ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်သည့် လုပ်ငန်းသစ် ၁၃ ခုအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ လုပ်ကိုင်ရန် MIC မှခွင့်ပြု ချက်ချပေး

ရေဖြူမြို့နယ်ရှိ PTTEPI နှင့် MOGE တို့ လုပ်ကိုင်လျက်ရှိသည့် ဇောတိကစီမံကိန်း (ဓာတ်ပုံ-ဖြိုးဝေ)
ထုတ်လုပ်မှုအပေါ် ခွဲဝေခြင်းဆိုင်ရာ PSC စာချုပ်အရရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်သည့်လုပ်ငန်း ၁၃ ခုအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား သက်ဆိုင်ရာလုပ်ကိုင်ခွင့်ရ ကုမ္ပဏီများလုပ်ကိုင်နိုင် ရန် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ပြုလုပ် သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ်အခြေ ခံ၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူး ဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများကို မွန်ပြည် နယ်(မော်လမြိုင်ဒေသ)၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်ဒေသ၊ မြင် သာဒေသ)၊ ပဲခူးတိုင်းဒေသကြီး (ထန်းတစ်ပင်ဒေသ၊ တောင်ငူ-ပျဉ်းမနားဒေသ၊ မရ မန်ဒေသ၊ သဲကုန်း-ရွှေတူဒေသ)၊ စစ်ကိုင်း တိုင်းဒေသကြီး(ဇီးဖြူတောင်-နန်တောဒေ သ၊ အင်းတော်-ရနန်းဒေသ)နှင့် မကွေး တိုင်းဒေသကြီး(ကျောက်ကြီး-မင်းတုန်း ဒေသ) တို့တွင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများအား Production Sharing Contract (PSC) စာချုပ်အရ လုပ်ကိုင်မည်ဖြစ်ပြီး ဝင်ရောက်လုပ်ကိုင်မည့် ပြည်ပနိုင်ငံများစာရင်းတွင် စင်ကာပူ၊ လစ်ဗျား၊ အိန္ဒိယ၊ ဘရူနိုင်း၊ British Virgin Islands၊ ကနေဒါ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။
လုပ်ကိုင်မည့်ကုမ္ပဏီများမှာ Petronas Carigali Myanmar Inc.(Liberia)၊ UNOG Pte (Singpore)၊ Precious Stone Mining Co.,Ltd(Myanmar)၊ Parami Energy Development Co.,Ltd (Myanmar)၊ Petroleum Exploration (Myanmar Block O) Pte.Ltd(Singapore)၊ Petroleum Exploration (Myanmar Block J) Pte.Ltd (Singapore)၊ Bashneft International B.V., (Netherlands) Sun Apex Holding Ltd (British Virgin Islands)၊ ONGC Videsh Limited (India) Machinery and Solutions Co., Ltd. (Myanmar)၊ Brunei National Petroleum Co., Sdn. Bhd., (Brunei)၊ IGE Pte., Ltd. (Singapore) ၊ Pacific Hunt Energy Corp., (Canada) ၊Young Investment Group Co., Ltd. (Myanmar)၊CAOG S.a r.l., (Lux-embourg) ၊ Apex Geo Services Co., Ltd. (Myanmar)ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင်ရန် ခွင့်ပြုချက်ရယူထားသည့် ပမာဏမှာ ၂ဝ၁၄ ခုနှစ် ဇွန်လကုန်အထိ ဒေါ်လာ ၁၄ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ စာရင်းများအရ သိရသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပြည်ပနိုင်ငံများက ဝင်ရောက်မြှုပ်နှံမှု မရှိခဲ့ဘဲ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်၍ လုပ်ကိုင်ခွင့်များ ချထားပေးခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ ရောင်းချမှုတစ်မျိုးတည်းမှ ဒေါ်လာ ၁ဝ ဘီလျံ ကျော်အထိ ရရှိထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ချမ်းမြေ့သူ
EMG



