မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းနီပါး မြှုပ်နှံ၍ စားသုံးဆီစက်ရုံကို မလေးရှားကုမ္ပဏီတစ်ခု တည်ဆောက်ရန်စီစဉ်၊ စားသုံးဆီထုတ်လုပ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အပါအ၀င် နိုင်ငံတကာသို့ပါ ပြန်လည်တင်ပို့မည်

မလေးရှားနိုင်ငံ Felda Holdings Bhds မှ ပိုင်ဆိုင်သည့် စက်ရုံတစ်ရုံအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး တန်ဖိုးရှိသည့် စားသုံးဆီထုတ်လုပ်သည့် စက်ရုံကို မလေးရှားကုမ္ပဏီတစ်ခုမှ လာရောက်တည်ဆောက် မြှုပ်နှံရန်စီစဉ်နေကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာတစ်စောင်တွင် ဖော်ပြထား သည်။
မလေးရှားနိုင်ငံမှ စားသုံးဆီ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ် သော Delima Oil Products Sdn Bhd(DOP) မှ မြန်မာနိုင်ငံတွင် စား သုံးဆီထုတ်လုပ်ကာ ဖြန့်ဖြူးရောင်း ချရန်စီစဉ်နေခြင်းဖြစ်ပြီး ကုန်ပစ္စည်း ထုတ်လုပ်ပြီးနောက် ပြည်တွင်းဈေး ကွက်ကိုသာမက လာအို၊ ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင်အပါအ၀င် ဒေသ တွင်းနိုင်ငံများသို့ ပြန်လည်တင်ပို့ သွားသည်အထိ ရည်ရွယ်ထား ကြောင်းသိရသည်။
DOP ၏ CEO ဖြစ်သူ Zakaria Arshad က “သုံးလအတွင်း မြန်မာနိုင်ငံမှ စက်ရုံတည်ထောင်ဖို့ အတွက် ပူးပေါင်းလုပ်ကိုင်မယ့် မြန် မာကုမ္ပဏီတွေကို ရှာနေပါတယ်။ အထူးသဖြင့် ရေရှည်လုပ်ငန်း လုပ်ကိုင်မှုအတွက် မြန်မာအစိုးရနဲ့ဆက်နွယ်တဲ့ ကုမ္ပဏီအချို့ကို ရှာဖွေချိတ်ဆက်နေတယ်။ စားသုံးဆီထုတ်မယ့် စက်ရုံအတွက်ကတော့ ရူပီးသန်း ၃၀ (အမေရိကန်ဒေါ်လာ ၁၀ သန်းနီး ပါး)ရင်းနှီးမြှုပ်နှံမှာပါ။ လောလော ဆယ်မှာ ကျွန်တော်တို့ အာဆီယံနိုင် ငံတွေရဲ့ စားသုံးဆီဈေးကွက်မှာ ၂၅ ရာခိုင်နှုန်းရရှိထားတယ်။ ဒါပေမယ့် နှစ်အနည်းအတွင်းမှာ ၅၀ ရာခိုင်နှုန်း အထိရဖို့အတွက် ရည်ရွယ်ထားတယ်”ဟု ပြောကြားခဲ့သည်။
DOP ကုမ္ပဏီမှာ မြန်မာနိုင်ငံရှိ Grand Wynn Enterprises ဖြင့် ကုန်ပစ္စည်းများဖြန့်ဖြူးမှုအတွက် ယခင်နှစ် နိုဝင်ဘာလကတည်းက သဘောတူလက်မှတ်ရေးထိုး လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင်လည်း ထိုသို့ DOP ၏ ထုတ်ကုန်များကို ဖြန့်ဖြူး ရန်အတွက် လက်ရှိပူးပေါင်းလုပ် ကိုင်နေသည့် Grand Wynn Enterprises ဖြင့် ထပ်မံ၍ သဘောတူစာချုပ်သစ် ချုပ်ဆိုသွားရန်အတွက် လည်းစီစဉ်ထားကြောင်းနှင့် Grand Wynn Enterprises ၏ Chairman ဖြစ်သူ Nicko Hla Win ဖြင့် စာချုပ် သစ်ချုပ်ဆိုနိုင်မည်ဟု DOP မှမျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။
DOP မှာ မလေးရှားနိုင်ငံရှိ Felda Holdings Bhds လုပ်ငန်းခွဲ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ Felda Holdings မှ CEO ဖြစ်သူကလည်း ရန်ကုန်၏ စားသုံးဆီဖြန့်ချိရေး ဈေးကွက်ကို ၁၀၀ ရာခိုင်နှုန်း ရရှိသည် အထိလုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။
Category:



