျင်းပ သည့် Miss Myanmar World 2015 ပြိုင်ပွဲမှ winner ဆုရှင်၊Runner Up နှင့် 2nd Runner Up တို့၏ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ကျွန်တော် ကျွန်တော်လို့ ပြောတဲ့ အညာသူလေး winner ဆုရှင် ခင်ရတနာသိန်းမြင့်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Channel -7 နှင့်ForeverBec-terco တို့ ပူးပေါင်းစီစဉ်သည့် မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် Miss Myanmar World 2015 ပြိုင်ပွဲကြီးကို ဧပြီလမှ စတင်ရွေးချယ် ခဲ့ပြီး နိုင်ငံတစ်ဝန်းမှ လှပျိုဖြူများ လာရောက်ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးGrand Final ရွေးချယ်ပွဲတွင် အလှမယ်သရဖူ winner ဆုကို မန္တလေးမှ လာရောက်ယှဉ်ပြိုင်သည့် ခါးနံပါတ်-၁ ခင်ရတနာသိန်းမြင့် ကလည်းကောင်း၊ 1st Runner Up ဆုကို ကချင်ပြည်နယ်မှ လာရောက် ယှဉ်ပြိုင်သည့် ခါးနံပါတ်-၁၉ မောရိန်းလုဆန်က လည်းကောင်း၊ 2nd Runner Up ဆုကို ရန်ကုန်မှ နန်းစန္ဒာလှထွန်းက လည်းကောင်း အသီးသီးရရှိခဲ့သည်။

''ကျွန်တော့်အနေနဲ့ ဒီဆုကို ကံ၊ ဥာဏ်၊ ဝီရိယတို့နဲ့ တိုက်ဆိုင်ခဲ့လို့ ရခဲ့တယ်ထင်ပါတယ်။ ပြိုင်ပွဲဝင် တစ်လျှောက်လုံး အခုလို winner ဆုရမယ်လို့လည်း မမျှော်လင့်ထား ပါဘူး။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင်တော့ အချိန်နဲ့အမျှ ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါကြောင့် လည်း ရခဲ့တာလို့ ထင်ပါတယ်။ အားလုံး လှကြ၊ တော်ကြတဲ့ထဲမှာ အခုလိုရခဲ့တော့ ကျွန်တော်အလွန်ပဲ ပျော်ပါတယ်။ Organization ကြီးကို လည်း အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပြည်ပကိုသွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တော့ လိုအပ်တာတွေအားလုံး ကျွန်တော် ပြင်ဆင်ရဦးမှာပါ။ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်''ဟု မန္တလေး သူလေး winner ဆုရှင် ခင်ရတနာ သိန်းမြင့်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် အလှမယ် သရဖူ winner ဆုရှင်သည် အမေရိကန်ဒေါ်လာ ၄ဝဝဝဝ တန် သရဖူ၊ Air Asia မှ အမေရိကန် ဒေါ်လာ ၁၇၅ဝဝ တန်ဖိုးရှိTicket နှင့်Organization မှငွေကျပ် သိန်း ၁ဝဝ၊ 1st Runner Up ဆုရှင်သည် အမေရိကန်ဒေါ်လာ ၂၁ဝဝဝတန်ဖိုးရှိ သရဖူ၊ Air Asia မှ အမေရိကန်ဒေါ် လာ ၁၅ဝဝ တန်ဖိုးရှိTicket နှင့် Organization မှ ငွေကျပ်သိန်း ၃ဝ၊ 2nd Runner Up ဆုရှင်သည် အမေရိကန်ဒေါ်လာ ၂၁ဝဝဝတန်ဖိုးရှိ သရဖူ၊ Air Asia မှ အမေရိကန် ဒေါ်လာ ၁၅ဝဝ တန်ဖိုးရှိTicket နှင့် Organization မှ ငွေကျပ်သိန်း ၂ဝ တို့ကို အသီးသီးချီးမြှင့်ခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ဒီဇင်ဘာလတွင် ကျင်းပမည့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှ နိုင်ငံ ကိုယ်စားပြုအလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ကိုယ်စားပြု အလှမယ် ခင်ရတနာ သိန်းမြင့်သည် မန္တလေးမြို့ ၇၄ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားတွင် နေထိုင်ပြီး B.A (ဂျာမန်ဘာသာ) ရပ်ဖြင့် ကျောင်းပြီးထားသူဖြစ်သည်။ ကျွန်တော် ကျွန်တော်လို့ ပြောတတ် သည့် သူသည် သရဖူရပြီး ယနေ့မှ စတင်ကာ Organization နှင့်အတူ ဘက်ပေါင်းစုံမှလေ့ကျင့်မှုများ ပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲမှရရှိထားသည့် ဆုငွေများကိုလည်း မိခင်အား ကျေးဇူးဆပ်ကန်တော့သွားမည့်အပြင် တောရွာ များတွင်ရှိသည့် ကလေးငယ် များ၏ ပညာရေးပိုင်းဆိုင်ရာ အခက် အခဲများကိုလည်း ပရဟိတလုပ်ငန်း အသွင် ပံ့ပိုးကူညီပေးသွားမည် ဖြစ် ကြောင်း သိရသည်။




သံတွဲမှ တွေ့ရှိသော ရှေးဟောင်း ငွေဒင်္ဂါး ၅ ပြားကိုသက်ဆိုင်ရာသို့ အပ်နှံ



ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံပုရာကျေးရွာ အနီးရှိ တောင်ပေါ် ဥယျာဉ်ခြံ တစ်ခုထဲမှ တွေ့ရှိသော ရှေးဟောင်း ငွေဒင်္ဂါး ၅ ပြားကို တွေ့ရှိသူ ဦးနိုင်ကြွယ်မှ သံတွဲခရိုင် ဥက္ကဋ္ဌထံ အပ်နှံလိုက်သည်ဟု သတင်း ရရှိသည်။

ယင်းရှေးဟောင်း ဒင်္ဂါးပြားများကို သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ဦးနိုင်ကြွယ်မှ ၎င်းပိုင် သံပုရာ ကျေးရွာအနီးရှိ တောင်ပေါ်ဥယာဉ်ထဲရှိ သီဟိုဋ်ပင် ပြိုလဲရာမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဦးနိုင်ကြွယ်က နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျွန်တော်တွေ့တာက ကျွန်တော်ပိုင်တဲ့ တောင်ပေါ်မှာတွေ့တာပါ။ မိုးကြီးပြီး သီဟိုဋ်ပင်ပြိုလဲရာက အမြစ်ကြား ထဲမှနေ ရှေးက မြုပ်နှံထားတဲ့ ရွှေအိုးကိုတွေ့ရှိပါတယ်။ အထဲမှာ ရှေးဟောင်း ငွေဒင်္ဂါး ၅ ပြား ဘဲ တွေ့တာပါ။ တစ်ခြား ပစ္စည်းတွေကို မတွေ့ပါဘူး။ ရွှေဒင်္ဂါးများ ရရှိတယ်ဆိုပြီး ကောလဟာလ သတင်းတွေ ထွက်ရှိသွားခဲ့တာပါ။ ဒါက လုံးဝ မဟုတ်မှန်ပါ။ အကယ်၍သိုဝှက်ထားခဲ့သည်ရှိသော် သေဒဏ် အထိ အပြစ် ပေးနိုင်ပါတယ်” ဟု ပြောဆိုသည်။

ကိုနိုင်ကြွယ် အပ်နှံသော ရွှေအိုးနှင့် ငွေဒင်္ဂါးများကို ရခိုင်ရှေးဟောင်းသုတေသနဌာနသို့ အပ်နှံပြီးရခိုင်ပြည်နယ် အတွင်း၌ နောင်လာနောက်သားများကြည့်ရှုနိုင်ရန်ထားရှိသင့်ကြောင်း တက်ရောက်လာသူများက ဝိုင်းဝန်း ဆုံးဖြတ် ခဲ့ကြသည်ဟု သိရသည်။

“ ကျွန်တော်က တွေ့ရှိတဲ့ ပစ္စည်းတွေကို နေပြည်တော် ရှေးဟောင်း သုတေသန အဖွဲ့ကို သွားရောက်အပ်နှံဖို့ စီစဉ်ခဲ့တာပါ။ ၂၁ ရက်နေ့ သံတွဲကထွက်မယ်။ ၂၂ ရက်နေ့ နေပြည်တော်မှာ ပစ္စည်း အပ်နှံတဲ့ အခမ်းအနား လုပ်မယ်။ မသမာသူတွေသိသွားရင် လုံခြုံရေး စိတ်မချရလို့ သတင်း ထုတ်ပြန်မှုနဲ့ ဓါတ်ပုံရိုက်တာကို ခွင့်မပြုနိုင်ဘူး။ ၂၂ ရက်နေ့ နေပြည်တော်မှာ ပစ္စည်းအပ်နှံပြီးရင် သတင်းထုတ်ပြန်ပေးမယ်လို့ စီစဉ်ခဲ့တာပါ ” ဟု ကိုနိုင်ကြွယ်က ဆက်လက် ပြောသည်။

ဇသံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ အသျှင် ကောသလ(ဂဝေသီ)မှ ဂျိတ္တောသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး နိရဉ္စရာသို့ မိန့်ကြားသည်မှာ “ ငွေဒင်္ဂါး ငါးပြားတွေ့ခဲ့ရတယ်။ ရွှေအိုး လို့ ယူဆရတဲ့ အိုးတစ်လုံးလည်း တွေ့ရတယ်။ ရွှေအိုး အစစ်မဟုတ်ဘူး။ လောဟာလို့ခေါ်တဲ့ သတ္တုစပ်အိုးပါ။ ဒင်္ဂါးလက်ရာတွေကတော့ ဝေသာလီခေတ်ဦး ခေတ်က ဒင်္ဂါးတွေဖြစ်တယ်။ အေဒီ ၂ ရာစုလောက်ကပေါ့။ ဒီဒင်္ဂါးတွေကို ရခိုင်ရှေးဟောင်း သုတေသနအဖွဲ့ကိုအပ်နှံသင့်တယ်။ထိုက်သင့်တဲ့တန်ဖိုး ထိုက်ထိုက်တန်တန် ရမှာပါ။ တန်ရာတန်ဖိုးထက် သုံးဆလောက်ပိုရမှာပါ။ ဒါတင်မကရခိုင်သမိုင်းအတွက်ရော ဒွါရာဝတီ သမိုင်း အတွက်ပါ တန်ဖိုး မဖြတ်နိုင်တဲ့ အထောက်အပံ့ကိုဖြစ်စေနိုင်တယ်” ဟု မိန့်ကြားသည်။

အစပိုင်းတွင် ဝေသာလီခေတ်သုံး ရွှေဒင်္ဂါး ၃ ပြားနှင့် ငွေ ဒင်္ဂါး ၈၄ ပြားတွေ့ရှိခဲ့သည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့သည်။

နေဇော်






တူရိယာမျိုးဝင် မြန်မာ့ရိုးရာ ဗုံတို ဗုံရှည်ပြုလုပ်ရောင်းချသူများ ရှိနေ



ကသာခရိုင် အင်းတော်မြို့နယ်၌ တူရိယာမျိုးဝင် မြန်မာ့ရိုးရာ ဗုံတို ဗုံရှည်ပြုလုပ်ရောင်းချသူများ၊ ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြု နိုင်ရန် ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် ဗုံတို ဗုံရှည်၊ စည်တော်များ၊ တူရိယာ၊ နှဲ၊ ပတ္တလားနှင့်စောင်း၊ လင်းကွင်းတို့ကို ပွဲလမ်းသဘင်ဆင်ယင် ကျင်းပရာတွင် သဘင်ပညာရှင်များ တူရိယာသံစဉ်အမျိုးမျိုးပေါင်းစပ်၍ပျော်ရွှင်ကြည်နူးဖွယ် ခေတ်အဆက်ဆက် တီးမှုန်ကခုန်ခဲ့ကြသည်။ ယနေ့ခေတ်ကာလတွင် တိမ်ကောပျောက်ကွယ်မှုမရှိသဖြင့် ပုံသဏ္ဌာန် အရွယ်အစားအမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည်။

ယခုခေတ်ကာလတွင် ဗုံတို ဗုံရှည် ပြုလုပ်ရောင်းချသူ ရှားပါးလာ သလို ဗုံပြုလုပ်ရာတွင် သစ်အမျိုးအစားရှားပါးလာခြင်းနှင့် သားရေပစ္စည်း လည်းရှားပါးလာသည်။ ဗုံပြုလုပ်ရာတွင် ဝက်ဝံသား၊ တောင်တမာသား ယမနေသားကို အသုံးပြုသူများကြသည်။ ချင်းတွင်းမြစ်ရိုးတစ်လျှောက် နှင့် ကချင်ပြည်နယ် တောင်တန်းများ၊ ရှမ်းပြည်နယ် မိုးညှင်းနှင့် မိုးကောင်း မှ ရှမ်းတိုင်းရင်းသားများလာရောက်၍ ရှမ်းအိုးစည်အရှည်များကို လာရောက်မှာယူကြသည်။ ဗုံအမျိုးမျိုး ပြုလုပ်တတ်သူနည်းပါးပြီး မန္တလေး ဘက်မှပင် လာရောက်မှာကြားကြသဖြင့် မြန်မာတို့နှစ်သက်လှသော တူရိယာ ဗုံတစ်လုံးကို ငွေကျပ် တစ်သိန်းကျော်မှ သုံးသိန်းခန့်အထိ ရောင်းချ ရသည်။ သို့သော် ဗုံလုပ်ငန်းကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်း အားပေးမည့်သူမရှိခြင်းကြောင့် မြန်မာ့ဗုံလုပ်ငန်း ကွယ်ပျောက်သွားမည့် အလားအလာများရှိနေသည်။

ငွေအိုး(ကသာ)






နိုင်ငံခြား ခရီးသွား ဧည့်သည်များ နှစ်သက်လာခြင်းကြောင့် ဈေးကွက် တွင်ကျယ်လာသည့် မြန်မာ့လက်မှုလုပ်ငန်း ချင်းပုတီး




အင်ကြင်းကျောက် ဘေးထွက် ပစ္စည်းဖြစ်သော အကာသားများဖြင့် ပြုလုပ်ထားသည့် မြန်မာ့လက်မှု အနုပညာ ချင်းပုတီးများကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ နှစ်သက်စွာ ဝယ်ယူနေကြသဖြင့် ဈေးကွက် တွင်ကျယ်လာ ကြောင်း သိရသည်။ ''ချင်းတိုင်းရင်း သားတွေက အဲဒီပုတီးပုံစံကို အရင်က ပယင်းကျောက်တွေနဲ့ ပြုလုပ်ပြီး ဝတ်ဆင်ကြတယ်။ အခုတော့ အင်ကြင်းကျောက်နဲ့ လုပ်ထားတဲ့ ပုတီးက အဲဒီပုတီးနဲ့ ပုံစံတူတော့ ချင်းတိုင်းရင်းသားတွေ အများဆုံး လာဝယ်ကြလို့ ချင်းပုတီးဆိုပြီး အမည်တွင်သွားတယ်။ ချင်းပုတီးကို ဆေးရောင်ခြယ်ရတာ အံ့သြဖို့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ အင်ကြင်းကျောက် အပေါ်မှာ ဆေးရောင်ခြယ်လို့ မရဘူး။ ဆေးမစွဲဘူး။ ဒါကြောင့်သူ့ကို ဆေးခြယ်တဲ့ နေရာမှာ မိခင်နို့ရည်ကလွဲပြီး ဘယ်ဟာနဲ့မှ ဆေးခြယ်လို့ မရတာ သူ့ရဲ့ထူးခြားချက်တစ်ခုပါ။ ပြီးတော့ အဲဒီနို့ရည်ကိုလည်း တစ်နှစ်လောက်ကြာအောင် သိမ်းထားပြီးမှ ဆေးခြယ်လို့ရပါတယ်'' ဟု အင်ကြင်းကျောက်ဖြင့် ချင်းပုတီးများ ပြုလုပ်သည့် လုပ်ငန်းလုပ်ကိုင်သူ ကိုမောင်ဇော်က ပြောသည်။

ချင်းပုတီးများကို ယခင်က ပြည်တွင်း၌သာ ဈေးကွက်အနေဖြင့် ချင်းပြည်နယ်သို့ အားထားတင်ပို့ ရောင်းချနေရ သော်လည်း ယခုအခါ ပြည်တွင်းဈေးကွက်၌ ဖန်စီအလှ ပုတီးများအပြင် ကိုးနဝင်း၊ ဂုဏ်တော်၊ ကိုးလုံးပုတီးနှင့် စိပ်ပုတီးစသည့် ဘာသာရေး ပုတီးများအထိ ပြုလုပ်ရောင်းချကာ နိုင်ငံခြားခရီးသွား ဧည့်သည်များမှလည်း အမှတ် တရအဖြစ် ဝယ်ယူမှု များပြားလာသည်။

ထို့အပြင် ချင်းပုတီးများ ထုတ်လုပ်ရာ မြင်းခြံခရိုင် နွားထိုးကြီး မြို့နယ်မှ ချင်းပုတီးများကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက် လည်ပတ်သည့် ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေးနှင့် ရန်ကုန်စသည့် ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချမှုများ ပြုလုပ်နေရကြောင်း၊ ချင်းပုတီးများ သည် ဝယ်လိုအားများပြားပြီး ဈေးကွက် သွက်နေသောကြောင့် နွားထိုးကြီး မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာပြီး လုပ်ခဝင်ငွေများ ရရှိကာ အဆင်ပြေနေကြောင်း သိရသည်။


မြန်မာ့ ထန်းလျက်ခဲများကို Tree Food အမည်နှင့် အသွင်ပြောင်းထုတ်လုပ်








Category: , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ