မသန်စွမ်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ဆု လျှောက်ထားနိုင်

hnm | 月曜日, 4月 06, 2015 |



ယခုနှစ်ပညာသင်နှစ်အတွက်မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ  တက္ကသိုလ်ပညာသင်ဆု လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ သတင်းရရှိသည်။
 ပညာတော်သင်ဆုကို စာသင်နှစ်တစ်နှစ်လျှင်  ကျောင်းသား ၂၀ မှ ၂၅ ဦးအထိ  ပေးအပ်ချီးမြှင့်ရန် စီစဉ်ထားပြီး  အဆိုပါ ကျောင်းသားများအား နိပွန်ဖောင်ဒေးရှင်းမှ ပညာသင်စရိတ်နှင့် အခြားနေထိုင် ကုန်ကျစရိတ်များကိုပါ ထောက်ပံ့ပေးမည် ဖြစ်သည်။

‘‘နှစ်စဉ် ၂၅ ဦးလောက် ပေးမယ်လို့ သတ်မှတ်ထားပေမယ့် အင်တာဗျူးဝင်လို့ အရမ်းတော်ပြီး ကျောင်းနေဖို့ အခက်အခဲဖြစ်တဲ့ ကလေးတွေ များနေမယ်ဆိုရင် တော့ သတ်မှတ်နှုန်းထက် ပိုခေါ်သွားဖို့ ရှိပါတယ်။ အခု လျှောက်လွှာ စပြီးလက်ခံနေပြီ။ လျှောက်လွှာပိတ် မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူး’’ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့Operation Manager မယုယ သူက ပြောသည်။

အဆိုပါ ပညာတော်သင်ဆု ကို ၂၀၁၄ မှစ၍ တက္ကသိုလ်ပညာ တက်ရောက်သင်ကြားနိုင် ရန် မသန်စွမ်း  ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးအား  စတင်ပေးအပ်ခဲ့ပြီး  ယခုနှစ်အတွက် မသန်စွမ်းကျောင်းသား ၂၅  ဦးအား  ပေးအပ်ရန်  စီစဉ်ထား ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူ များ ရှေ့ဆောင်အဖွဲ့မှ သိရသည်။ 
‘‘မနှစ်က ပေးတဲ့အထဲမှာ Day တက်နေတဲ့သူ ရှိတယ်။ အဝေးသင် တက်နေတဲ့သူရှိတယ်။ IR လာတက်နေတဲ့ သူတွေ ရှိတယ်။ သူတို့တွေ အောင်မြင်တယ်ဆိုရင် မနှစ်က ပညာသင်ဆုရတဲ့ ကျောင်းသားတွေကို ဆက်ပေးသွားဦးမှာ ပါ’’ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ Operation Director ကိုအောင်ကိုမြင့်က ပြောသည်။

 ပညာတော်သင်ဆု ချီးမြှင့်မည့် အစီအစဉ်ကို နိပွန်ဖောင်ဒေး ရှင်းနှင့် The Eden Foundationတို့ မတည်၍ မြန်မာရှေ့ဆောင် ဘဏ်၊ မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်နှင့် မြန်မာမသန်စွမ်း ရှေ့ဆောင်အဖွဲ့တို့က အကောင်အ ထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

မြန်မာနိုင်ငံရှိ လူဦးရေသန်း၆၀ တွင် မသန်စွမ်းဦးရေ ရာခိုင်နှုန်းမှာ ၁ သန်း ၃ သိန်းခန့်ရှိပြီးကျောင်းနေအရွယ် မသန်စွမ်းကလေးငယ် ဦးရေ ၁၀၀ တွင် ၅၃ ဦးက ကျောင်းနေခွင့် မရရှိကြောင်း ၂၀၀၈ ၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့်The Leprosy Mission တို့ပူးပေါင်းပြုလုပ်ခဲ့သည့် စစ်တမ်းတွင်ဖော်ပြထားသည်။


ဇော်မျိုးလှိုင် ယမင်း
7DD

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ