မြန်မာ့စီးပွားရေး တိုးတက်ရန် ကူညီပေးခြင်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်များစွာ အထောက်အပံ့ရရှိနေ

ဟိုတယ်/ခရီးဝန်ကြီးနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတို့ တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - ဟိုတယ်/ခရီး)
ဧပြီ ၁ ရက်တွင် အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်းတစ်လျှောက်ရှိ အမျိုးသမီးများနှင့် နွမ်းပါးသူ များအတွက် စီးပွားရေး လုပ်ဆောင်မှု စွမ်းရည်မြှင့်တင် ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းနှင့် ပတ်သက်၍ ပြည် ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် အာရှဖွံ့ဖြိုးဘဏ်(ADB) မှ တာဝန်ရှိသူများ တွေ့ဆုံရာတွင် ဝန်ကြီးက ပြော ကြားခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး၊ လူမှုရေးကဏ္ဍများကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရာတွင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပြင် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဦးစီးပေးထည့်သွင်းစဉ်းစားစေလိုသည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ဆက်လက်ပြောသည်။
ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးမှုများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ပူးပေါင်းဆောင် ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးမှုများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ပူးပေါင်းဆောင် ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများက မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ADB မှ အဓိကထား ဆောင်ရွက်နေသော်လည်း အဆိုပါလုပ်ငန်း စီမံကိန်းများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အပံ့ ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ကို အကောင်အထည်ဖော် ရေးဆွဲခဲ့ပြီး အဆိုပါ စီမံကိန်း တွင် ပါဝင်သည့် ကာလတို၊ ကာလရှည် စီမံကိန်းများကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း