မြန်မာ့အားကစား ( ပြည်တွင်းရိုး ရာလက်ဝှေ့ငါးချီစိန်ခေါ်ပွဲ ရှစ်ပွဲ ပါဝင်မည့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမည့် ဧပြီ ၁၁ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)(သုဝဏ္ဏ)၌ ကျင်းပမည်)


ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့ ပထမအကြိမ်ယှဉ်ပြိုင်စဉ်/ဓာတ်ပုံ-မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး
မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးကျင်းပမည့် မြန်မာ-အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန်လက်ဝှေ့ချန်ပီယံ ဆိုင်းရပ်စ်တို့ ဒုတိယမကျေပွဲပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် ထိုးကြေးကျပ်သိန်းငါးဆယ်စီရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ် တို့ ပွဲစဉ်အပါအ၀င် ပြည်တွင်းရိုး ရာလက်ဝှေ့ငါးချီစိန်ခေါ်ပွဲ ရှစ်ပွဲ ပါဝင်မည့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမည့် ဧပြီ ၁၁ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)(သုဝဏ္ဏ)၌ ကျင်းပမည်ဖြစ် သည်။
ထွန်းထွန်းမင်းမှာ ပြီးခဲ့သည့် ၂၀၁၄ ဒီဇင်ဘာက ယှဉ်ပြိုင်ခဲ့ သည့် ပွဲတွင် ဆိုင်းရပ်စ်ကို ရှုံးနိမ့်ခဲ့ပြီး မကျေပွဲပြန်လည်ယှဉ် ပြိုင်ရန် စိန်ခေါ်ခဲ့သောကြောင့် ပွဲ စီစဉ်သူ ဦးဝဏ္ဏက ပြန်လည်ထိုး သတ်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ် သည်။
‘‘သူတို့ နှစ်ယောက်ရဲ့ ထိုး ကြေးကတော့ အတူတူပဲရတာပါ။ ဆိုင်းရပ်စ်က သူ့ရဲ့ နည်းပြတစ် ယောက်နဲ့ အကူတစ်ယောက်အ တွက်ပါ ပွဲစီစဉ်သူ စိုက်ပေးရတာ ဆိုတော့ သိန်းတစ်ရာလောက် ဖြစ်သွားတယ်။ ပွဲပြီးသွားလို့ အ နာတရဖြစ်ရင်လည်း ပွဲစီစဉ်သူက ကုပေးရတယ်’’ဟု ပွဲစီစဉ်သူ ဦး ၀ဏ္ဏကပြောသည်။
‘‘ကျွန်တော်က ပြန်ပြီး ထိုးဖို့ စိန်ခေါ်တဲ့အတွက် ထိုးကြေး သိန်း ငါးဆယ်ရတယ်။ ဆိုင်းရပ်စ်ရဲ့ အားနည်းချက်၊ အားသာချက်တွေ ကို အင်တာနက်က တစ်ဆင့် လေ့ လာပြီးပြီ။ အကောင်းဆုံးယှဉ်ပြိုင် သွားမယ်’’ဟု ထွန်းထွန်းမင်းက မတ်လ ၃၀ ရက်တွင် ပြောသည်။
ထွန်းထွန်းမင်းသည် မတ်လ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် One On One မြန်မာ-ထိုင်းရိုးရာလက် ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းမွေလက် ဝှေ့ချန်ပီယံ ဖတ်မန်ခွန်းကို လေး ချီမြောက်၌ အလဲထိုးဖြင့် အနိုင် ရရှိခဲ့သည်။
ဆိုင်းရပ်စ်၏ အားသာချက် မှာ ပတ်တံတောင်နှင့် ခြေကန်ချက်တို့ဖြစ်ပြီး ၎င်း၏ အားသာချက်များကို ခုခံရန် ပြင်ဆင်ထားကြောင်း ဆိုင်းရပ်စ်၏ ထိုးသတ်ပုံများကိုလေ့လာထားကာ အနိုင်ရရှိရန်ကြိုးစားမည်ဟု ထွန်းထွန်းမင်းကပြောသည်။
ချစ်ဝိုင်း
7DD
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း