KNU ဥက္ကဌ စောမူတူးစေးဖိုးဒီချုပ်ဥက္ကဌ၏ နှင်းဆီစံအိမ်အပြင်တွင် ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရ
ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန်ရောက်ရှိလာသော KNU ဥက္ကဌ စောမူတူးစေးဖိုးဒီချုပ်ဥက္ကဌ၏ နှင်းဆီစံအိမ်အပြင်တွင် ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရ

ကရင်အမျိုးသားတပ်မတော် (KNU) ဥက္ကဌ စောမူတူးစေးဖိုးအနေဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နှင့် နေပြည်တော်ရှိဒေါ်အောင်ဆန်း စုကြည်၏ နှင်းဆီစံအိမ်တွင် တွေ့ဆုံဆွေးနွေးရန်ရောက်ရှိလာခဲ့ရာ ဒီချုပ်ဥက္ကဌမှခရီးဦးကြိုဆိုခြင်းမရှိဘဲ KNU အဖွဲ့များအား စံအိမ်ပြင်ပတွင် ကြာမြင့် စွာ စောင့်ဆိုင်းထားစေခဲ့ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အပြုအမူအပေါ်တွင် တိုင်းရင်းသားအများစုက မကျေမနပ်ဖြစ်ပေါ်ခဲ့ကြပြီး Social Network များပေါ်တွင်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအား ထိုကဲ့သို့ မဆက်ဆံ သင့်ကြောင်းကို ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။
ဒါကတော့ မဖြစ်သင့်ပါဘူး၊ တကယ်ဆိုတစ်ယောက်နဲ့တစ်ယောက်လေးစား မှုတော့ရှိရမှာပေါ့၊ ဒေါ်စုက NLD ဥက္ကဌ ဖြစ် သလို ဖထီးမူတူးကလဲ KNU ဥက္ကဌပဲ၊ ဖထီးမူတူးလိုလူကို အိမ်အောက်မှာစောင့်ခိုင်းပြီး သူကဆင်းမလာဘူး ဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို မတူသလိုမတန်သလို ဆက်ဆံတဲ့သဘောလား၊ သမ္မတတောင် ဖထီး နဲ့ တုန်းက အရှေ့ထိထွက် ကြိုခဲ့တာပဲ၊ ဒေါ်စုက ဖထီးမူးတူးလိုလူကို ဒီလိုဆက်ဆံတာ အရမ်း မောက်မာတယ်လို့ပဲ သတ်မှတ်တယ် ဟု ဧရာဝတီတိုင်း၊ လပ္ပတ္တာမြို့တွင်နေထိုင်သူ ဦးစောမြင့်သာ ကပြောသည်။
ဥက္ကဌကတော့ ဒေါ်စုနဲ့ ပထမဆုံးအကြိမ်သွားတွေ့ကြတာပေါ့လေ၊ အဓိက အားဖြင့်တော့ ခြေဥပြင်ဆင်ဖို့ရယ်၊ ငြိမ်းချမ်းရေးကိစ္စရယ်ပေါ့၊ တခြားတော့ အထွေအထူးမရှိပါဘူး၊ အားလုံးအဆင်ပြေတယ်လို့လဲ ကြားရပါတယ်။ ဒါပေမယ့် ဥက္ကဌကို ဒေါ်စုအနေနဲ့ ခရီးဦးတောင်မကြိုခဲ့ဘဲ အိမ်အောက်မှာအကြာ ကြီးစောင့်ခိုင်းခဲ့တာကတော့ တော်တော်လေး မကောင်းဘူးလို့ပြောရမယ်။ ဒေါ်စုခဏခဏပြောတဲ့ ဗမာလူမျိုးကြီးဝါဒဆိုတာ ဒါမျိုးလားလို့မေးရမလိုပဲ။ ဒေါ်စုအနေနဲ့ KNU နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ သူ့ဘက်ကမလေးမစား အမူအရာကိုပြတာပဲလေ၊ ဒါဟာမဖြစ်သင့်ပါဘူး ဟု KNU ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးကပြောသည်။
KNU ဥက္ကဌ စောမူတူးစေးဖိုးနှင့် ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂ နာရီကြာဆွေးနွေးမှုအား သီးခြား ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ယခုလိုပထမဆုံးအကြိမ်တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် KNU ဥက္ကဌအား ခရီးဦးမကြိုခဲ့ဘဲ နေအိမ်အောက်တွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားများအပေါ်ထားရှိသော သဘောထားအား မေးခွန်းထုတ်စ ရာဖြစ်လာကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိလာခဲ့သည်။
အေးမြတ်သူ
mbn
ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ခေါင်းဆောင်များ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ဥက္ကဌ စောမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မတ်လ ၂၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်။ Photo: Myo Thant Khaing/ RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်း စုကြည်ဟာ KNU ဗဟို ကော်မတီဝင်ကနေ့ညနေပိုင်း ၄ နာရီက နေပြည်တော် ဥတ္တရသီရိနေအိမ်မှာ နှစ်နာရီ ကြာတွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များပါဝင် ကြပြီး KNU ဘက်ကလဲ ဗဟိုကော်မတီဝင်များဖြစ် တဲ့ စောကွယ်ထူးဝင်း၊ ရော်ဂျာခင်၊ ပဒိုရွှေမောင်း၊ စော တာတိုမှုး၊ စောဘစ်တာ၊ စော တာမူလာ၊ စောပေါ့၊ စော နိမရော၊ ဦးဟန်ညောင်ဝေတို့ ပါဝင်တက်ရောက်ခဲ့ ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့  ပဒိုစောကွယ်ထူးဝင်းကို မီဒီယာတွေက ၀ိုင်းဝန်းမေးမြန်း ကြရာမှာ ပဒိုစောကွယ်ထူးဝင်းက
''အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမှုမှာတော့ ပိုပြီးနားလည်မှုရှိလာကြတာပေါ့့၊ အမြင်ချင်းဖလှယ်တဲ့အနေ အထားပါ၊ ရွေးကောက်ပွဲအတွက် ကျနော်တို့ဒီမိုကရေစီကို ချီတက်နေတဲ့ အချိန်မှာအရေးကြီးတယ် လို့ ဆွေးနွေးဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက်ပေါ့၊ NCA နဲ့ပတ်သက်လို့တော့ ငြိမ်းချမ်းရေးဟာ တကယ်လိုအပ်နေတယ်ဆိုတာကို ဒေါ်စုက ရွေးကောက်ပွဲအတွက် ၃ ချက်ကို ပြောတယ်၊ တစ်အချက်က ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဒုတိယအချက်က ဥပဒေစိုးမိုးရေးနဲ့ သုံးအချက်က ငြိမ်းချမ်းရေးပေါ့၊ ဒါကိုကျနော်တို့ ဆွေးနွေးပါတယ်”
လာမယ့်ရွေးကောက်ပွဲနဲ့  ပတ်သက်လို့လဲ သူက
"ရွေးကောက်ပွဲကို ကျနော်တို့က လက်နက်ကိုင် အဖွဲ့အစည်းဆိုတော့ဝင်လို့ ဘယ်ရမလဲ၊ လက်ရိှအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒါကလွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လက်ထဲမှာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်း ရင်းသားတွေ ကြိုးပမ်းနေတဲ့တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေတာရှိသလို ပြင်ဆင်ဖို့လည်း ရှိပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့က ပူးပေါင်းဆောင်ရွက်ရမယ်၊ အခက်အခဲတော့ ရှိပေမယ့် ကျော်လွှားသွား မယ်ပေါ့။ မျှော်လင့်ချက်ဆိုတာ အမြဲတမ်းရှိရမယ်ပေါ့''
အခုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ သီးခြားထုတ်ပြန်သွားမည်မဟုတ်ကြောင်း ပဒိုစောကွယ်ထူးဝင်း က ပြောကြားသွားပါတယ်။
RFA
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း