မြန်မာရေလုပ်သားများအား အင်ဒိုနီးရှားကျွန်းပေါ်သို့ လူကုန်ကူးခဲ့သူများကို အရေးယူပေးရန် ထိုင်းရဲသံအရာရှိထံ မြန်မာတောင်းဆိုထား


AP
အင်ဒိုနီးရှားရောက် ကျွန်လုပ်သားများ ပြန်ခေါ်နိုင်ရန် နိုင်ငံသားစိစစ်မှုများ စတင်ပြုလုပ်
အင်ဒိုနီးရှားနိုင်ငံ ဘန် ဂျီးနားရွာရောက် ကျွန်လုပ်သား များကို ကယ်တင်ရန် အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် အင်ဒိုနီးရှားအခြေ စိုက် IOM အဖွဲ့တို့သည် မြန်မာ လုပ်သားများရှိရာသို့သွားရောက် ခေါ်ဆောင်ရန် စိစစ်နေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားသည်။
‘‘မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း သုံးနိုင်ငံ အစည်းအဝေးတွေ ပြု လုပ်ပြီး အင်ဒိုနီးရှားနိုင်ငံ ကျွန်း တွေပေါ်ရောက် မြန်မာ ရေလုပ် သားအရေးက ဆောင်ရွက်ဖို့ ပူး ပေါင်းပြီး ဆောင်ရွက်သွားနေပါ တယ်။ အန်ဘွန်ကျွန်း၊ မီဒန်းကျွန်း မြို့တွေဆီကို IOM နဲ့ ပူးပေါင်း ပြီး အတူသွားရောက် စိစစ်မေး မြန်းမှုပြုလုပ်နေပါတယ်။ မြန်မာ နိုင်ငံသားဖြစ်ကြောင်း မှန်ကန်လို့ ရှိရင် မြန်မာပြည် ပြန်ဖို့အတွက် သံရုံးကနေ CI ထုတ်ပေးနေပါ တယ်။ IOM က အပြန်စရိတ် ထောက်ပံ့ပေးမှာပါ’’ ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောသည်။
အေပီသတင်းတွင်ပါရှိသည့် မြန်မာရေလုပ်သားများသာမက ယခင်ကတည်းကပင် အင်ဒိုနီးရှား ကျွန်းပေါ်သို့ ရောက်နေကြသောထိုင်းငါးဖမ်းလှေများပေါ်မှ ထွက် ပြေးလာကြသည့် မြန်မာရေလုပ် သားများအား ကယ်ဆယ်ပြီး မြန် မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင် ရန် လုပ်ငန်းများလုပ်ကိုင်လျက်ရှိ ကြောင်း ရဲမှူးကြီး ၀င်းနိုင်ထွန်းက ဆိုသည်။
ထိုကျွန်းရှိ မြန်မာလုပ်သား များကို ထိုင်းနိုင်ငံမှတစ်ဆင့် အင် ဒိုနီးရှားနိုင်ငံသို့ခေါ်ယူလာခြင်းဖြစ်ပြီး အဓမ္မဖိအားပေး၍ တစ်နေ့လျှင်အလုပ်ချိန်နာရီ ၂၀ မှ ၂၂ နာရီ အထိ အလုပ်လုပ်ရပြီး မသန့်ရှင်း သော သောက်သုံးရေများသောက် သုံးနေရကာ နှိပ်စက်ညှဉ်းပန်းခံနေကြရကြောင်း AP သတင်းဌာနက ဖော်ထုတ်ရေးထားသည်။
မြန်မာအမျိုးသားများသည် ငါးဖမ်းအလုပ်သမားအဖြစ် လုပ် ကိုင်ရန် အင်ဒိုနီးရှားကျွန်းသို့ ပို့ဆောင်ခံရပြီး အဆိပ်ရှိ လိပ် ကျောက်မြီးနှင့် အရိုက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ လှောင်အိမ်ထဲတွင် လှောင်ထားခံရခြင်း စ သည့် ညှဉ်းပန်းမှုများခံနေရသည် ကို AP သတင်းဌာနက စုံစမ်းတွေ့ ရှိခဲ့သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ သည် ၂၀၁၃ အတွင်း မြန်မာရေလုပ်သား ၁၂၉ ဦး၊ ၂၀၁၄ အတွင်း မြန်မာရေလုပ်သား ၁၂၂ ဦး ၂၀၁၅ မတ်လအထိ မြန်မာရေလုပ်သား ၄၆ ဦး ကယ်တင်နိုင်ခဲ့သည်။

မြန်မာရေလုပ်သားများ အား အင်ဒိုနီးရှားနိုင်ငံ ကျွန်းပေါ် သို့ လူကုန်ကူးခဲ့သည့် ထိုင်းလုပ် ငန်းရှင်များနှင့် လှေပိုင်ရှင်များကို အရေးယူပေးရန် မြန်မာနိုင်ငံဆိုင် ရာ ထိုင်းသံရုံးက ထိုင်းရဲသံအရာ ရှိ ထံတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့ ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောသည်။
‘‘ထိုင်းလှေပေါ်ကနေ လူ ကုန်ကူးခံရတဲ့ မြန်မာရေလုပ် သားတွေကို လူကုန်ကူးမှု ကျူး လွန်တဲ့ ထိုင်းလုပ်ငန်းရှင်တွေ၊ လှေပိုင်ရှင်တွေကို ဘယ်လိုအရေးယူထားလဲ၊ အေပီသတင်းထုတ် ပြန်မှုအပေါ် ထိုင်းဘက်က ဘယ် လိုတုံ့ပြန် ဆောင်ရွက်ထားလဲ ဆိုတာကို ရန်ကုန်မှာရှိတဲ့ ထိုင်း သံရုံးက ထိုင်းရဲသံအရာရှိကို မတ်လ ၂၇ ရက်က မေးမြန်းခဲ့ပါ တယ်။ ထိုင်းရဲသံအရာရှိက ထိုင်းအစိုးရဘက်သို့ မေးမြန်းပြီး အမြန်ဆုံး ပြန်အကြောင်းကြားမယ် လို့ ပြောပါတယ်’’ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ကျွန်းပေါ် သို့ လူကုန်ကူးခံရသည့် မြန်မာရေ လုပ်သားများကို ကယ်တင်ရန် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူများနှင့် အင် ဒိုနီးရှားအခြေစိုက် IOM အဖွဲ့တို့ သည် မြန်မာရေလုပ်သားများရှိ ရာ ကျွန်းပေါ်သို့ သွားရောက်၍ စိစစ်ခေါ်ဆောင်မှုများ ပြုလုပ် လျက်ရှိသည်ဟု ဆိုသည်။
ယင်းကျွန်းရှိ မြန်မာလုပ်သား များကို ထိုင်းနိုင်ငံမှတစ်ဆင့် အင် ဒိုနီးရှားနိုင်ငံသို့ ခေါ်ယူလာခြင်း ဖြစ်ပြီး အဓမ္မဖိအားပေး၍ တစ်နေ့လျှင် အလုပ်ချိန်နာရီ ၂၀ မှ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး မသန့် ရှင်းသော သောက်သုံးရေများ သောက်သုံးနေရကာ နှိပ်စက် ညှဉ်းပန်းခံနေကြရသည်ဟု အေ ပီသတင်းဌာနက ဖော်ထုတ်ရေး သားထားသည်။
မြန်မာအမျိုးသားများသည် ငါးဖမ်းအလုပ်သမားအဖြစ် လုပ် ကိုင်ရန် အင်ဒိုနီးရှားကျွန်းသို့ ပို့ဆောင်ခံရပြီး အဆိပ်ရှိ လိပ် ကျောက်မြီးနှင့် အရိုက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ လှောင် အိမ်ထဲတွင် လှောင်ထားခံရခြင်း စသည့် ညှဉ်းပန်းမှုများ ခံနေရ ခြင်းကို အေပီသတင်းဌာနက ဖော်ပြခဲ့သည်။
ငြိမ်းချမ်း
7DD
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း