အီးဗီဇာစနစ် စတင်

hnm | 木曜日, 8月 14, 2014 |




မြန်မာနိုင်ငံကို အလည်အပတ်လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် အွန်လိုင်းကနေ လျှောက်ထားနိုင်တဲ့ အီလက်ထရွန်းနစ်ဗီဇာ (အီးဗီဇာ) စနစ် စတင် ကျင့်သုံးနေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ တရားဝင်စတင်မှာ ဖြစ်ပေမယ့် သြဂုတ် ၁၀ ရက်နေ့ကတည်းက စမ်းသပ်နေပြီလို့ ပြောပါတယ်။

ဗီဇာလျှောက်ထားလိုသူ နိုင်ငံခြားသားတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ http://www.myanmarevisa.gov.mm၀က်ဆိုက်ကနေ ဗီဇာလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာ ၂၈ ရက် တိုးရစ်ဗီဇာအတွက်ပဲ လျှောက်ထားနိုင်ပြီး တခြားဗီဇာအမျိုးအစားတွေကတော့ လက်မခံသေးပါဘူး။

ဗီဇာလျှောက်လွှာကို အွန်လိုင်းကနေ ဖြည့်စွက်ရမှာ ဖြစ်သလို ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀ ကိုလည်း နိုင်ငံတကာအသိအမှတ်ပြု ဘဏ်ကတ်တွေ ဖြစ်တဲ့ ဗီဇာနဲ့ မာစတာ ကတ်တွေကိုအသုံးပြုပြီး အွန်လိုင်းစနစ်နဲ့ ပေးသွင်းရမှာ ဖြစ်ပါတယ်။

ခုလို အွန်လိုင်းဗီဇာစနစ် အသုံးပြုတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာသံရုံးတွေကို သွားပြီး ဗီဇာ လျှောက်စရာ မလိုတော့ဘဲ အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ဗီဇာ လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန်ကတော့ ဗီဇာလျှောက်လွှာ စတင်လက်ခံရတဲ့အချိန်ကနေ ၅ ရက် လောက် ကြာမယ်လို့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

DVB

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ