ဒိုင်းမွန်းစတား၏လုပ်ငန်းခွဲ စားသောက်ကုန် ကုမ္ပဏီတွင် မစ်ဆူဘီရှီက ဒေါ်လာသန်း ၆၀ ရင်းနှီးမြှုပ်နှံမည်

hnm | 月曜日, 4月 06, 2015 |



 ပြည်တွင်းထိပ်သီးလုပ် ငန်းရှင် ဦးကိုကိုကြီး ပိုင်ဆိုင်သော ဒိုင်းမွန်းစတား စီးပွားရေးလုပ် ငန်းစု၏ စားသောက်ကုန်ကုမ္ပဏီ တွင် ဂျပန်မစ်ဆူဘီရှီကော်ပိုရေး ရှင်းက အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာစားသောက်ကုန်များ ကို နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်ရန် LIuvia ကုမ္ပဏီ အမည်ဖြင့် ဒိုင်းမွန်းစတားကုမ္ပဏီ နှင့် ဂျပန်မစ်ဆူဘီရှီကော်ပိုရေး ရှင်းတို့ စတင်ပူးပေါင်းဆောင် ရွက်ရန် ကြေညာထားသည်။
LIuvia ကုမ္ပဏီသည် သုံး နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ် ပြီး မစ်ဆူဘီရှီကော်ပိုရေးရှင်းက ၃၀ ရာခိုင်နှုန်းရှယ်ယာထည့်ဝင် မည်ဖြစ်ကြောင်း ပြောကြားလိုက် ခြင်းဖြစ်သည်။
‘‘ဂျပန်ဘက်က မြန်မာကုမ္ပ ဏီအဖြစ် ဆက်ရှိစေဖို့ ၃၀ ရာ ခိုင်နှုန်းပဲပေါင်းတာပါ။ ၃၀ ရာခိုင် နှုန်းဆိုတာလည်း နည်းတဲ့ ပမာဏမဟုတ်ပါဘူး’’ဟု ဒိုင်းမွန်းစတား စီးပွားရေးလုပ်ငန်းစုမှ ဘဏ္ဍာရေး အရာရှိချုပ် မစ္စတာ Lim Chong Chong ကပြောသည်။
မြန်မာအမှတ်တံဆိပ်ထုတ် ကုန်များဖြစ်သော ပရီမီယာကော် ဖီ၊ Ideal Tastes ကော်ဖီအမှတ် တံဆိပ်နှင့် အခြားထုတ်ကုန်များ ကို အာဆီယံနိုင်ငံများနှင့် အမေ ရိကန်နိုင်ငံတွင် ဈေးကွက်ထိုး ဖောက်ရန် စားသောက်ကုန်ကုမ္ပ ဏီက ရည်ရွယ်ထားကြောင်း ၎င်း ကပြောသည်။
အထက်ပါစားသောက်ကုန် ကုမ္ပဏီသည် ပထမအဆင့်အနေ ဖြင့် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးရေးနည်းပညာ များဈေးကွက်၊ ကုန်သွယ်ရေး၊ ပိုးသတ်ဆေးနှင့် အသေးစားငွေ ကြေးလုပ်ငန်းများ ကူညီပံ့ပိုးမည် ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် ဂျုံ၊  ကော်ဖီ၊ နို့မှုန့်နှင့် ဆန်စက်လုပ် ငန်းများ ဖွံ့ဖြိုးရေးအတွက် ရင်း နှီးမြှုပ်နှံမည်ဖြစ်ပြီး အခြားစား သောက်ကုန်လုပ်ငန်းများကို လည်း အဆင့်မြှင့်တင်ရန် ပူး ပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ များကပြောသည်။
‘‘မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး ထွက်ကုန်တွေ အကုန်ထွက် တယ်။ အစားအသောက်လုပ် ငန်းအတွက် ကုန်ကြမ်းတွေအ များကြီးရှိတယ်။ ဒါပေမဲ့ဈေး ကွက်ထဲ ကြည့်လိုက်ရင် တခြား နိုင်ငံက ထုတ်တဲ့ စားစရာတွေပဲ အများဆုံးဖြစ်နေတယ်’’ဟု မစ် ဆူဘီရှီကော်ပိုရေးရှင်းမှ အဖွဲ့ ခေါင်းဆောင် မစ္စတာ Gen Murakami ကပြောသည်။
ဒိုင်းမွန်းစတား စီးပွားရေး လုပ်ငန်းစုသည် ပရီမီယာကော် ဖီ၊ ဒိုင်းမွန်းစတားဂျုံမှုန့်၊ အာမို ဓာတ်မြေသြဇာ၊ Capital Hyper-market အစရှိသည့် လုပ်ငန်းများ လုပ်ကိုင်နေပြီး ရန်ကုန်မြို့တွင် ခုံးကျော်တံတားများ တည် ဆောက်နေသကဲ့သို့ အမေရိကန် နိုင်ငံထုတ် ဖို့ဒ်နှင့် လင့်ရိုဗာကားပြခန်းများလည်း ဖွင့်လှစ်ထားသည်။

ထွန်းထွန်းမင်း
7DD

Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ