ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံ


ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ထပ်မံတွေ့ဆုံမည်
ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟို တယ်၌ အောက်တိုဘာ ၂၀ ရက် တွင် ထပ်မံတွေ့ဆုံမည် ဖြစ် ကြောင်း သတင်းရရှိသည်။
ကော်မရှင်က အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့်အဆိုပါနေ့တွင် သီးခြားစီတွေ့ဆုံမည် ဖြစ်သည်။ေ က်ာမရှင်သည် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ပင် သြဂုတ်၃၁ ရက် အရပ်ဘက်အဖွဲ့အစည်း များနှင့်လည်းကောင်း၊ စက်တင် ဘာ ၁ ရက်တွင် နိုင်ငံရေးပါတီများ နှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ရွေးကောက် ပွဲ မတိုင်မီ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း ကော်မ ရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြော ကြားခဲ့သည်။
ယခုအခါ ကော်မရှင်၏ထပ် မံတွေ့ဆုံမှုနှင့်ပတ်သက်၍ ‘‘လို အပ်လို့ ထပ်တွေ့တာပါ’’ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။
___________________________________________________________-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံ
________________________________________________________________
ဆုံးရှုံးခဲ့သည့်မဲများ ပြန်ပေးနိုင်ရန် စင်ကာပူသံရုံးမှ ထောက်ခံစာ ထုတ်ပေးမည်
ကြိုတင်ဆန္ဒမဲပေးခွင့် မရခဲ့သည့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်၌ နစ်နာခဲ့သည့် ဆန္ဒမဲများ ပြန်ထည့်နိုင်ရန် ထောက်ခံစာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ယနေ့ (အောက်တိုဘာလ ၁၈ ရက်) နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒမဲပေးခွင့် မရရှိခဲ့သည့် သူများ၏ မှတ်တမ်းနှင့် ကိုယ်ရေးတိုင်ကြားစာ များကို စုစည်းထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ နစ်နာခဲ့သည့် ဆန္ဒမဲများ ပြန်လည်ထည့်ဝင်နိုင်ရန် အတွက် အောက်တိုဘာလ ၂၆ ရက်နေ့မှ စ၍ ထောက်ခံစာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Category: bcjpnoa, bcjpnob, Ei Ei Htwe, htaynaing, Maung Thura mYint, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း