မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများတွင် လာရောက်ဖူးမြော်သူများနှင့် ငါးလွှတ် ကုသိုလ်ယူကြသူများဖြင့် အထူးစည်ကား

White Star | 水曜日, 4月 17, 2013 |

day1afterthingyin2-april17
ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရှိ သွေးဆေးကန်တွင် ငါးလွှတ် ကုသိုလ်ယူနေကြသူများအား တွေ့ရစဉ်
မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေတိဂုံ၊ ဆူးလေ၊ မဟာဝိဇယ စသည့် ဘုရားများ၌ လာရောက်ဖူးမြော်ကြသူများနှင့် ငါးလွှတ်၍ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း တွေ့ရှိရသည်။
day1afterthingyin-april17
ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရှိ သွေးဆေးကန်တွင် ငါးလွှတ် ကုသိုလ်ယူနေကြသူများအား တွေ့ရစဉ်
၎င်းအပြင် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်တွင်ရှိသည့် သွေးဆေးကန်တွင်လည်း ဗုဒ္ဓ၀င်များ၏ အလှူတစ်ခုဖြစ်သော ငါးလွှတ်ခြင်းများ၊ ငှက်လွှတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"ကျွန်မက သုံးခွမှာ နေတာပါ။ ကလေးတွေကို ဘုရား လာပို့ပေးတာ။ ဘုရားမှာ လာတဲ့လူတွေ အရမ်းများတယ်။ ဘုရားရင်ပြင်ပေါ်မှာဆို ပိုများတယ်။ စည်တော့ စည်တယ်။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်" ဟု ဘုရားဖူး လာရောက်သူတစ်ဦးက ပြောသည်။
day1afterthingyin3-april17
ဇီဝိတဒါန ငါးအရောင်းမဏ္ဍပ်ရှေ့တွင် ငါးဝယ်နေသူများကို တွေ့ရစဉ်
ထို့အပြင် မြန်မာ နှစ်ဆန်းတစ်ရက်နေ့၌ ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းအချို့မှာလည်း အခမဲ့ ပြေးဆွဲ၍ ကုသိုလ်ပြုကြကြောင်းလည်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ